ခေါင်ခေါင်

ကိုဂစ်တာ.. ခင်ဗျား ဖတ်ဖို့...

Published by ခေါင်ခေါင် under on Saturday, December 13, 2008
မတော်တဆ ခင်ဗျားအသဲကွဲနိုင်တယ်
သေချာတာတော့  ခေါင်ခေါင်နဲ့မသက်ဆိုင်ဘူး
ခင်ဗျား ပုံပြင်တွေနားထောင်ခဲ့လို့ဖြစ်ကောင်းဖြစ်နိုင်တယ်
ခင်ဗျားက တစ်စောက်ကန်းလေ..
ပုံပြင်ဆိုတာ တစ်ကယ်မဟုတ်မှန်း မဝေခွဲနိုင်အောင် ခင်ဗျားက ခပ်ညံ့ညံ့ပဲ..
မတော်တဆ ခင်ဗျားရူးသွားနိုင်တယ်
သေချာတာတော့ ခင်ဗျား ခေါင်ခေါင့် ကဗျာတွေလာဖတ်လို့မဟုတ်ဘူး
အချစ်ကို အရူးလိုကိုးကွယ်ခဲ့လို့ဖြစ်ကောင်းဖြစ်နိုင်တယ်
ခင်ဗျားကပြောရင် နားမ၀င်ဘူး..
အဲဒိအချစ်က ခင်ဗျားရေးတဲ့ ကဗျာတွေလောက်တောင် ဖတ်လို့မကောင်းဘူး..
(ဒီလိုပြောရင် ခင်ဗျားက အကြီးအကျယ် ငြင်းဦးမယ် )
မတော်တဆ ခင်ဗျားသေသွားနိုင်တယ်
သေချာတာတော့ ခေါင်ခေါင်နဲ့ ရန်ခဏခဏ ဖြစ်ရလို့မဟုတ်ဘူး
ခင်ဗျားစိတ်နဲ့ကိုယ်နဲ့သဟာဇာတမဖြစ်တော့လို့ဖြစ်ကောင်းဖြစ်နိုင်တယ်
ခင်ဗျားက ဒေါသကြီးတယ်လေ..
အစွဲအလန်းကြီးလွန်းတော့ ခင်ဗျားမြင်မကောင်းအောင် လူးလှိမ့်နေတာပေါ့....
မတော်တဆ ခင်ဗျားဟာ ခင်ဗျားပြန်ဖြစ်နိုင်တယ်
အချစ်ဆိုတာကို မယုံကြည်ပဲ ခင်ဗျားနေနိုင်တယ်
အသဲကွဲတဲ့အခါ အစားတွေမစားပဲ အရက်သောက်ပစ်နိုင်တယ်
အဖေနဲ့အဆင်မပြေရင် ၃ ရက်လောက်မအိပ်ပဲ နေနိုင်တယ်
ခင်ဗျားချစ်သူ အကြောင်းမစဉ်းစားပဲ ကဗျာတွေလှိမ့်ရေးနိုင်တယ်..။
စိတ်အစာမကျေရင် ခေါင်ခေါင်နဲ့ အော်ကြီးဟစ်ကျယ် ရန်ဖြစ်နိုင်တယ်။
ခင်ဗျားဟာ ..ခင်ဗျားပဲ...ကိုဂစ်တာ....
ဒီလိုပဲပေါ့ပေါ့ပါးပါးတွေးပါ....။ ။




18 comments:

ဖိုးဂျယ် said... @ December 13, 2008 12:14 PM

ခေါင့် ကဗျာ တမျိုးပဲ အကို နင့်သလိုကြီးပဲ
ကိုယ်နဲ့ တိုက်ဆိုင်တာတွေပါလို့လားတော့
မသိဘူး။ အသက်ရှုတောင် ကျပ်သွားတယ်။
ခေါင်တို့များရေးလိုက်ရင်လန်ထွက်နေတာပဲ
ကိုယ့်ကိုကိုယ်တောင်ရှက်လာတယ်။

အိမ် said... @ December 13, 2008 2:09 PM

ဘာတွေဘယ်လိုဖြစ်ကုန်တာလဲဗျ
လိုက်လို့ကိုမမှီတော့ဘူး ထူးဆနးပါပေ့ ကဗျာနဲ့
ရန်တွေ့တာလေးမှတ်သားသွားပါတယ်ခင်ဗျ

မိုးသား said... @ December 13, 2008 4:29 PM

ကောင်းလှချည်လားခေါင်ခေါင်
နင် ဘယ်လို အိုင်ဒီယာရတာလဲ
ဟဲဟဲ..
ငါ့ကိုလဲ တစ်ပုဒ်လောက်ရေးပေးပါလား
ကိုမိုးသား...
နင် ထမင်းငတ်နေတာ ငါနဲ့ မဆိုင်ဘူးဆိုပြီး...လေ
ဟားဟား

မောင်ရှင်းသန့် said... @ December 13, 2008 8:09 PM

မခေါင်ခေါင်ရေး တဲ့ ကိုဂစ်တာ ဖတ်ဖို့ဆိုတဲ့ ကဗျာကို
ကိုဂစ်တာကြီး ကော်နက်ရှင်မကောင်းလို့ မဖတ်နိုင်ရှာဘူးဗျ

ဒါနဲ့ ကျနော် ကော်ပီကူးပြီး ပို့ပေးလိုက်တယ် :P

ဆောင်းယွန်းလ said... @ December 13, 2008 9:52 PM

ကိုဂစ်တာဖတ်ပြီးမပြီးတော့မသိဘူး
အကိုတော့လာဖတ်သွားပြီညီမရေ..
ရွှင်လန်းပါစေ.....

pandora said... @ December 13, 2008 11:34 PM

ကိုဂစ်တာဖတ်ဖို့ကဗျာကို ကူဖတ်သွားတယ်

ငွန်ငယ် said... @ December 14, 2008 12:02 AM

ချစ်ခေါင်တို့ ကတော့ လုပ်ချလိုက်ပြန်ဘီ။ရေးချက်ကတော့ လှန်ထွက်နေတာပဲ(အဟီး..အရေးအသား)။
ကိုဂစ်တာပဲ ဖတ်ရမှာပေါ့နော့...တားတား..
တို့ရောဖတ်လို့ ရဘူးပေါ့နော့...ရဘူး.ရဘူး..
ဖတ်တွားတယ်ဒါပဲ .. .
မကျေနပ်ရင်..ကော်ကော်တိုက်

တောင်ပေါ်သား said... @ December 14, 2008 6:44 AM

မခေါင်ရေ ကိုဂစ်တာ ဖတ်ဖို့ကို ကျနော်တို့ အရင် ဖတ်သွားပြီးဗျာ.........

ညီအကိုများ said... @ December 14, 2008 8:53 AM

အရေးအသားကတော့ လန်းပြီးရင်းလန်းနေတာပဲ..

မိုးကြယ်

ဗီလိန် said... @ December 14, 2008 7:18 PM

ခေါင်တို့ကတော့ ရေးလိုက်ရင် ကောင်းမှကောင်းပဲ။

ကိုဂစ်တာ said... @ December 14, 2008 7:56 PM

ကဲမိခေါင်ရေ...
မြန်မာနိုင်ငံက connection ကြားမှာဗျာများနေရတုန်း
နင်ရေးတဲ့ကဗျာလေးကို ဖတ်ချင်တာမှ ရွနေတာပဲ။
နင်ပြောကတည်းက ဖတ်ချင်နေပေမယ့် ဘယ်လိုမှ အဆင်မပြေဘူးဟာ။
အခုတော့ဖတ်လို့ရပြီ။ ဒါပေမယ့်သေချာမဖတ်သေးဘူး။ ကွန်မန့်အရင်ပေးချင်လို့း)
အရင်က ရေးတဲ့ကဗျာတွေထက် ပိုကောင်းလာတယ်။ ဒီလိုကဗျာမျိုးလေးတွေက တစ်ခါတစ်လေမှ ထွက်လာတတ်တာဆိုတော့ မိုက်တယ်ဟာ။ ပြီးတော့ နင်အားပေးထားတဲ့ စာသားလေးတွေကို ကျေးဇူးတင်ပါတယ်။
အထူးသဖြင့် "ပုံပြင်ဆိုတာ တစ်ကယ်မဟုတ်မှန်း မဝေခွဲနိုင်အောင် ခင်ဗျားက ခပ်ညံ့ညံ့ပဲ..
မတော်တဆ ခင်ဗျားရူးသွားနိုင်တယ်
သေချာတာတော့ ခင်ဗျား ခေါင်ခေါင့် ကဗျာတွေလာဖတ်လို့မဟုတ်ဘူး
အချစ်ကို အရူးလိုကိုးကွယ်ခဲ့လို့ဖြစ်ကောင်းဖြစ်နိုင်တယ်"
ဆိုတဲ့ စာသားလေးတွေကို ကြိုက်တယ် ခြုံပြောရရင် တော်တော်လေးကောင်းတယ်။း) အရက်တော့်မသောက်ပါရစေနဲ့ မောင်ခိ ရယ်။ ငါအူရိုင်းသမားမို့ပါ။
တစ်ကယ် ကောင်းတဲ့ စာသားက ဒီမှာ...
"မတော်တဆ ခင်ဗျားအသဲကွဲနိုင်တယ်
သေချာတာတော့  ခေါင်ခေါင်နဲ့မသက်ဆိုင်ဘူး
ခင်ဗျား ပုံပြင်တွေနားထောင်ခဲ့လို့ဖြစ်ကောင်းဖြစ်နိုင်တယ်
ခင်ဗျားက တစ်စောက်ကန်းလေ..
ပုံပြင်ဆိုတာ တစ်ကယ်မဟုတ်မှန်း မဝေခွဲနိုင်အောင် ခင်ဗျားက ခပ်ညံ့ညံ့ပဲ..
မတော်တဆ ခင်ဗျားရူးသွားနိုင်တယ်
သေချာတာတော့ ခင်ဗျား ခေါင်ခေါင့် ကဗျာတွေလာဖတ်လို့မဟုတ်ဘူး
အချစ်ကို အရူးလိုကိုးကွယ်ခဲ့လို့ဖြစ်ကောင်းဖြစ်နိုင်တယ်"

ယုသာ said... @ December 14, 2008 9:30 PM

ညီမလေးရေ....ကျက်သီးတွေဘာတွေတောင်ထသွားတယ်။ အဲဒီ့လိုပွင့်ပွင့်လင်းလင်းနဲ့ တည့်တည့်ရေးနိုင်ဖို့ဆိုတာ သိပ်မလွယ်ဘူး။

အားပေးလျှက်..

Nyein Chan Aung said... @ December 14, 2008 11:09 PM

သိပ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ပဲ။

မောင်မျိုး said... @ December 15, 2008 9:04 AM

ငါထင်တာ နင်တို့ တွေ ရန်ဖြစ်ကြပြန်ပြီလားလို့  ဟုတ်ဘူးးကိုးး =)

Upasaka said... @ December 15, 2008 6:31 PM

ညီမ ရောက်ဖြစ်တယ် သေသေချာချာ ဖတ်တယ်
အသက်လေးနဲ့မမျှဘူးတွေးတာလေးတွေက..လက်တွေ့
ကျနေတော့ လည်း..ကောင်းတာပေါ့ဗျာ။

flowerworld said... @ December 16, 2008 9:19 AM

မိခေါင်ရေရန်များဖြစ်နေတာလားလို့..ဟိဟိ
ငါကလက်ခုပ်လာတီးမလို့....း)
စတာပါကွာ...ရေးထားတာလန်းတယ်ကွ

တင့်ထူးရွှေ said... @ December 20, 2008 9:10 AM

အရမ်းကောင်းတယ် ကဗျာလေး ၊ ရိုးလေကောင်းလေပဲ :)

မောင်ခင်လေး said... @ January 4, 2009 3:33 PM

နှစ်သက်မိပါရဲ့ :) ကောင်းသောနေ့ပါ မခေါင်ခေါင် :)

Post a Comment

 

Blog Archive

Lipsum

Followers