ခေါင်ခေါင်

အမေ့အတွက်

Published by ခေါင်ခေါင် under on Saturday, January 10, 2009
ကျွန်မလည်း ကမ္ဘာပေါ်ရှိ သားသမီးများအားလုံး ကဲ့သို့ အမေအားသိပ်ချစ်သည်။ အားကိုးတွယ်တာသည်။ အမေပေးခဲ့သော ရှင်သန်မှုဘ၀တစ်ခုဖြင့် ရိုးသားစွာ ကြိုးစားရင်း ကျွန်မဘ၀အစိတ်အပိုင်းများအားလုံး အဆင်ပြေပြေအောင်မြင်စွာ ဖြတ်သန်းခဲ့ပါသည်။ ကျွန်မဘေးမှာ အမေဆိုသော သူရဲကောင်းတစ်ယောက်က ကျွန်မဘ၀လုံခြုံအောင်မြင်စေဖို့ အမြဲရှိနေပေးခဲ့သည်ပဲ..။

လူတစ်ကာ အံသြလောက်အောင် အမေနှင့်ကျွန်မ ကရုပ်ချင်းချွတ်စွပ်တူသည်။ အမေအသက်၂၀ လောက်က ဓါတ်ပုံများမှာ အခုကျွန်မပုံနှင့် တစ်ထပ်တည်း တစ်ပုံစံတည်း ..။ စိတ်ကလည်း အမေနှင့် တစ်သားတည်း..။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ တွေးခေါ်ပုံ ပြောပုံဆိုပုံ ခံယူချက်.. အားလုံး. အမေ့အတိုင်း .. ။ အဘွား နှင့် အဒေါ်များ အမေ့သူငယ်ချင်းများ အားလုံးက စကားစပ်မိတိုင်းပြောကြသည် ..ကျွန်မလုပ်သမျှ အရာတိုင်းက အမေငယ်ငယ်က အတိုင်းဖြစ်ဖြစ်နေသောကြောင့်တဲ့…။ အံသြစရာမရှိ.. ကျွန်မက အမေမွေးထားသော အမေ့သမီးအရင်းခေါက်ခေါက်ပဲ..။ အမေနဲ့ တူနေတာ ဘာများဆန်းလို့လဲ..။


အမေကျွန်မဘေးမှာ အမြဲရှိခဲ့ပေးသည်။ အကူအညီ အကြံညာဏ်အမြဲပေးသည်။ ဘယ်တော့မှ တားဆီးပိတ်ပင်ခြင်းဆိုတာမရှိခဲ့..။ ကျွန်မဖြစ်ချင်သော အရာအားလုံး အဆင်ပြေပြေဖြစ်လာစေရန် အမြဲကူညီပေးသည်။ ကျွန်မအိပ်မက်များကို အတူကူမက်ပေးသည်.. အတူရင်ခုန်ပေးသည်။ အမေရှိသောကြောင့် ကျွန်မဘယ်အရာကိုမှ မကြောက်လန့်ခဲ့.. ။ အမေ့အားကိုးနှင့် ကျွန်မအမြဲစွတ်တိုးခဲ့တာ…။

ခုတော့ကျွန်မနားမှာ အမေမရှိ.. ဖုန်းခဏ ခဏခေါ်ရအောင်လည်း ကျွန်မအတွက် ဘက်ဂျက်က သိပ်အဆင်မပြေ…။ ဖြစ်နိုင်ရင်တော့ အမေ့အသံနေ့တိုင်းကြားချင်တာပါ.. အင်အားအပြည့်ပါတဲ့ အမေ့အသံ စူးစူးလေး ကြားလိုက်ရရင် ဘ၀အမောတွေ ကနေခဏပြေပျောက်သွား သလိုပဲ..။

ဒီနေ့တော့ ကျွန်မအမေကိုလွမ်းဆွတ်လွန်းလို့ ဖုန်းခေါ်ခဲ့သည်။ အမေ့အသံ ..အမေ့နှုတ်ဆက်သံမှာ ကျွန်မရင်တစ်ခုလုံးချိုမြသွားခဲ့ပါသည်..။
“ဟိတ်ကောင် .. ဒီအချိန်ကြီး… အိပ်မပျော်လို့လား.. နေမကောင်းဘူးလား.. “
“လွမ်းလို့..မေကြီး..ကို..”
…………………………….
……………………………
“ဒီနေ့အိမ်မှာ မုန့်ဟင်းခါ ချက်စားကြတာ . ငါ့သမီးကို သတိရလို့ မေကြီးမစားနိုင်ဘူး “
“သမီး အတွက် ဟင်းတွေ ထည့်ပေးလိုက်တယ်.. မနက်ဖြန်ရောက်လိမ့်မယ်”
“ဘာမှ စိတ်မညစ်နဲ့ . စိတ်ဆင်းရဲခံပြီး မနေနဲ့ ပြန်ချင်တဲ့ အချိန် .. အချိန်မရွေးကောက်ပြန်လာခဲ့”
“အလှုမှာ ငါ့သမီးအကြောင်းဝိုင်းမေးကြလို့ ပြောပြလိုက်တယ် နားတွေညည်းသွားကြမလား မသိဘူး….”
ဖုန်းထဲကနေ အမေမေးသမျှဖြေ အမေပြောတာတွေနားထောင် စိတ်ထဲရှိတာတွေ အမေ့ကိုလျှောက်ပြော.. ရင်းနဲ့ ကျွန်မရင်ထဲ မွန်းကျပ်ပိတ်လှောင်နေသမျှ ပြေလျော့သွားခဲ့ပါတယ်..။

အမေပေးခဲ့သော ဘ၀တစ်ခုဟာ .. အမေ့အတွက်ပဲဖြစ်သင့်တယ်လို့ ကျွန်မခံယူထားပါတယ်။ ကျွန်မရဲ့ အခုလက်ရှိဘ၀ …နောက်ထပ်ဖြစ်ဖို့ မျှော်မှန်းနိုင်သမျှ အားလုံးကလည်း ဒီအမေ့ကျေးဇူးတွေကြောင့်ပဲလေ..။
အချိန်တစ်ချိန်ရောက်ရင်တော့ ကျွန်မကို အရမ်းချစ်တဲ့ အမေ့နားကို အပြီးပြန်တော့မယ်….။ အမေ့နားမှာနေရတဲ့ဘ၀လောက် ငြိမ်းချမ်းတာ အရာရာ အဆင်ပြေတာမရှိလို့ပါပဲ..။

(ကမ္ဘာပေါ်ရှိအမေများအားလုံး ကျန်းမာပျှော်ရွင်ကြပါစေ)

28 comments:

ဖြိုးငယ် said... @ January 10, 2009 6:37 PM

အမေတူသမီးလေးပေါ့ ... ဟုတ်လား ...
အော် .. အမေနေ့ပိုစ့်တွေ ဖတ်ရင်း အမေ့ကို ပိုပိုလွမ်းလာတယ်ကွာ

ဆောင်းယွန်းလ said... @ January 10, 2009 6:45 PM

အမေနဲ့ငါ့တူမကြီးအမြန်ဆုံးပြန်တွေ့ရမှာပါ..
မုန့်ဟင်းခါးရောက်လာရင်ကျန်တဲ့လူတွေအတွက်ပိုစား
ပေးလိုက်ဦး..
ခင်မင်လျက်...

ဝါ၀ါခိုင်မင်း said... @ January 10, 2009 7:16 PM

ညီမလေးရေးတဲ့ အမေအတွက်ပို့စ်လေးဖတ်ပြီး
မေမေကိုပိုလွမ်းသွားမိတယ်.

အမေများအားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

meimeistar said... @ January 10, 2009 8:18 PM

ဘာမှ စိတ်မညစ်နဲ့ . စိတ်ဆင်းရဲခံပြီး မနေနဲ့ ပြန်ချင်တဲ့ အချိန် .. အချိန်မရွေးကောက်ပြန်လာခဲ့”

ဒီစာသားလေးဖတ်ပြီးမေ့ကိုပိုလွမ်းလာတယ်
မေကလဲသမီးကိုဒီလိုဘဲ အမြဲမှာတယ်

ဖြိုးစကီး said... @ January 10, 2009 8:34 PM

ခေါင်ခေါင့်ရဲ့ မေမေ့အကြောင်းလေး
Share တဲ့ အတွက်
ထပ်တူထပ်မျှ ခံစားနားလည်ရပါတယ်..။
အနော်ကတော့
မေမေနဲ့ရန်ဖြစ်တဲ့အချိန်လေးတွေကိုပဲ
လွမ်းနေလို့လားမသိဘူး
ဖြစ်နိုင်ရင် နောက်ထပ်
ရန်ဖြစ်ချင်သေးတယ်.
စိတ်ကောက်ချင်သေးသဗျ..
ဟိုးတလောက..
အနော်ဝယ်ပြီးပို့ပေးလိုက်တဲ့အိတ်တွေလေ..
မေမေ့ညီမတွေလာလို့
တစ်အိတ်စီ လက်ဆောင်ပေးလိုက်လို့
မေမေ့ကို စိတ်ဆိုးစိတ်ကောက်ရသေးတယ်.. ဟီး..။

:D

ငွန်ငယ် said... @ January 10, 2009 8:56 PM

ဟေ့ကောင် နင်ရုတ်တာနဲ့ နာတောင် ငိုချင်လာဘီ။ငိုချင်ရက် နဲ့ လက်နဲ့ တို့တာလား
ချစ် ခေါင်ရ..ဟင့် လွမ်းလိုက်တာ။အမေ ..ရေ
သမီးက သူလောက် မရေးတက်ရို့ပါ..

မမသီရိ said... @ January 10, 2009 8:56 PM

ချစ်စရာ ကောင်းလိုက် တဲ့ အရေးအသားလေး..
ဒီလို သမီး မျိုးလေး..ဘယ်အမေ က
မချစ် နေနိုင်ပါ့ မလဲ ကွယ်....
အမေ့ ရင် ခွင် နွေးနွေး အမြန် ပြန်ပြေး
ခိုနား လို့ ရတဲ့ ရက် လေး တွေ ရပါစေ....

တောင်ပေါ်သား said... @ January 10, 2009 9:05 PM

အမခေါင်ရေ ချစ်သောအမေနဲ့ အတူတူနေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ

အရုပ်ကလေး said... @ January 10, 2009 9:32 PM

ညီမ.. အမေအတွက် ပို့စ်တွေကို လိုက်ဖတ်ဖြစ်တယ်..
အစ်ကိုလည်း .. အမေ့ကို သတိရနေတယ်
ပို့စ်တွေ အားလုံး ဖတ်ရတာ ကြည်နူးမိပါတယ်
အမေနဲ့ ပတ်သက်တာတွေ ရေးထားကြတော့
အခု ညီမရေးတဲ့ ပို့စ်လေးကတော့ ထိချက်ပြင်းသွားတယ်
ဖတ်ရတာ .. အမေကိုတန်ဘိုးထားတဲ့ သူတွေ အောင်မြင်မှု သရဖူဆောင်းနိုင်ပါစေ

မောင်ပိစိ said... @ January 10, 2009 9:39 PM

လိမ္မာတယ်.. သမီးက... :) သာဓု x ၃
အမေ စိတ်ချမ်းသာအောင် ထားနိုင်ပါစေ..

GreenGirl said... @ January 10, 2009 9:58 PM

အမေပြောတဲ့ စကားတွေက တူတူတွေပါပဲလား ညီမလေးရယ်း(

မောင်သစ်ဆင်း said... @ January 10, 2009 10:54 PM

မွေးမာတာအတွက် ပို့လေးကို ဖတ်သွားပါတယ်.. ကမ္ဘာ ပေါ်ရှိ အမေများ အားလုံး သုခကျန်းမာ အပေါင်း ပြည့်စုံနိုင်ပါစေလို့ ငါလဲ ဆုတောင်းတယ်.. သားသမီးတိုင်းလဲ မိဘကျေးဇူးတွေကို သိတတ်ကြပါစေပေါ့..။ ငြိမ်းချမ်းတဲ့ အမေ့ရင်ခွင်ထဲ အမြန်ဆုံး ပြန်နိုင်ပါစေ မိခေါင်ရေ..

ကိုတိုး said... @ January 10, 2009 10:58 PM

အမေအတွက်ပိုစ့်လေးလာဖတ်သွားတယ်နော်။ ရေးထားတာ အရမ်းကောင်းတယ်နော်။ အားလုံးသောသူတွေက မွေးသမိခင်ကိုတော့ အရမ်းချစ်တကျတယ်နော်။ အဆင်ပြေပျော်ရွှင်ပါစေဗျာ။ နောက်လည်းလာလည်မယ်နော်....... ခေါင်ခေါင်

အိမ် said... @ January 10, 2009 11:04 PM

အမေတူသမီးလေးရေ စာတွေ အရမ်းကောင်း
တယ်ဗျာ ဖတ်ရင်းနဲ့ အမေ့ကိုတောင် သတိရ
သွားတယ်ဗျ။ အချိန်တချိန်ရောက်ရင် အမေ့နား အပြီး ပြန်မယ်ဆိုတော့ အမေ့ကို အသက်ကြီးမှ
ဘာဒုက္ခပေးမလို့လဲ အဲဒီအချိန်ထိရော သူတစ်
ယောက်ထဲပဲလို့များ ထင်နေလား အမေအသက်
ကြီးမှ ဒုက္ခမပေးပါနဲ့ အေးအေးချမ်းချမ်းနဲ့ တရား
အားထုတ်ပါစေဗျာ။ဟီ

ချစ်ခြင်း ခြေရာ said... @ January 11, 2009 2:13 AM

အမေတူသမီး ခေါင်ခေါင် အမေ့ကို ကျေူးဇူးဆပ်နိုင်ပါစေ။ သမီးလိမ္မာလေးဖြစ်နိုင်ပါစေ။

ကေလာ said... @ January 11, 2009 2:27 AM

အော် အမေ အမေ ..

Craton said... @ January 11, 2009 4:31 AM

မခေါင်.. လာဖတ်တယ်.. သိပ်ဖတ်လို့ကောင်းတယ်ဗျာ။
တကယ်ပဲ မေမေ့ကိုလွမ်းမိတယ်။ မမလည်း အမြန်ဆုံး မေကြီးနဲ့တွေ့ဆုံနိုင်ပါစေနော်။

ဖိုးဂျယ် said... @ January 11, 2009 4:33 AM

အမေတူသမီးလေးရေ စားစရာတွေရော
နောက်တပတ်ရောက်မှာလား
ပိုစားပေးနော် အရေးအသားက
အရမ်းမိုက်တော့ မျက်ရည်တောင်ဝဲတယ်
အောင်မြင်မှုတွေ့နဲ့ အိမ်မြန်မြန်ပြန်နိုင်ပါစေဗျာ

ပျူနိုင်ငံ said... @ January 11, 2009 12:45 PM

တစ်နေ့ကျရင် သားအမိ နှစ်ယောက် အတူတူ ပျော်
ရွှင်နိုင်မှာပါ။ အောင်မြင်မှုတွေနဲ့ အမေဆီ ပြန်နိုင်ဖို့
ကြိုးစား ညီမလေးရေ။

မောင်မျိုး said... @ January 11, 2009 6:36 PM

ဒါဆို နင့်အမေလည်း နင့်လိုလှမှာပေါ့း) အမေကို လွမ်းတာချင်း တူတယ်ဝေ့ ။
“ဘာမှ စိတ်မညစ်နဲ့ . စိတ်ဆင်းရဲခံပြီး မနေနဲ့ ပြန်ချင်တဲ့ အချိန် .. အချိန်မရွေးကောက်ပြန်လာခဲ့” အဲ့စကားလေးတွေ့တော့ ထူးဆန်းသွားတယ် ငါ့အမေလည်းငါ့ကို အဲ့လိုပြောဖူးလို့ ။

mirror said... @ January 11, 2009 11:54 PM

မေမေ..နေကောင်းလား..မေမေ..။(ထူးအိမ်သင်) ဆိုထားတာပါ..။အဲ့ဒိသီချင်းရဲ့အဲ့ဒိနေရာရောက်တိုင်း ခုခေါင့်ခေါင့်စာဖတ်ရတာနဲ့ တူတူပဲ..။ငိုမိလိမ့်မယ်..ဖတ်ပြီး..ဘ၀တူတွေအများကြီးရှိတယ်နော်။အားမငယ်နဲ့..။ :)

ဖားကြီး said... @ January 12, 2009 7:10 AM

ဟဲ့... လွမ်းနေရင် ပြန်လာခဲ့... ငါနင်တို့ အိမ်က စာမေးပွဲဖြေရင်
လိုက်ပို့တာ သတိရသေးတယ်... ဟိ.. ဟိ တက္ကသိုလ်ရောက်တာတောင်
နင်တို့ကောင်မလေးတွေကို အမေတွေက စိတ်မချဖြစ်နေတာပြောပါတယ်..

အိုင်လွယ်ပန် said... @ January 12, 2009 9:39 AM

အမေကိုချစ်တဲ့သမီး ဘဝခရီးတစ်လှောက်အစစအရာရာ
ဖြောင့်ဖြူးသာယာပါစေဗျာ....

- said... @ January 12, 2009 11:30 PM

အမေ့အတွက် အမှတ်တရပို့စ်လေး
နှစ်သက်စွာနဲ့ လာဖတ်ပါတယ်။
အမေ့ကျေးဇူးကို သိတတ်တဲ့ သမီးလေးမို့
ဘုန်းကြီးလို့ သက်ရာကျော် ရှည်ပါစေနော်။

http://winzaw-mdy.blogspot.com

tututha said... @ January 19, 2009 9:09 PM

ချစ်စရာကောင်းလိုက်တဲ့ ညီမလေး

အချစ်မဲ့ဂစ်တာ said... @ November 15, 2009 3:47 AM

ပို့စ်လေးဖတ်ပြီး အမေ့ကို လွမ်းမိပါတယ်....

ကာရံမဲ့ said... @ January 10, 2010 4:54 AM

အမေတူ သမီးလေးဆိုတော့ ဖေဖေက ပိုချစ်မှာပေါ့နော်...

ကျွန်တော်လည်း အမေနဲ့ ခွဲနေသူဖြစ်လို့ အမေ့ကို လွမ်းမိတယ်.။ အမေနဲ့ တခါ တခါ အမေ မကြိုက်တာကိုများ လုပ်မိရင် အမေဆူမလားဆိုပြီး စိတ်ထဲမှာ စိုးရိမ်နေမိတယ်.။

Étoile said... @ November 3, 2011 1:25 AM

အားကျလိုက်တာ အဲလိုလေး မေမေနဲ့ သူငယ်ချင်းပေါင်းပေါင်းနိုင်တာကို...

Post a Comment

 

Blog Archive

Lipsum

Followers