10th ဒီဇင်ဘာ
Published by ခေါင်ခေါင် under ကဗျာ on Monday, December 08, 2008
အချိန်တန်ရင်...
မင်းရောက်လာတော့မယ် ....10th ဒီဇင်ဘာ...
နှင်းတွေသုတ်လိမ်းထားတဲ့မျက်နှာလေးနဲ့အလှဆုံးပြုံးဦးမယ်...
ငါ့ရင်ခုန်သံတွေကို အတင်းလှုပ်နှိုးဦးမယ်
မရိုးနိုင်တဲ့ အိမ်မက်တွေနဲ့ နင်အစွမ်းကုန် ဖြားယောင်းဦးမယ်
ငါ့ရင်တွေကွဲကြေအောင် မျှော့်လင့်ချက်တွေ ပေးဦးမယ်
ငါ့ခံစားမှုတွေကို တော့လှောင်ရယ်ရယ်ဦးမယ်
ငါဒူးထောက်ဦးညွတ်တဲ့ အခါတစ်စိမ့်စိမ့်ကျေနပ်နေဦးမယ်
ဒီအချိန်ရောက်ရင်
ငါ့စိတ်တံခါးတွေ အကုန်ပိတ်ထားချင်တယ်..။
ဒီတစ်ကြိမ်လည်း...နင့်စိတ်ကြိုက်သာ စီရင်သွားပါ။
ငါကိုယ်တိုင်က နင်ဖတ်ဖို့အတွက်
ခါတော်မှီကဗျာတစ်ပုဒ် ဖြစ်နေခဲ့တာ...။ ။
မင်းရောက်လာတော့မယ် ....10th ဒီဇင်ဘာ...
နှင်းတွေသုတ်လိမ်းထားတဲ့မျက်နှာလေးနဲ့အလှဆုံးပြုံးဦးမယ်...
ငါ့ရင်ခုန်သံတွေကို အတင်းလှုပ်နှိုးဦးမယ်
မရိုးနိုင်တဲ့ အိမ်မက်တွေနဲ့ နင်အစွမ်းကုန် ဖြားယောင်းဦးမယ်
ငါ့ရင်တွေကွဲကြေအောင် မျှော့်လင့်ချက်တွေ ပေးဦးမယ်
ငါ့ခံစားမှုတွေကို တော့လှောင်ရယ်ရယ်ဦးမယ်
ငါဒူးထောက်ဦးညွတ်တဲ့ အခါတစ်စိမ့်စိမ့်ကျေနပ်နေဦးမယ်
ဒီအချိန်ရောက်ရင်
ငါ့စိတ်တံခါးတွေ အကုန်ပိတ်ထားချင်တယ်..။
ဒီတစ်ကြိမ်လည်း...နင့်စိတ်ကြိုက်သာ စီရင်သွားပါ။
ငါကိုယ်တိုင်က နင်ဖတ်ဖို့အတွက်
ခါတော်မှီကဗျာတစ်ပုဒ် ဖြစ်နေခဲ့တာ...။ ။
26 comments:
ဒီဇင်ဘာရဲ့ ရင်ခုန်သံဆိုတာ အမြဲတမ်းအချိန်မှန်မှန် ရောက်လာတတ်တယ်..။
ဒီလိုဆိုရင် လူသားတွေရဲ့ ရင်ခုန်သံကကော..။
သစ်ရွက်တွေက အတင်းလှုပ်နှိုးလို့ နိုးထလာတဲ့ ကဗျာမိုးစက်တွေအတွက်ဆိုရင်လေ မခေါင်ခေါင်ရေ ရင်ခွင်ကပြောင်းပြန်မှောက်လို့ အကြောင်းဖန်သလောက်သာ ကွဲစေဦးတော့ ကဗျာတွေကတော့ ခါတော်မှီဖြစ်နေရမယ်..။
ဒါမှ ကဗျာဆရာလေ။ ဒဏ်ရာမဲ့တဲ့ နှလုံးသား ဘယ်တော့မှ ကဗျာဆိုတဲ့ စကားလုံးကြားကို မရောက်နိုင်ဘူး..။
အခုမခေါင်ခေါင်ရဲ့ ကဗျာလေးမှာ ဒဏ်ရာနဲ့ နှလုံးသားတစ်စုံ ကိုမြင်လိုက်ရတယ်။
ရင်ဘတ်နဲ့ ဖတ်သွားတယ် မခေါင်ခေါင်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ှု
အဲလောက်..နားလည်းဘူး ချစ်ခေါင် ရဲ့ ..ဒီကတူ
က ငတုံး..ဟိဟိ....ပျော်ရွှင်ပါစေ။ဒီဂျင်ဘာမှာ..မ
ချမ်းပါစေနဲ့လို့.................
ဒီဇင်ဘာကို ဒဏ်ရာချိုချိုလေးတွေ့နဲ့ အမှတ်ရနေတယ်ပေါ့
သူလည်းလေ လောကီသားပေမို့း) ဟဟားး မိုက်တယ် ခေါင်ခေါင်ရေ့ 10 ဒီဇင်ဘာဆိုတော့ သိပ်တောင်မလိုတော့ ဆေးကြိုသောက်ထား သယ်ရင်းး
ခေါင်ရေ..နင်လွမ်းပေဦးတော့
သိပ်မလိုတော့ဘူးပဲ
တစ်ခါတစ်လေ လွမ်းရတာ
ချစ်နေရတာထက် ပိုပြီး ခံစားလို့ကောင်းတယ်ဆိုတာ
နင်သိတယ်ဟုတ်...
ဒီဇင်ဘာဆောင်းတွင်းမှာ ဒဏ်ရာမရစေနဲ့ဗျ။ ဆောင်းတွင်းဆိုတော့ အနာရင်းတက်တယ်...
ခေါင်ခေါင်ရေ-
ခေါင့်ခေါင့်စာတွေ ကဗျာတွေဖတ်ရတာ တကယ်ခံစားလို့ရတယ်။
ခေါင့်ခေါင့်ရဲ့ စာဖတ်အားတွေ အတွေးတွေ အရမ်းအားကောင်းမယ်လို့ထင်မိတယ်။
ကြိုးစားထားညီမလေးရေ။
ကောင်းတယ် တကယ့်ခါတော်မှီလေးပါ။
အင်း ဒီဇင်ဘာမှာ ဒဏ်ရာတွေ ပြန်ထတယ်ပေါ့။ အဟဲ မောင်မျိုးပြောသလို ဆေးကြိုသောက်ထားဦး တော်ကြာ ခေါင်းမှာ ပန်းပန်ပြီး ထကနေမှ ဒုက္ခ။ ကဗျာလေးကတော့ မိုက်တယ်ကွာ။ တီးလုံးထည့်မထားတဲ့ သီချင်းတစ်ပုဒ် ရေးလွှတ်လိုက်ပြန်ပြီ။
တီခေါင်ရေ ဘာတွေကိုလွမ်းနေတာလဲ
တားတားလဲ လွမ်းကူပါ့ရစေ
လွမ်းချင်လွန်းလို.ပါ
ကဗျာလေးက လှလိုက်တာ။
အောက်ဆုံးအပိုဒ်လေးကြိုက်တယ်ဗျ.....
ညီမလေးရဲ့ကဗျာမှာဒီဇင်ဘာရဲ့နှလုံးသားဒဏ်ရာလေး
တစ်ခုကိုတွေ့လိုက်ရတယ်..
အချိန်ဟာဒဏ်ရာတွေကိုကုစားပေးနိုင်တဲ့အကောင်းဆုံး
သမားတော်ဖြစ်နိုင်ပါစေ...
ခင်မင်လျက်..
ဦးဦးဆောင်းယွန်းလ
ဒီဇင်ဘာ မှာ မှ ရွေး ပြီးဘာလို့ ရင်ခုန်ကြပါလိမ့်
(ကျနော်လဲ ပါတယ် :P )
ဒီတစ်ကြိမ်လည်း...နင့်စိတ်ကြိုက်သာ စီရင်သွားပါ။
ငါကိုယ်တိုင်က နင်ဖတ်ဖို့အတွက်
ခါတော်မှီကဗျာတစ်ပုဒ် ဖြစ်နေခဲ့တာ...။ ။
ဒီတစ်ကြိမ်...... တွေ ဘယ်လောက်တောင် များခဲ့ပြီလဲ ခေါင်ခေါင်.. အချိန်မှန် ရောက်လာနေကျ ဒဏ်ရာတွေ လား.. ကဗျာနဲ့ အတူ လိုက်ပါ ကြေကွဲသွားပါတယ်..
ဒီဇင်ဘာမှာ လွမ်းတယ် လွမ်းတယ်. . အရမ်းလွမ်းတယ်.... မှတ်ကရော .. ကူလွမ်းပေးတာ....
ဒီဇင်ဘာ၁၀ရက်မှာ ဘာတွေများဒီလောက်တောင် ခံစားလိုက်ရလို့လဲ
ဟင်။
အော်... ပြီးတော့ သားဆိုးလေးရဲ့နောင်တနဲ့
ကြင်ယာရွေးပွဲမှာ စာရင်း လာသွင်းဦးနော်
ခါတော်မှီကဗျာတစ်ပုဒ် ဖြစ်နေခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရေ ၊ ကဗျာလေး အရမ်းကောင်းတယ် :)
ဒီဇင်ဘာရဲ့  ကဗျာကို လုဖတ်သွားတယ် ။ ခါတော်တော့
မှီဘူး ။ နောက်ကျသွားတယ် နဲနဲ ။ :)
အော် ခေါင်ရယ် လွမ်းနေပြန်ပြီလား။
ဒီဇင်ဘာရဲ့ နှင်းတွေကြားမှာ တစ်စုံတစ်ရာကို လွမ်းနေတယ်ပေါ့
အလွမ်းတွေနဲ့ ရေးထားလို့လား မသိဘူး
ဖတ်ရတာနဲ့တင် လွမ်းသွားတယ် ...
အားလုံးဟာ ဒီလိုပါပဲလေ
ဆောင်းချမ်းချမ်းမှာ လွမ်းတေးသီ ကဗျာကောင်း လေးဖတ်သွားတယ်။
http://winzaw-mdy.blogspot.com/
ဟုတ်တယ်...
အနာဟောင်းတွေပြန်ပေါ်မှာပဲစိုးရိမ်ရတယ်
ထွန်ရွှေဝါကြိုလိမ်းထားပေါ့ :)
ကဗျာလေးက အတိတ်တံခါးလေးတစ်ချပ်ကို ပြန်ဆွဲဖွင့်လိုက်သလိုပဲခံစားရတယ် ထင်မြင်ယူဆချက်ပါ
မှားချင်လည်းမှားလိမ့်မည် :)
နှစ်သက်မိပါတယ် ကဗျာလေးကို ကောင်းသောနေ့ပါ မခေါင်ခေါင် :)
Post a Comment