ခေါင်ခေါင်

ကြွားပြီ

Published by ခေါင်ခေါင် under on Wednesday, December 03, 2008
အန်တီမမ၀ါ ကကျွန်မကို ကြွားခိုင်းတယ်။ အကြွားပိုစ့်ရေးခိုင်းတယ်။ တက်ဂ် တစ်ကာ့တက်ဂ် ထဲမှာ ကျွန်မအတွက် ရေးဖို့အခက်ခဲဆုံး တက်ဂ်ပါပဲ။ ဟုတ်တယ်လေ.. ကျွန်မမှာ ဘာမှကြွားစရာလဲမရှိဘူး။ မမ၀ါကတော့ ဖိနပ်တွေ အကြောင်းရေးတယ်။ အရမ်းလှတာပဲ ဖိနပ်တွေ..။ များလွန်းလို့ ဖိနပ်ဆိုင်တောင် ဖွင့်လို့ရလောက်တယ်..။ ကျွန်မကတော့. ဖိနပ်ဆိုလဲ ဝေါ့ကင်းရှုး တစ်ရံ ၊ အလုပ်သွားရင် စီးတဲ့ဖိနပ်တစ်ရံနဲ့ အကြမ်းစီးတဲ့ တစ်ရံသာပိုင်ဆိုင်တယ်။ ဝေါ့ကင်းရှုးကလွဲပြီးလဲ ကျန်တဲ့ဖိနပ်တွေ ကျွန်မမကြိုက်သလို စီးလဲမစီးဖြစ်ဘူး။ အ၀တ်အစားဆိုလဲ တီရှပ် နဲ့ ဂျင်းသာ ကြုံသလိုစွပ်ပြီးသွားတဲ့သူ..။ အ၀တ်အစားလဲ ကြွားလောက်စရာ များများစားစားမရှိ ..။ မိတ်ကပ်လဲ တစ်ခါမှ မလိမ်းဖြစ်သလို အလှပြင်ပစ္စည်းတွေလဲ ကျွန်မမှာ မရှိပါ။ ကျွန်မမှာ ကြွားဖို့တော်တော် ဒုက္ခရောက်တယ်..။ ဒါပေမယ့် မမ၀ါကို ချစ်တော့လည်း ကြံဖန်ပြီး ကြွားလိုက်ပါတယ်။



အရုပ်ကလေး တွေချစ်ဖို့ကောင်းတယ် နော်။ ကျွန်မပိုင်သမျှ အကုန်ပဲ ..။ ယုံချင်ယုံ မယုံချင်နေ.. ကျွန်မအရုပ်တွေ မချစ်တတ်ဘူး။ တစ်ကယ်မချစ်တာ..။ ဈေးကြီးလို့လဲ ကျွန်မ မ၀ယ်နိုင်ပါဘူး ...။ ဒါတွေ အကုန် လက်ဆောင်ရထားတဲ့ အရုပ်တွေပါ။ သူများပေးတဲ့ လက်ဆောင် ကိုတန်ဖိုးထားတတ်တော့.. သေသေချာချာ တော့သိမ်းထားပါတယ် ။ ကြွားစရာ ဒီအရုပ်တွေပဲ များများစားစားရှိတယ်။ ကျန်တာတော့ ဘာမှမရှိဘူး..။ မမ၀ါ ကျေနပ်တော့နော်...ကြွားလို့ပြီးပြီ.... မမ၀ါရဲ့ဖိနပ်တွေထဲက တစ်ရံလောက်ပေးလေ... နော်...ဟီး.. :P


21 comments:

ဖြိုးငယ် said... @ December 3, 2008 9:38 AM

ညီမတို့ မိန်းကလေးတွေ တော်တော်များများကတော့ အရုပ် ချစ်တက်ကြတယ်နော် ...ဒီကလေးမ ကတော့ တစ်မျိုးပဲ

ဝါ၀ါခိုင်မင်း said... @ December 3, 2008 3:03 PM

ဟာ.. ညလေးခေါင်ခေါင်ရေ...

အရုပ်လေးတွေလက်ဆောင်ရထားတာတဲ့ အများကြီး
ပဲနော်. ဟီးဟီး..ပေးတဲ့သူတွေရှိတာကိုက အားကျစရာ
ကြီးနော်.. :D
ဖြစ်ပုံဖြစ်ပုံ ..ဘာမှသိတ်စိတ်မ၀င်စားတတ်တဲ့ ညီမလေး
ခေါင်ခေါင်ကို မြင်ဖူးချင်းသားပဲ။
နဂိုချောပြီး၊လှပြီးသားမို့ အလှအပရော.ဘာမှ မကြိုက်
တာ ဖြစ်နိုင်ပါတယ်ကွယ်.. ဟုတ်တယ်ဟုတ် :D
ရေးပေးတာကျေးဇူးပါ ညီမလေးရေ..

ချစ်ခင်စွာနဲ့
မမ၀ါ

ဝါ၀ါခိုင်မင်း said... @ December 3, 2008 3:25 PM

နောက်တစ်ခေါက်ထပ်လာရေးတယ်နော်..ဟတ်ဟတ်
မမ ဆီက ဖိနပ်တွေ ညီမလေးကြိုက်တာယူနိုင်တယ်နော်. :P
ဒါနဲ့ ညီမလေးကိုတွေ့ရင် မမဘာလက်ဆောင်ပေးရမှန်း
မသိတော့ဘူးရယ်. အရုပ်ကလေးတွေကြိုက်လားဆို
တော့လဲ လက်ဆောင်ရထားတာကြိုက်ဖူးတဲ့.. ဘာပေး
ရမှာလဲမမက.. သြော်သိပြီ..သိသွားပြီ. ဘာမှသိတ်မ
ကြိုက်တော့ ဘာမှပေးတော့ဘူးလေ. အာဝါးးး ပဲပေး
တော့မယ်နော်..ဟဟားးး (အူမယားနဲ့နော်. Dream လေးဆီက တတ်ထားတာ) :D
ကျေနပ်ပါတယ် ညီမလေးရေ.ကျေးဇူးနော်.

ချစ်ခင်မှုများနဲ့
မမ၀ါ

ဒူကဘာ said... @ December 3, 2008 8:11 PM

ဒီလို ကွန်မန့်မျိုး ရေးရတာ ခပ်လန့်လန့်ပဲ Flickr အရှိန်ကလဲ ရှိနေတာကိုး... ခင်မင်ရင်းစွဲ အားကိုးပြီး အရုပ်တွေနဲ့မို့ လွတ်လိုလွတ်ညား ပွတ်သွားတယ် ကွန်မန့်

သက်တန့် said... @ December 3, 2008 10:06 PM

ယောင်းယောင်းရေ...
တစ်ရုပ်လောက် ပစ်လိုက်ပါဗျို့... :P

မောင်ပုဂံသား said... @ December 3, 2008 10:30 PM

မခေါင်ခေါင်ရေ လာသွားပြီး ကြွားတာလေးတွေကို ဖတ်သွားတယ်နော် ကျွန်တော်က 86 မွေးပါ အစ်မလို့ မှန်းခေါ်လိုက်တာ..လွဲရင်လဲ sorry နော်..
chkmtkhaing@gmail.com နဲ့ add ထားတယ်

သဉ္ဇာ said... @ December 3, 2008 11:42 PM

သယ်ရင်းရေ
ငါ့ကိုတစ်ရုပ်ပေး ဒါပဲ ....
ပိုင်တယ်ကွာ... ငါကွ ဟိဟိ

ဗီလိန် said... @ December 4, 2008 12:59 AM

တစ်ယောက်တစ်ရုပ် ပေးထားတာထင်တယ်။ (ရည်းစား) ဟိဟိ ချိတ်ချိုးနဲ့။

Cryingman said... @ December 4, 2008 1:46 AM

ဘာမန့် ရမယ် မသိတော့ဘူး.. ဘာစိတ်ကူးတွေနဲ့ ဒီအရုပ်တွေ ဒီလောက်များများ ဝယ်ရလဲ ငါ စဉ်းစား မတတ်ဘူး..

ကောင်းကင်ကို said... @ December 4, 2008 1:50 AM

အကြွားခံသွားတယ် ညီမလေးရေ။

အိမ် said... @ December 4, 2008 3:45 AM

တော်သေးတာပေါ့ အရုပ်တွေကို မချစ်တတ်လို့ပဲ
ချစ်များချစ်တတ်ရင်တော့ ရတဲ့လစာကအရုပ်ဖိုးနဲ့ ကုန်မှာပဲ။
သူနဲ့ကြိက်မိတဲ့သူလဲ အရုပ်ဖိုးနဲ့မွဲမှာပဲ။

အိမ် said... @ December 4, 2008 3:49 AM

ဘယ်လိုဖြစ်တာလဲ စီဘောက်စ်က မရှိတော့ပြန်ဘူး လာလည်တဲ့သူရှုးအောင်လုပ်နေတယ် ဂယ်ပဲဂယ်ပဲ

ဆောင်းယွန်းလ said... @ December 4, 2008 4:24 AM

အရုပ်လှလှလေးတွေလာကြည့်သွားတယ်ညီမလေးရေ.
ပျော်ရွှင်ပါစေ......

PHYO said... @ December 4, 2008 7:45 AM

Cboxလဲမတွေ့ကြွားတဲ့သူကကြွားထားတော့လဲကွန်ပဲပြစ်ခဲ့ပါသည်
်အရုပ်လေးတရုပ်လောက်
လက်ဆောင်ပေးပါလားဟင်

လင်းဒီပ said... @ December 4, 2008 8:01 AM

ကြွားပြီ..ကြွားပြီ..ကြွားနေသည်...
ဟား..ဟ

thorn musem said... @ December 4, 2008 8:20 AM

ခေါင်ခေါင်....
ကြွားကြည့်....ကြွားကြည့်
ကြည့်ကြွား....ကြည့်ကြွား.....
တစ်ကူးတစ်က ကို ကြွားတာလာကြည့်တာ...
တော်ပါသေး...စပါ့ကသီ ခေါက်ဆွဲမပါလို့ ...။

ညီအကိုများ said... @ December 4, 2008 8:30 AM

လာရောက်အကြွားခံသွားပါတယ်..
အရုပ်တစ်ရုပ်လောက်ပေးပါလားဟင်...း)

မိုးကြယ်

အိုင်လွယ်ပန် said... @ December 4, 2008 11:28 AM

ကြွားပေါ့ :P

ညခင်းနဲ့လမင်း said... @ December 4, 2008 11:33 AM

ကြွားလိုက်တာ

တန်ဆောင်တိုင်ညစောသွားလို့ ပေါ့

နို မို့ ဆို လမင်းလက်ရာ မီလို့ ကုန်ပီမှတ် ဟီး

နောက်နှစ်မှလာခိုးတော့မယ်

အရုပ်တွေကိုပြောတာနော် ဟီး

ကလူသစ်ရဲ့ လူသစ် said... @ December 5, 2008 6:55 AM

သာမီးမှာရဲ ရုတ်ရုတ်တွေ ညားကြီးချိတယ်

Andy said... @ December 5, 2008 10:11 PM

စီဘောက်က ပေါ်လိုက်ပျောက်လိုက်နဲ့ နောက်နေတာလား ဟေ...

Post a Comment

 

Blog Archive

Lipsum

Followers