ခေါင်ခေါင်

စိတ်ကူးတွေထဲ..

Published by ခေါင်ခေါင် under on Wednesday, December 31, 2008
ဆရာအယ်ဂျယ်နဲ့မယ်ညီ ပေါင်းပြီး Tag တဲ့စိတ်ကူးတွေ အကြောင်းတဲ့..

စိတ်ကူးတွေယဉ်ကြည့်လိုက်ရရင်.......


ကျွန်မတို့ရဲ့အိမ်လေးက တောင်ကုန်းလေးတစ်ခုပေါ်မှာရှိတယ်။ တစ်ထပ်တိုက် အစိမ်းနုရောင်လေး.. အိမ်ရှေ့မှာ မြေနီလမ်းလေးတစ်ခုရှိတယ်.။ အိမ်ပေါ်ကနေကြည့်လိုက်ရင် မျက်စိတစ်ဆုံး ပန်းသီးပင်တန်းတွေ စတော်ဗယ်ရီခင်းတွေ အ၀ါရောင်နေကြာခင်းတစ်ခု ကော်ဖီခင်းတွေ နဲ့.ဟိုးခပ်ဝေးဝေးမှာ ထင်းရူးတောလည်းရှိတယ်။ မနက်ကျွန်မအိပ်ယာထထချင်း အခန်းထဲက ပြတင်းပေါက်ကို ဖွင့်လိုက်ရင် ခေါင်းရင်းဘက်မှာ ကျွန်မအတွက်သူစိုက်ပေးထားတဲ့ အဖြူရောင်နှင်းဆီပန်းခင်းတစ်ခင်းလည်းရှိတယ်။ အဲဒိနှင်းဆီရနံ့တွေကိုနမ်းရှိုက်ပြီး ကျွန်မနိုးလာမယ်။ အခန်းထဲကိုသူယူလာပေးတဲ့ မနက်စာကို အတူတူစားကြမယ်။ အရမ်းလှပသိမ်မွေ့တဲ့..မနက်ခင်းလေး...

ခဏနေလို့..သူအလုပ်ရှိရာထွက်သွားတဲ့ပြီး ကျွန်မတစ်ယောက်တည်းကျန်ခဲ့တဲ့အခါ နှင်းဆီဖြူခင်းထဲက ပန်းတွေခူး ဘုရားမှာလှု ဧည့်ခန်းမှာ ပန်းအိုးလှလှလေးထိုး.. ကမ္ဘာအပေါ်မှာ အရသာအရှိဆုံး ဟင်းတွေကို မီးဖိုတစ်ခုလုံးဗြောင်းဆန်အောင်ချက်. တစ်အိမ်လုံးကိုလည်း ကျွန်မစိတ်တိုင်းကျ သန့်ရှင်းတောက်ပြောင်နေအောင် အလှဆင်ရင်း သူပြန်လာမှာကိုစောင့်နေမယ်...။

သူပြန်လာတဲ့အခါ နေ့လည်စာအတူတူစားကြရင်း အလုပ်အကြောင်းတွေပြောကြမယ်.စားသောက်ပြီးခနတစ်ဖြုတ်နားပြီးရင်တော့ ကျွန်မတို့၂ ယောက်တည်းပိုင်တဲ့ စတူဒီယိုထဲ ၀င်ချင်ဝင်ကြမယ်.. သူကဂစ်တာတီး. ကျွန်မက ဒရမ်တီး..သူရေးထားတဲ့သီချင်းတွေ အတူတူဆိုကြမယ်။ မိန်းမဖြစ်ပြီး မော်ဒန်ရော့မှ ကြိုက်တဲ့ကျွန်မနဲ့ ယောက်ျားဖြစ်ပြီး ပေါ့သီချင်းအေးအေးလေးတွေသာကြိုက်တဲ့သူနဲ့ ရန်ဖြစ်ချင်ဖြစ်နေဦးမယ်။

ညနေစောင်းတွေမှာကျွန်မတို့နှစ်ယောက် ထင်းရူးတောဘက် လမ်းလျှောက်ထွက်ချင်ထွက်.. ပန်းသီးခင်းတွေထဲလျှောက်သွားချင်သွား အိမ်ရှေ့က ကော်ဖီပင်တွေနားမှာ ဘောလုံးဆင်းကန်ချင်ကန်.. ရာသီဥတုကောင်းတဲ့အခါ စက်ဘီးတစ်ယောက်တစ်စီးနဲ့ Moutain Bike သွားလုပ်ချင်လုပ်ကြဦးမယ်။

တစ်ခါတစ်ရံ ရိုမန်တစ်ညနေစာကို ဖယောင်းတိုင်လေးတွေထွန်းပြီး အတူတူခံစားကြ.. အရမ်းအေးတဲ့ညတွေမှာ မီးလင်းဖိုနားထိုင်ပြီး ကိုယ့်ခြံကထွက်တဲ့ ပန်းသီးဝိုင်လေးသောက်ရင်း အရင်တုန်းကအကြောင်းတွေပြန်ပြောကြ.... နဲ့ဘ၀ကချိုမြစွာ....

ကျွန်မတို့နှစ်ယောက်သာရှိသော ဒီကမ္ဘာလေးမှာ တစ်ယောက်ကိုတစ်ယောက်ထာဝရပိုင်ဆိုင်ထားလျက် ပျော်ရွှင်ငြိမ်းချမ်းသော ဘ၀လေးမှာ.ဘယ်တော့မှမခွဲဘဲ. တစ်သက်လုံး.....

( ကျေနပ်ပြီလား အယ်ဂျယ်နဲ့ မယ်ညီ ... :P )



28 comments:

မောင်ပိစိ said... @ December 31, 2008 2:31 PM

မော်ဒန်မ၊ ရော့ခ်မ
နှင်းဆီခင်းမ.. ဘောကန်မ ပန်းသီးမ Moutain Bike မ

:D ညနေပိုင်း လမ်းလျှောက်ရင် သတိထားတနော် စတော်ဘယ်ရီအပင်အောက် မှာ အသီးတွေ ခေါင်းပေါ်ကြွေကျနေမယ်.. :P

ွှဥုံ.. ပြည့်စုံပါစေဗျား.. သယ်ချင်းလေး မောင်ခိ မိခေါင်ရဲ့ အားအားယားယား စိတ်ကူးယာဉ် :P

ဆောင်းယွန်းလ said... @ December 31, 2008 2:34 PM

ကောင်းလိုက်တဲ့စိတ်ကူးလေးပါလားတူမကြီးရေ.
ခြံထွက်ဝိုင်သောက်ချင်မိပါရဲ့ကွယ်..

ညီအကိုများ said... @ December 31, 2008 6:52 PM

စိတ်ကူးကောင်းလေးပါ ခေါင်ခေါင်ရေ...
နှစ်သစ်မှာ ပြုံးပျော်ရွှင်လန်းနိုင်ပါစေ.


မိုးကြယ်

မောင်မျိုး said... @ December 31, 2008 6:55 PM

သူဆိုတာ ဘူတုန်းးးးဟ နင်ကလည်းနော် စိတ်ကူးယဉ်တာ နည်းနည်းလိုနေသေးတယ် အချစ်က ဘယ်လို နုတာ ဘယ်လိုရွတာ အဲ့လိုလေ ဟီးးဟီး အာလူးကြော်လို ငရုတ်ဆီနဲ့လည်းတို့စားလို့ကောင်းကြောင်းးး)
စတာ စတာ စိတ်ကူးတွေ တကယ်ဖြစ်ပါစေ ဟင်းတွေ အများကြီးချက်ဖြစ်ရင်တော့ ငါ့ဆီလည်းပို့လိုက် ကြားလားး

ဖိုးဂျယ် said... @ December 31, 2008 7:57 PM

သူစိတ်ကူးလေးကလဲ ဂွတ်တယ်ဟ
ဒါပေမဲ့ ဘယ်နှယ့်ကြောင့် ဆရာအယ်ဂျယ်ဖြစ်ရတာလဲ
အယ်ဂျယ်ဆိုတော်ပီပေါ့ တီးခေါင်ရယ်
ဒါဆို ဟင်းတွေချက်ပီးရင် ပို့လိုက်ဦးနော်
ဝိုင်လေးလဲ မြည်းချင်တယ်

မောင်ရှင်းသန့် said... @ December 31, 2008 8:25 PM

ထင်းရှူးတောတွေ ၊ ကော်ဖီခင်းတွေ ၊ အဖြူရောင်နှင်းဆီတွေ နဲ့ ပတ်ဝန်းကျင်လေး က တကယ်ကို သာယာမှာပဲနော်

ဖတ်ကြည့်ယုံနဲ့ စိတ်ကြည်နူးစရာ ။

မီးလင်းဖိုနား ထိုင်ပြီး ပန်းသီးဝိုင်လေး သောက်ရတဲ့ ဘ၀ကို အမြန်ဆုံး ဖန်တီး နိုင်ပါစေခင်ဗျာ

Craton said... @ December 31, 2008 8:33 PM

နာလည်းဘာမဆိုင်ညာမဆိုင် ၀င်ကျေနပ်ဦးမှ။ ကျေနပ်ပါတယ်မခေါင်ခေါင်။းD နောက်တာ.. ကွိကွိ..
စိတ်ကူးလေးတွေက ဂွတ်မှဂွတ်။ သားသားလည်း စတော်ဘယ်ရီတီးဒွေ လာခိုး.. အဲ.. နည်းနည်းလာတောင်းမယ်နော်..း)

နန်းညီ said... @ January 1, 2009 12:39 AM

ကျေနပ်သလိုလို မကျေနပ်သလိုလို..
ဟီး .. စတာ
ဗလွတ် ဗလွတ် :P

အိုင်လွယ်ပန် said... @ January 1, 2009 4:27 AM

:P :P :P

သံလွင် HeRo said... @ January 1, 2009 8:08 AM

ချိုးဘူးဗျ...ဒီချိတ်ကူးလေးလဲ...ဒါဆိုအပတ်တိုင်းလာလည်ပြီး စတော်ဘယ်ရီသီးလာခူးစားမယ်
ထီးလှိုင်လို သူနဲ့နှစ်ယောက်ပေါင်းပြီး
ဖျော်ရည်ဆိုင်ဖွင့်စားလေ...ဟီးဟီး
business student မို့လို့အကွက်မြင်တာ ဟဲဟဲ

Phyo Evergreen said... @ January 1, 2009 9:58 AM

အစ်မရေ အိပ်မက်ကလေးကတော့ ကြည်နူးစရာ...။ ကျွန်တော်နဲ့ နည်းနည်းဆင်တယ်..။

တင့်ထူးရွှေ said... @ January 1, 2009 12:52 PM

တကယ့်ကိုယဉ်စရာကောင်းတဲ့ စိတ်ကူးလေးပါပဲ :)

mirror said... @ January 1, 2009 8:41 PM

အိမ်လာလည်မယ်လေ..။ခုလိုမျိုး ကွန်ပြူတာ Screen ပေါ်ကိုမဟုတ်တော့တဲ့ အိမ်ကို လာလည်မယ်လေ။နော်။အားတဲ့ရက်ကို လှမ်းချိန်းပြီးလာမယ်။ဟဲဟဲ ငါပါ ရောပြီး စိတ်ကူးတွေယဉ်နေတာ..။

အချစ်မဲ့ ဂစ်တာ said... @ January 2, 2009 4:20 AM

စိတ်ကူးလေးကောင်းလိုက်တာဗှ... တကယ်ရောက်နေသလိုပဲ...

Nyein Chan Aung said... @ January 2, 2009 9:19 AM

အရမ်းလှတဲ့ စိတ်ကူးထဲဝင်ကြည့်သွားတယ်။ ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ။

ဇင်ယော် said... @ January 2, 2009 10:39 AM

စိတ်ကူလေးက မိတယ်ဗျို.။ ဒါနဲ့ သူယူလာပေးတဲ့ မနက်စာကို အတူတူစားကြမယ်ဆိုတော့ ဒေါ်ကြီးခေါင်က မနက်စာ မချက်ဘူးဆိုပါတော့။ ဒီလိုဆိုတော့လည်း အဲဒီသူအတွက် ကျွတ်ကျွတ်ကျွတ်။ ဟီး စတော်ဘယ်ရီသီးတွေ လာခိုးမယ် ပြီးတော့ အလစ်မှာ ပန်းသီးဝိုင်လာမမယ်။ နောက်ပြီး လမ်းလျှောက် စက်ဘီးစီးနေကြတုန်း ကမ္ဘာအပေါ်မှာ အရသာအရှိဆုံး ဟင်းတွေကို ဗြောင်းဆန်အောင် မွှေနှောက်စားသောက်မယ် ပိုနေသေးရင် ပါဆယ်ထုပ်သွားဦးမယ် ဟေဟေ့ စိတ်ကူးနဲ့ တောင် တော်တော်ပျော်ဖို့ ကောင်းနေပြီ ဒေါ်ကြီးခေါင်ကို စရတာ။

Andy said... @ January 2, 2009 7:55 PM

အိမ်ကိုထားပြီးထွက်သွားကြတုန်း အကုန်လာ မ မယ်...

အလင်းစေတမန် said... @ January 2, 2009 9:40 PM

အောင်မာ ဘောလုံးက ကန်ချင်သေးတယ် ဟိ။

ဝှိုက်ဝှိုက် said... @ January 3, 2009 4:34 AM

စိတ်ကူးလေးက ကြည့်နူးစရာကောင်းတယ်နော် ပျော်ရွှင်ပါစေရှင်

မသက်ဇင် said... @ January 4, 2009 11:21 AM

ခေါင်ခေါင်ရေ---
နေမကောင်းလို့--
အခုမှ လာလည်တယ်---
နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ---

တောင်ပေါ်သား said... @ January 4, 2009 7:37 PM

မခေါင် စိတ်ကူးကတော့ ကောင်းပါဗျာ လာဗျာ စတော်ဘယ်ရီပင်အောက်မှာ ဘောလုံးသွားကန်မယ် ဟီးးးးးးးးးးးးးး စတာဗျို့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ စိတ်ကူးလေးဗျာ နှင်းဆီနံ့လေးတွေ သင်းနေမဲ့ အိမ်လေးပေါ့ဗျာ

ကောင်းကင်ပြာ said... @ January 5, 2009 4:36 AM

မမ လာလည်ပီး စိတ်ကူးလေးဖတ်သွားတယ်နော်

tharrhtoo said... @ January 5, 2009 4:40 AM

တစ်ခါတစ်ရံ ရိုမန်တစ်ညနေစာကို ဖယောင်းတိုင်လေးတွေထွန်းပြီး အတူတူခံစားကြ..
ဟား..ဟား..ဟား..
မီးမလာရင်မလာဘူးလို့မပြောဘူး ဟိ..ဟိ
ရိုမန်တစ်တဲ့ သမော်ဒီးကတော့နော်

ဆုငယ်. said... @ January 7, 2009 2:44 PM

စိတ်ကူးလေးက သာယာပြီး ဖတ်လို့ ကောင်းလိုက်တာ. မမခေါင်။

ကောင်းကင်ကို said... @ January 7, 2009 8:52 PM

ရိုမန်တစ်ညနေစာကို ဖယောင်းတိုင်လေးတွေထွန်းပြီး နေ့ တိုင်း ခံစားချင်ရင် မြန်မာပြည်ကို ပြန်လိုက်ညီမ။ မီးပျက်တော့ မထွန်းလို့ လည်း မရဘူး။ ခြင်တော့ကိုက်လိမ့်မယ်။ ဟီးဟီး။ စတာ။

ညီမ စိတ်ကူးလေး အ၇မ်းကောင်းတယ်။

လင်းဒီပ said... @ January 9, 2009 2:40 AM

စိတ်ကူးကောင်းကောင်းလေးတွေ ဝယ်ချင်တယ်ဟေ့...:P

Anonymous said... @ January 13, 2009 12:09 PM

ကြည်နူးစရာလေး... စိတ်ကူးယဉ်လေး မြန်မြန်ဖြစ်ပါစေနော်.. :)
naem/url ကိုရွေးတာ မရလို့ နေ့အိပ်မက် anonymousနဲ့ပဲ မန့်သွားတယ်နော်... www.mydaydream.co.cc

thinzar said... @ January 23, 2009 4:39 AM

နင့်စိတ်ကူးထဲက ပန်းသီးပင်တွေ အသီးသီးရင် ငါ့လည်းကျွေးနော်...
ကော်ဖီလည်း လာသောက်မယ်....
နှင်းဆီတွေလည်း လာကြည့်မယ်...
နင်တို့စတူဒီယိုမှာ ရန်ဖြစ်ရင် ငါဝင်ဆွဲပေးမယ်..
ဆွဲလို့မနိုင်ရင် ဓါးတစ်ချောင်းဆီပေးမယ် ဟိဟိ

Post a Comment

 

Blog Archive

Lipsum

Followers