ခေါင်ခေါင်

အကြိုက်ဆုံးကဗျာ

Published by ခေါင်ခေါင် under on Saturday, December 06, 2008
ကိုလင်း ဒီပ ကတက်ဂ် တာပါ။ အကြိုက်ဆုံး ကဗျာလေး တဲ့..။ ကျွန်မကလဲ စာတွေကဗျာတွေ ဖတ်တာ.. ငယ်ငယ်တည်းက အရမ်းဝါသနာ ပါတော့ ကြိုက်မိတဲ့ ကဗျာတွေ စာတွေက လည်းအများကြီးပါပဲ။ လေးလုံးစပ် ကဗျာတွေက စလို့ပိုစ့်မော်ဒန်အထိ ဘဘမင်းသုဝဏ် ကစလို့ စိုင်းဝင်းမြင့် အထိ ကျွန်မလက်လှမ်းမီသမျှ ဖတ်ပါတယ်။

အကြိုက်ဆုံးကဗျာ ဆိုတော့ ကျွန်မ ဒီကဗျာလေးကိုပဲ ရေးဖို့သတိရတယ်..။ စိတ်ဓါတ်ကျလွယ်တဲ့ ကျွန်မ ဒီကဗျာလေးကိုဖတ်ပြီး ခဏခဏ အားတင်းရတယ်။ ကျွန်မရဲ့လက်ရှိဘ၀ နဲ့လည်းတိုက်ဆိုင်တယ်...။

ထိပ်ဆုံးသို့...
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံး ပြန်တော့
တစ်လုံးကျန် ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နိုးရတယ်
ကြိုးလျှောက်ရပြန်။

ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန့်း ရပ်မယ်ကြံ။

အမှန်တော့ ဖြစ်နိုင်ပါ့မလား
စခဲ့မိဟာပေါ့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး။

မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပေါ့
ချစ်ဖွယ်လူသား………။

( ရှင်မဟာရဌသာရ )

ဒီကဗျာလေးကလဲ ကျွန်မ နှလုံးသားထဲမှာ စွဲနေတာ...။

သင်သေသွားသော်....

သြော်...လူ့ပြည်လောက၊လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြှင့် ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက်ဝင်းလျှက်ကျန်စေသတည်း။

( ဇော်ဂျီ )


ကဗျာ ၂ ပုဒ်စလုံး အဓိပ္ပာယ်အပြည့် ရှိသလို နားလည်လွယ်အောင် ရိုးရှင်းပါတယ်..။
အားမာန် အပြည့်လဲ ရှိတယ်နော်...။

ဘလော့ပေါ်မှာ ဆိုရင်လဲ.. ကျွန်မဖတ်မိသမျှထဲမှာ.. ကိုလင်းဒီပ.. ရဲ့ကဗျာ ချိုအေးအေးတွေ ... ကျွန်မကြိုက်တယ် ( ငါ့ပန်းအိုးမှာ ထိုးခွင့်မရတဲ့ နှင်းဆီ) ကို တော်တော်ကြိုက်တယ်။ ကိုအိုင်လွယ်ပန် နဲ့ ကိုတင့်ထူးရွှေတို့ ရဲ့ ကဗျာတွေကိုလဲ ကြိုက်တယ်..။ ကိုဒီပ ပြောသလို ကဗျာဆိုတာ တီးလုံးထည့်မထားတဲ့ သီချင်းတွေပါပဲ..။ ကျွန်မတို့ နှလုံးသားနဲ့ လွပ်လပ်စွာ ဆိုညည်းနိုင်တယ်..။ ကျွန်မအတွက်လဲ ကဗျာဆိုတာ.. အချစ်ဦးပါပဲ.. ။ အချစ်ဦးကို ဘယ်သူက မေ့လို့ရမှာလဲ...နော်။ ။


( ဒီပိုစ့်လေး အတွက် ကျွန်မကို တစ်ကူးတစ်က တက်ဂ် တဲ့ကိုဒီပ ကိုကျေးဇူးအထူးပါ။ တစ်လက်စတည်း.. အကြောင်းတစ်ခုကြောင့် ကျွန်မ စီဘုံးကို ဖြုတ်ထားလိုက်တဲ့အကြောင်း အသိပေးချင်ပါတယ်ရှင့်။ ဖြုတ်လိုက် ပြန်တပ်လိုက်နဲ့ အားလုံးလဲ ကျွန်မကို တော်တော်မျက်စိနောက်နေပြီထင်ပါတယ်။ ကျွန်မဘလော့ မောင်နှမတွေထဲက ကျွန်မကို တစ်ခုခု ပြောခဲ့ချင်တာ အသိပေးချင်တာ ဆဲချင်တာများရှိရင် ကွန်မန့်မှာ စိတ်ကြိုက်ရေးခဲ့နိုင်ပါတယ်..။ ကျွန်မ မသိသော.. ကျွန်မကိုထိခိုက်ပြီး မလိုလားအပ်သော ကွန်မန့်များကိုတော့ ကျွန်မ ဖျက်ပစ်မှာ ဖြစ်ပါတယ်ရှင့်။ စီဗုံး အတွက်... သူငယ်ချင်း ငါးလေး နှင့် ပိစိ တို့အား ကျေးဇူးကမ္ဘာ.. )

ချစ်ခြင်းများဖြင့်..
ခေါင်ခေါင်

22 comments:

လင်းဒီပ said... @ December 6, 2008 6:08 AM

ကျေးဇူးပါညီမရေ..ချက်ချင်းရေးပေးတဲ့အတွက်
ရှင်မဟာရဌသာရကဗျာက အခုမှ ဖတ်ဖူးတာ..

မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပေါ့
ချစ်ဖွယ်လူသား………။

ကောင်းတယ်..ဒီအပိုဒ်လေး အရမ်းကောင်းတယ်..

ဆရာဇော်ဂျီ ကဗျာကတော့ အမြဲအမှတ်ရနေတဲ့ကဗျာပါ...

အကျိုးပြုကဗျာကောင်းလေးတွေ ကြိုက်တတ်တဲ့ ညီမ..အစစ အရာအရာ အောင်မြင် အဆင်ပြေပါစေ..

(စီပုံးမရှိတော့တာ နည်းနည်းတော့ ခက်သွားတယ်)

မောင်မျိုး said... @ December 6, 2008 6:29 AM

ငါတော့ နင်အခုပြန်တင်ပေးမှပဲ ဆရာဇော်ဂျီရဲ့ ကဗျာကိုမှတ်မိတော့တယ် အငယ်တုန်းက ကဗျာဆိုတာ ဘာမှန်းတောင်မသိခဲ့တာ လူတစ်ယောက်ရဲ့စိတ်တွေက အနုညံ့ဆုံးဆွတ်ယူသွားတာ ကဗျာဆိုတဲ့စာသားလှလှလေးတွေပေါ့ မိုက်တယ် ကိုတင့် ကဗျာတွေ ငါလည်းကြိုက်တယ် အကြိုက်ချင်းတူ ရန်သူတဲ့ဟ ဖိုက်မလား ၀မ်းဗိုင်ဝမ်း ငါ့ကိုများ ဂျပိန်တဲ့း)

ဖိုးဂျယ် said... @ December 6, 2008 7:12 AM

တီခေါင်နေ.လည်တည်းကပြောနေလို.
ဒီကဗျာလေးတွေ ကြားမိထားပါတယ်။
ကောင်းပါတယ်။
တီခေါင်ရေ စီဗုံးမရှိတော့ ဒီမှာပဲအော်ခဲ့တယ်။
မနက်ဖြန်ကျမှ တူလေး အကြော်ဝယ်ကျွေးပါ့မယ်။
ညဘက်ယောင်ပီးလဲ အော်မနေ.နဲ့ဦး

တင့်ထူးရွှေ said... @ December 6, 2008 7:42 AM

ညီမရေ ကျောင်းသားဘ၀က အော်ကျက်ခဲ့ရဘူးတဲ့ ရှင်မဟာရဌသာရ ကဗျာနော် ၊ အခုလို အမှတ်တရ ရှိနေတယ်ဆိုတာကတော့ ချီးကျူးပါတယ် ၊ ညီမရဲ့ အရေးအသားတွေကိုလဲ နှစ်သက်ပါတယ် ၊ အမြဲမဟုတ်တောင်မှ မကြာ မကြာ ဆိုသလို ရောက်ဖြစ်ပါတယ် ၊ ကွန့်မန့်တွေ အတွက်လဲ ကျေးဇူးတင်ပါတယ်လို့ တစ်ခါတည်းပြောခဲ့ပါတယ် ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်ပြီးတော့ ကဗျာတွေ စာတွေ ရေးဖွဲ့နိုင်ပါစေ ။

အလှတရား said... @ December 6, 2008 9:02 AM

ကဗျာနှစ်ပုဒ်လုံးကို
အလွတ်ရအောင်
ကျက်ဖူးတယ်။
ရှင်မဟာ ရဋ္ဌသာရရဲ့ကဗျာက
ကျောင်းတုန်းက ငယ်ငယ်က သင်ရတယ်။
အကြိုက်ချင်းတူကြောင်းပါ။

ဝါ၀ါခိုင်မင်း said... @ December 6, 2008 7:05 PM

ကဗျာလေးလာဖတ်သွားပါတယ် ညီမလေးရေ.
ညီမလေးရေးပြမှပဲ. ရှင်မဟာရဌသာရ ရဲ့ ကဗျာလေး
ပြန်ဖတ်ဖြစ်တော့တယ်..
ကောင်းတယ် ညီမလေးရေ.

မမ၀ါ

ကိုဂစ်တာ said... @ December 6, 2008 7:07 PM

မှတ်မှတ်ရရနဲ့ အလွတ်နီးပါးရနေခဲ့တာကတော့ ရှင်မဟာရဌသာရ ရဲ့ထိပ်ဆုံးသို့ ကဗျာလေးပဲ....
ပြန်ရွတ်ကြည့်တိုင်း အားရှိလာတယ်။

ုkmaungnyein said... @ December 7, 2008 1:05 AM

har har har sis yay , bro taut ma mat mi taut bu, nyant pa but kyar tar ka taut kyar bu tal, a htoo tha phyint sayar zaw gi yat poem twe ko po like tal , arr pay par tal byar, cbox taut shar kyi tay tal, post ka nout ma phat yatar so taut :D

အိမ် said... @ December 7, 2008 6:52 AM

ဆရာဇော်ဂျီကဗျာလေးတော့ ကြိုက်တယ်ဗျ

အိမ် said... @ December 7, 2008 9:37 AM

စီဘောက် မတွေ့လို့ ဒီထဲဝင်အော်သွားတယ်
ဘလော့ဂါသူတွေ ဒစ်စကောင့်ချနေတယ်နော်
မြန်မြန်လာ

ညခင်းနဲ့လမင်း said... @ December 7, 2008 10:38 AM

စီပုံးမရှီတော့တာလား

အဲဒိကဗျာကတော့ လူလောကအကြောင်းရေးဖွဲ့ထားတဲ့

ကဗျာဆိုတော့ နှစ်သက်မိပါတယ်

ပြန်လည်ဝေမျှလို့ ကျေးဇူး

ဖြိုးငယ် said... @ December 7, 2008 4:09 PM

စီဗုံး မရှိတော့လည်း ဒီက အော်ရမယ်ပေါ့ ..
ငါ့ညီမနဲ့ အကြိုက်ချင်းတူတယ် ..
၂ ပုဒ်စလုံးကိုလည်း ဖတ်ဖူးတယ် ..
၂ ပုဒ်စလုံးကိုလည်း ကြိုက်တယ် ...
( စိုင်းစိုင်း မဟုတ်ဘူးနော် :P )
ရှင်မဟာရဌသာရရဲ့ကဗျာမှာ
ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန့်း ရပ်မယ်ကြံ .. ဆိုတဲ့နေရာမှာ
ရပ်တန်းက ရပ်မယ်ကြံ လားလို့ .. မှားနေတယ်ထင်လို့
မဟုတ်ဘူးဆိုရင်တော့ အကိုအမှားပေါ့ ...

- said... @ December 7, 2008 8:25 PM

ကဗျာကောင်းလေး ၂ ပုဒ်ကို အသေအချာ ဖတ်ဖြစ်တယ်။ လေးစားလျက်ပါ

http://winzaw-mdy.blogspot.com/

သဉ္ဇာ said... @ December 7, 2008 9:39 PM

ကောင်းတယ် ခေါင်ခေါင်ရေ ...
ငါ့သယ်ရင်းက ဒါမျိုးလည်း ရတာပဲနော်..

စီဗုံးလေးလည်း ပြန်ပေးပါအုံးနော်....

ဇင်ယော် said... @ December 7, 2008 11:19 PM

ဆရာ ဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေးကို အရင်ထဲက အတော်လေးကို ကြိုက်မိတယ်ဗျ။ တီးလုံးထည့်မထားတဲ့ သီချင်းတွေကို အရေးကောင်းတဲ့ ညီမရေ ဒီလို ဟောင်းပေမယ့် ကောင်းနေဆဲ တန်ဖိုးရှိတဲ့ကဗျာလေးတွေကို ပြန်ပြီး မျှဝေပေးတာ ကျေးဇူးပဲဟေ.။

ရောင်ပြန် said... @ December 7, 2008 11:43 PM

အမ်... စီဘောက်မရှိတော့.. ခက်တယ်မမရေ... ကဗျာနှစ်ပုဒ်စလုံးကြိုက်တယ်... လောဘများကြီးသွားမလား..:P

Boy said... @ December 8, 2008 1:03 AM

စာအရေးအသားလေးတွေကောင်းတယ်။
ကျွန်တော့်လိုပဲ စီဘောက်စ်မရှိလို့ ဒီမှာပဲရေးခဲ့ပါတယ်။
လာလည်ဖို့လည်းဖိတ်ပါတယ်။

မောင်ရှင်းသန့် said... @ December 8, 2008 11:16 PM

အာ.......
ကျနော် က ဒီကဗျာ လေး အကြောင်း ရေးမယ်လို့ လုပ်ထားတာ မမ ခေါင် က ဦးသွားပြီ

ကျနော် အရမ်း လေးစားတဲ့ ကဗျာလေးဗျ

mna said... @ December 8, 2008 11:35 PM

ခေါင်ခေါင်စိတ်ဆိုးနေတုန်းဘဲလား ခေါင်ခေါင် သားမောင် ညီပြောတာတွေကိုတောင်းပန်ပါတယ် ခေါင်ခေါင် ဒီကဗျာလေးကို သားမောင်ဘလော့မှာ ကူးထားတယ်နော်
ခေါင်ခေါင် ခွင့်ပြုပါဦးနော်...စိတ်မဆိုးပါနဲ့ဗျာ
စိတ်မဆိုးတော့တဲ့အကြောင်းလေး ကျွန်တော့်ဆီဗုံးမှာရေးပေးပါဦး...(သားမောင်)

su wai said... @ December 9, 2008 9:37 PM

ခေါင်ခေါင်ရေ.. မဆုလဲ ထိပ်ဆုံးသို့ ကဗျာလေးကို ကျောင်းမှာသင်ရတည်းက ကြိုက်လွန်းလို့ စိတ်ထဲမှာ စွဲနေအောင်ကို မှတ်မိနေတယ်.. စာအုပ်ထဲမှာလဲ ချရေးပြီး သိမ်းထားတယ်.. သားအမိနှစ်ယောက်တည်း လျှောက်နေရတဲ့ ဘ၀ခရီးလမ်းမှာ အခက်အခဲတွေ့လို့ နောက်ပြန်လှည့်ပြေးချင်လာတိုင်း အဲဒီကဗျာလေးကို သတိရလိုက်ရင် ခွန်အားတွေ ရှိလာတယ်.. မာလာငွေ ကန်ရေအေးနဲ့ ငှက်တေးကို အာရုံဆင်ပြီး ဘ၀အမောတွေကို ဖြေဖျောက်တတ်လာတယ်..

သက်တန့် said... @ December 11, 2008 10:12 PM

ယောင်းယောင်း ခေါင်ခေါင်ရေ...
နှစ်ပုဒ်လုံးကို နှစ်သက်တယ်...

yegyi said... @ January 3, 2009 7:12 AM

ကျွန်တော် အကြိုက်ဆုံးကဗျာက နှစ်သက်မိတဲ့ ကဗျာတစ်ပုဒ်(၁) ဆိုပြီး Blog မှာ ရေးထားတယ်၊ အားရင်လာဖတ်နော်။

Post a Comment

 

Blog Archive

Lipsum

Followers