ခေါင်ခေါင်

အိမ်မက် မိုင်အဝေး........

Published by ခေါင်ခေါင် under on Saturday, December 27, 2008
ငါ့စိတ်နဲ့ခန္ဓာတောင်.. မညီညွတ်ဘူး..
အရူးတစ်ယောက်လို. လွတ်လွတ်ထွက်သွားတတ်တဲ့..ငါ
သိစိတ်က စေလွှတ်ရာမှာ...
မသိစိတ်က ဟိုး.တိမ်တွေထဲ.. မြူးထူးပျော်ပါး....
ငါ့ရင်ဘတ်တစ်ခြမ်းက
မသာယာတဲ့ တေးသီချင်းတွေသာ ဆိုညည်းနေတော့တယ်...
...ငါ့မျက်လုံးတွေမှိတ်ထားတယ်.....

လိုက်ခဲ့ပါဆိုတော့... ငြင်းဆန်တယ်
ဘယ်လိုရှင်းပြရမလဲ...
ဒီတစ်ခါ နွေရာသီပြန်ရောက်ရင်...
မင်းအိမ်မက်တွေထဲ ငါတစ်ကယ်ပြန်လာခဲ့တော့မယ်
အလင်းရောင်တွေနဲ့ဝေးပေမယ့်
ဒါဟာငါပိုင်ဆိုင်သမျှ ငါ့အကြောင်းပါပဲ..
အက်ကြောင်းတွေလည်း ထပ်လို့...
အပိုသက်သက်လို့ နင်ထင်ဦးမယ်...
..မကြားချင်တော့ရင်တော့..နင့်နားတွေ ပိတ်ထားလိုက်ပါ ...

ရူးမတတ်လွမ်းခဲ့ပါတယ်
ဟုတ်ရင်ဟုတ်မယ်......ဟုတ်နေတာပါပဲ
မင်းအမုန်းတွေကြား...
နားလည်မှုကိုကျောခိုင်းမသွားဖို့ပဲ..ငါဆုတောင်းတယ်
လက်တစ်ဆုပ်စာ အိမ်မက်လေးဆိုပေမယ့်
ငါ့ဘ၀ထက်ပို တန်ဖိုးထားခဲ့ပါတယ်..
နွေရာသီကိုပဲ ..စောင့်နေပါ...
တွဲထားတဲ့... လက်တစ်စုံကို မဖြုတ်ချပစ်ခဲ့ပါနဲ့...။



23 comments:

Nyein Chan Aung said... @ December 27, 2008 11:04 AM

ခေါင်ခေါင်ကဗျာတွေက ဆန်းသစ်တယ်။

မောင်မျိုး said... @ December 27, 2008 9:02 PM

နင်က ကဗျာရေးတော်တော် ကောင်းတာပဲ ငါလည်း ဒီလိုမျိုး အတည်ခံစားချက်လေးတွေရေးချင်ပေမယ့် ဂွကျကျ အတွေးက ဖျောက်မရတော့ ခက်တယ် ရေးပါ ဖွင့်ပါ ခံစားချက်တွေး)

နန်းညီ said... @ December 27, 2008 10:07 PM

ရူးမတတ်လွမ်းခဲ့ပါတယ်
ဟုတ်ရင်ဟုတ်မယ်......ဟုတ်နေတာပါပဲ

တွဲထားပုံကမိုက်သဗျ

Craton said... @ December 28, 2008 3:39 AM

ကွိကွိ.. မခေါင်.. ကဗျာကဂွတ်ထ။း) ကွိကွိ

မောင်သစ်ဆင်း said... @ December 28, 2008 4:37 AM

“ငါ့စိတ်နဲ့ခန္ဓာတောင်.. မညီညွတ်ဘူး..
အရူး တစ်ယောက်လို. လွတ်လွတ်ထွက်သွား တတ်တဲ့..ငါ..” ဒီ ပထမဆုံး နှစ်ကြောင်းတည်းက ကဗျာလေးကို နှစ်သက်မိပါတယ်.. နောက်ဆုံး တစ်ပုဒ်လုံး ထိပဲ.. ဖွင့်ဟ သွားတာလေး ကောင်းလှ ပါတယ် မိခေါင်ရေ.. အားပေးနေလျက်..

မောင်bee said... @ December 28, 2008 8:59 AM
This comment has been removed by the author.
မောင်bee said... @ December 28, 2008 8:59 AM
This comment has been removed by the author.
မောင်bee said... @ December 28, 2008 8:59 AM

မခေါင် ဒီကဗျာ လေး က ထိလွန်း လို့ ခိုးသွားတယ်။ :)
"အလင်းရောင်တွေနဲ့ဝေးပေမယ့်
ဒါဟာငါပိုင်ဆိုင်သမျှ ငါ့အကြောင်းပါပဲ.. " ရေးဖွဲ့မှုကော ခံစားမှုပါ ကြိုက်တယ်။

ဖိုးဂျယ် said... @ December 28, 2008 10:45 AM

မယ်ခေါင်ရေ အရေးအသားတွေကတော့
ပြောစရာမလိုအောင် ကောင်းနေတယ်
ဘယ်လိုလိုက်မှီအောင်လုပ်ရပါ့

ညခင်းနဲ့လမင်း said... @ December 28, 2008 11:41 AM

ကဗျာတွေက တကယ်ခံစားချက်တွေ မို့ ထင်တယ်

ထိတယ်ဟေ့...လက်စွမ်းတွေပြနေပီပေါ့

လက်တစ်စုပ်စာအိမ်မက်လေးကို

ဘ၀ထက်တောင်တန်ဖိုးထားတတ်တယ်

တယ်ဆန်းတဲ့အရေးအသားလေးပါလား

များကြီးရေးးနော်အားပေးလျက်

တင့်ထူးရွှေ said... @ December 28, 2008 11:45 AM

လက်တစ်ဆုပ်စာ အိမ်မက်လေးဆိုပေမယ့်
ငါ့ဘ၀ထက်ပို တန်ဖိုးထားခဲ့ပါတယ်.. အဲဒီနေရာလေး အကြိုက်ဆုံးပဲ .. ကဗျာကောင်းလေးတွေ များများရေးနိုင်ပါစေ ညီမ ။

အိုင်လွယ်ပန် said... @ December 28, 2008 12:27 PM

ဒီကဗျာလေးတော်တော်ကောင်းတယ်ဗျ.....

ထက်ခေါင် said... @ December 28, 2008 2:45 PM

၇င်နဲ့ခံစားပြီးတော့ဖတ်သွားတယ်....
ဘယ်လိုနေမှန်းတောင်မသိတော့ဘူး....ငိုချင်
လာပြီ....ဟင့်ဟင့်ဟင့်....အီးဟီးဟီး.....

ဆောင်းယွန်းလ said... @ December 28, 2008 9:02 PM

တူမကြီးကဗျာကောင်းတယ်ကွယ့်..
ကြိုက်တယ်..နောက်ဆုံးအပိုဒ်လေးကိုအနှစ်သက်ဆုံး
ပါဘဲ..
များများတွေးပြီး.များများရေးပါ..
အားပေးနေပါတယ်..
ခင်မင်တဲ့
ဦးဆောင်းယွန်းလ..

Upasaka said... @ December 28, 2008 9:17 PM

ညီမလေး ကဗျာလေးကကောင်းတယ်ဟ အတွေးကပိုပြီးနက် လာသလိုပဲ ဆက် ရေးပါနော်

ငွန်ငယ် said... @ December 29, 2008 3:29 AM

ချစ်ခေါင်..ငါကို အတိတောင်ပေးဘူးပေါ့...
အပြေးအလွှားလာဖတ်ရတာ..ဝူး..မောဒယ်ရယ်..
ကောင်းလိုက်တဲ့ မော်ဒန် ကဗျာလေး....
ကော်ကော်..များများသောက်..များများတွေး
များများရေး...ဟိဟိ..ချာမ ပြောဒါနားထောင်..
နားမထောင်ရင်း....တိတယ်နော့..ဟိဟိ

အိမ် said... @ December 29, 2008 8:30 AM

ဒီတခါတော့ မနောက်တော့ဘူး အမြဲနောက်တိုင်းလဲ မကောင်းဘူးလေ။
ဆိုတော့ အတည်ပြောသွားတယ်
ကဗျာကောင်း၏ ပြောချင်စရာတွေ တွေ့ပေမဲ့
မပြောတော့ပါဘူး အပေါ်မှာလဲမနောက်ဘူးလို့
ရေးထားတော့ မပြောတော့ဘူးဗျာ

ပျူနိုင်ငံ said... @ December 29, 2008 4:12 PM

ကဗျာက ကောင်းမှကောင်းဘဲဟေ့။

အရုပ်ကလေး said... @ December 29, 2008 8:45 PM

ကဗျာကောင်းလေး တစ်ပုဒ်ပါ
ခံစားချက်ကို အရင်းခံ ဖွင့်ထုတ်ထားတာ
ကြိုက်တယ်..
ဆက်လက် ရေးဖွဲ့နိုင်ပါစေ

ညီအကိုများ said... @ December 31, 2008 6:56 PM

ကဗျာကောင်း တစ်ပုဒ်ပါ...
အရေးအသားတွေ good တယ်...

မိုးကြယ်

မောင်ခင်လေး said... @ January 1, 2009 8:51 AM

ဆောင်းကအေးလို့ကောင်းတုန်းဗျ ဒီမှာတော့ ကဗျာလေးနှစ်သက်မိတယ် မခေါင်ခေါင် ကောင်းသောနေ့ပါ :)

ကိုဂစ်တာ said... @ January 1, 2009 9:51 PM

ကောင်းပါတယ် ကောင်းပါတယ်

TYZ said... @ March 8, 2012 4:43 AM

ခေါင်ခေါင်ရဲ့ ကဗျာတွေအားလုံးနီးပါးကို ကြိုက်တဲ့သူပါ... ခေါင်ခေါင်ဆီက ခွင့်ပြုချက်တောင်းပါရစေ.. ခေါင်ခေါင့်ကဗျာတွေကို ကျွန်မရဲ့ ကဗျာရိပ်မြုံဆိုတဲ့ ကျွန်မကြိုက်တဲ့ကဗျာတွေ စုစည်းထားတဲ့အထဲမှာ ပြန်လည်မျှဝေရင်းအမှတ်တရအဖြစ် သိမ်းထားခွင့်ပြုပေးပါနော်. ကဗျာတွေချစ်တတ်တဲ့ TYZ

Post a Comment

 

Blog Archive

Lipsum

Followers