မွေးနေ့..ဆုတောင်း..
Published by ခေါင်ခေါင် under မွေးနေ့ဆုတောင်း on Thursday, December 04, 2008(ကိုဂျဲ အတွက်...... မွေးနေ့လက်ဆောင် Hamster တစ်ကောင်.... )
တစ်ခါတစ်ရံမှာ.. ဒီဇင်ဘာ ၅ ရက်နေ့ဆိုတာ...
သောကြာနေ့ဖြစ်ခဲ့တယ်။...
ငါယုံကြည်တာကတော့ အနူးညံ့ဆုံး နှလုံးသွေးစက်တွေက
သူ့ရင်ထဲက အမှန်တရားတွေရဲ့ တစ်စိတ်တစ်ပိုင်းပဲနေလိမ့်မယ်။
ငါတို့အားလုံးအတွက်တော့ သူဟာ သူရဲကောင်းတစ်ယောက်ပဲ..
ငြိမ်းချမ်းချိုမြိန်ခြင်းတွေ..သာသူဆောင်ယူလာပေးတတ်တယ်..။
ငါတို့ရဲ့အမှားတွေကို နားလည်စွာ ခွင့်လွှတ်တယ်...။
ငါတို့ရဲ့ ဆိုးနွဲ့မှုတွေကို.. အပြုံးနဲ့မသိဟန်ဆောင်တယ်...။
ငါတို့ရဲ့ နာကျင်မှု တွေကို နွေးထွေးစွာ မျှဝေခံစားတယ်...။
ငါတို့ရဲ့ ဒဏ်ရာတွေကို ဖြေဖြောက်နှစ်သိမ့်ပေးတယ်...။
ဘာပဲဖြစ်ဖြစ် သူဟာငါတို့ရဲ့အစ်ကိုဖြစ်နေတာကို..ကျေနပ်တယ်..။
ငြိမ်းချမ်းပါစေ. အဆင်ပြေသာယာပါစေ..။
ချောမွေ့အနှောက်အယှက် ကင်းသော ဘ၀လမ်းကို
ခပ်ပိန်းပိန်းမလေးနဲ့ အတူလျှောက်ခွင့်ရပါစေ...။
မျှော်လင့်အိမ်မက်သောအရာအားလုံး အပိုင်ရပါစေ....။
ဒါဟာ..ကဗျာမဆန်တဲ့ မွေးနေ့ဆုတောင်း တစ်ခုဖြစ်ချင်ဖြစ်မယ်...။
တစ်ခါတစ်ရံ..ဒီဇင်ဘာ ၅ ရက်နေ့ဆိုတာ...
သောကြာနေ့...ဖြစ်နေခဲ့တယ်...။
ခေါင်ခေါင်
6 comments:
Hi,
Canon Digital Rebel XSi 12MP Digital SLR Camera (Black Body Only)
Technical Details
* 12.2-megapixel CMOS sensor captures enough detail for poster-size, photo-quality prints
* Large 3.0-inch LCD display; Enhanced Live View function
* DIGIC III image processor provides fast, accurate image processing; improved Autofocus and framing rate
* EOS Integrated Cleaning system, plus Dust Delete Data Detection in included software
* Stores images on SD/SDHC memory cards (not included)
Canon Digital Rebel XSi 12MP Digital SLR Camera (Black Body Only)
တီတီခေါင်ရေ ကျေးဇူးကမ္ဘာပါ
အခုလို မောင်နှမဖြစ်ခွင့်ရတာ
ရှေးရေစက်ကြောင့်ပေါ့နော်
အခုလို ဂရုတစိုက်ရှိတဲ့အတွက်
ကျေးဇူးပါ ခေါင်
ရွှင့်လမ်းချမ်းမြေ့ပါစေ
မွေးနေ့ရှင် တစ်ယောက် အေးချမ်းသော ဒီဇင်ဘာနှင်းတွေလိုပဲ ထာဝရ အေးချမ်းပါစေဗျာ ..
ခေါင်ခေါင်ရေ .. ဘယ်နှနှစ်ပြည့်တာလဲ ထည့်ရေးဦးလေ..
ကောင်းပါတယ် ကောင်းပါတယ် ... ဟိ ... ဆီဗောက်မရှိတာ တော်တော် ဆိုးတယ် ..
ထပ်တူထပ်မျှဆုတောင်းပေးပါတယ်ဗျာ
ဟိဟိ အချောင်ခိုတာတော့ မဟုတ်ပါဘူး
မွေးနေ့ရှင်အတွက် ၀ိုင်းဆုတောင်းပါတယ်
ညီမရေ။
Post a Comment