ခေါင်ခေါင်

ဘာညာသရကာ Tag

Published by ခေါင်ခေါင် under on Friday, October 24, 2008
ဗီလိန် အတွက် ပိုစ့်ပါ.. မအားတဲ့ ကြားကရေးလိုက်ပါပြီ.. သူကတော့ ခုချိန်မှာ ဟက်ပီး ဒီပါပလီ ဆိုပြီး ကေအယ်လ် မှာ ပျော်နေမှာပေါ့။ ကောင်းပါတယ် .. ပျော်ကြပါ။ ပျော်နိုင်ကြပါစေ... ခေါင်ခေါင် ကတော့ အလုပ်တွေ တစ်ပုံကြီးနဲ့ ချာလပတ် ရမ်းနေတုန်းပါပဲ။ အစ်ကိုအမ သူငယ်ချင်း မောင်လေး ညီမလေး အားလုံး ဟက်ပီး ဒီပါပလီ ပါနော်။ ပျော်ရွင်ကြပါစေ။ အဆင်ပြေကြပါစေ။

ဗီလိန်ရေ.. ကျွန်မ မေးခွန်းတွေ ဖြေတဲ့ပုံစံမျိုးပဲရေးထားတယ်။ ကျွန်မလဲ ၁၀၀ ရအောင် ကြိုးစားပြီး ဖြေထားပါတယ်။

၁။ သူ နဲ့ ဘယ်လိုပက်သက်လဲ။
အရမ်းကောင်းတဲ့ ဘော်ဒါပါ။ ကျွန်မ နှိပ်စက်သမျှ သည်းခံတယ်။ အမြဲတမ်း ကျွန်မ ကို စနှုတ်ဆက်တယ်။
ကျွန်မတို့ နှစ်ယောက်ကြားမှ အရမ်းကောင်းတဲ့ Relation ရှိတယ်။

၂။သူ့အပေါ်ထင်မြင်ချက် (၅)ချက်
ဆရာလုပ်တယ်
သူများကို အမြဲဒုက္ခပေးဖို့စဉ်းစားတယ်
ရယ်စရာပြောတတ်တယ်
ဇီဇာကြောင်တယ်
အရမ်းစတယ်

၃။အမှတ်တရ အဖြစ်ဆုံးသူလုပ်ပေးခဲ့ဖူးတာ-
ကျွန်မ ပိုစ့်တစ်ခု တင်ရင်း ဘာတွေမှားနှိပ်မိမှန်း မသိဘူး။ အားလုံး ပျောက်ကုန်ရော.. အဲဒါ သူပြန်လုပ်ပေးတယ် အကုန်လုံး ပြန်ရအောင်။ အဲဒိ တုန်းက ကျွန်မ ကဘယ်လို မှ မရတော့လို့ အရမ်းစိတ်ညစ်နေပြီ။ သူက အခါခါ မရရအောင် ပြန်လုပ်ပေးတယ်။ ဗီလိန်... အဲဒိတုန်းက တစ်ကယ်ကျေး ဇူးပဲ။ မပြောရဘူး ဆိုလို့..ခုမှပြောတာ:P

၎။အမှတ်တရ အဖြစ်ဆုံး သူပြောခဲ့တဲ့ စကား-
ကျွန်မ ကိုမင်းသမီးလုပ်တဲ့။ သူက ၂ ကိုယ်ခွဲ မင်းသားရော ဗီလိန်ရော..လုပ်မယ်.. အဲလို ပြောဖူးတယ်။

၅။သူသာ ကျွန်မချစ်သူဖြစ်လာခဲ့ရင်-
ကျွန်မနားမှာပဲအမြဲ နေပေးပေါ့

၆။ကျွန်မချစ်သူဖြစ်လာရင် သူဘာတွေ ပြောင်းလဲရမလဲ-
ဇီဇာ မကြောင်နဲ့. ကျွန်မကို အမြဲနားလည်ပေးဖို့ ကြိုးစား. ကျွန်မက တစ်ခါတစ်လေ ကြောင်တောင်တောင်လေ..

၇။သူက ကျွန်မ ရန်သူဖြစ်နေမယ်ဆိုရင်-
ကျွန်မသူနဲ့ ဘယ်တော့မှ မတွေ့တော့ဘူး။ သူအကြောင်းဘယ်တော့မှ မစဉ်းစားတော့ဘူး။

၈။ရန်သူဖြစ်လာစရာ အကြောင်းရင်းကရော-
သူကျွန်မ အပေါ်မရိုးသားလို့.. ကျွန်မကို ညာလို့.. အဲဒါကြောင့်ပဲ ဖြစ်မှာပါ။

၉။သူ့အတွက် ဆန္ဒအရှိဆုံး လုပ်ပေးချင်တာလေး-
ကျွန်မချက်တဲ့ ဖြစ်သလို ဟင်းတွေ အတင်းစားခိုင်းမယ်.. ဟီးဟီး

၁၀။သူ့အပေါ် ခြုံပြီးသုံးသပ်ကြည့်ရင်-
ဗီလိန်ဆိုတဲ့ အတိုင်း တစ်ခုမှ ကောင်းတာ မရှိပါဘူး။ ကျွန်မ ကိုတော့ သည်းခံရှာတယ်။ :P ပြိုင်ပြီးပြောတိုင်း မနိုင်လို့တဲ့.... ။

၁၁။ကျွန်မ အပေါ်ပတ်ဝန်း ကျင်ရဲ့ထင်မြင်ချက်တွေကို ဘယ်လိုမြင်လဲ-
ဘယ်လိုမှ မမြင်ပါဘူး။ ကိုယ့်ကိုယ်ကို ပဲအမြဲ ကောင်းအောင်ကြိုးစားနေပါတယ်။

၁၂။ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ Characteraistic လေးပြောပြပါ-
Good listening, good social dealing , good interpersonal skill ,easy to make friend, try to honest all da time and so much more.... hee heee :P

၁၃။ကိုယ့်ကိုယ်ကို အမုန်းဆုံး Characteraistics..-
Absent minded, messy, cheeky, chusey, lazy.. :P

၁၄။ကိုယ်အဖြစ်ချင်ဆုံး လူစားမျိုးက -
ကိုယ့်အိမ်မက်တွေ အားလုံး တစ်ကယ်ဖြစ်လာအောင် ဖန်တီးနိုင်တဲ့သူပေါ့

၁၅။ချစ်ခင် ဂရုစိုက်တဲ့သူတွေကို ပြောချင်တာ-
ကျန်းမာရေးကို ဂရုစိုက် .. အကောင်းဘက်က တတ်နိုင်သမျှတွေးပါ.. ဘ၀ဆိုတဲ့ အချိန်က အရမ်းတိုတောင်းတယ်။ ချစ်ခင် ရတဲ့သူတွေ နဲ့ အတုရှိနေတဲ့ အချိန်တွေကို တန်ဖိုးထားပေးကြပါ။

၁၆။ ကျွန်မ ပြန်တက်ခ် ဖို့ရွေးထားတဲ့ သူငယ်ချင်း (၁၀) ယောက်ပါ။. တက်ခ် ပိုစ့်တွေ အတွက် အရမ်းအားနာပါတယ်။ အဆင်ပြေမှပဲ ရေးပေးပါ။ ရေးပြီးသားဆိုလဲ ရပါတယ်။ Enjoy!

၁)ချစ်ငါးလေး
၂)ချစ်သဉ္စာ
၃)မောင်လေး သံလွင်
၎)ကိုဗီလိန်
၅)အိမ်
၆)ချစ်ငွန်ငယ်
၇)အဘ သတိုးရာဇာ
ဂ)ချစ်ဘိုး
၉)ကိုဂစ်တာ
၁၀)ကိုမိုးသား

၁၇။ ၇ ယောက်မြောက်လူနဲ့ ဘယ်လိုပက်သက်လဲ-(သတိုးရာဇာ)
သတိုးလား .. အမြဲတမ်း Fighting play နေကြတယ်လေ။ မယုံရင် မေးကြည့် ။ ခေါင်ခေါင်ကို ကြောက်လားလို့..။

၁၈။ ၉ ယောက်မြောက်က ယောက်ျားလား ၊ မိန်းမလား။(ကိုဂစ်တာ)
ယောက်ျားပါ။ အရမ်းရစ်တတ်တဲ့ ယောက်က်ျား..။

၁၉။ ၆ နဲ့ ၉ နဲ့ အတူရှိနေရင် ကောင်းပါသလား။(ငွန်ငယ် နဲ့ ကိုဂစ်တာ)
မကောင်းဘူးထင်တယ်။ တစ်ယောက် က နိုင်ငံရေးသမား . တစ်ယောက်က ကဗျာဆရာ..

၂၀။ ၂ ယောက် မြောက်ကဘာတွေ သင်ကြားနေလဲ( သဉ္စာ)
အခု သင်နေတာ တော့ တရုတ်ပြည် က တရုတ်ကျောင်း မှာ တရုတ်စာတွေ သင်နေတယ်။ ရည်ရွက်ချက်ကတော့ ဘာလဲသိဘူး....:P

၂၁။ ၃ ယောက်မြောက်နဲ့ စကားစမြည် ပြောခဲ့တဲ့ အချိန်လေး။ (မောင်လေး သံလွင်)
မနေ့က ပဲပြောခဲ့တယ်။

၂၂။ ဂ ယောက်မြောက် ကြိုက်တဲ့ အဆိုတော်တွေ...(သက်တန့်)
မျိုးကြီး၊ အငဲ။ လေးဖြူ တဲ့ သူလဲ IC ပဲ။

၂၃။ ၁ မှာ ညီအစ်ကို မောင်နှမတွေ ရှိလား။ (ငါးလေး)
ညီတစ်ယောက် ညီမ တစ်ယောက် ရှိတယ်။

၂၄။ ၃ ရဲ့ အချစ်ကို ရယူဖို့ အစီအစဉ် ရှိလား။ (မောင်လေး သံလွင်)
နေဦး David နဲ့ တိုင်ပင်လိုက်ဦးမယ်. :P

၂၅။ ၇ ယောက်မြောက် ကိုရော... ( သတိုးရာဇာ)
ရှိတယ်။ ကြံနေတာ ကြာပြီလေ. :P

၂၆။ ၄ ယောက်မြောက် ကရော လူလွတ်ပဲလား .( ဗီလိန်)
ဟုတ်ဘူး။ ကလေး အဖေ.. သူ့ကလေး ၂ ယောက်က အမွှာပူး။

၂၇။ ၅ ယောက်မြောက် ရဲ့ နာမည် အရင်းကိုသိလား။( အိမ်)
သိဘူး။ Nick ပဲ သိတယ်။

၂၈။ ၄ ယောက်မြောက် ရဲ့ ၀ါသနာ ကဘာလဲ ( ဗီလိန်)
သူများကို ဒုက္ခ ပေးဖို့ ၊ မကောင်းကြံဖို့၊

၂၉။ ၅ နဲ့ ၆ ရဲ့ နှစ်ယောက်ကြားက အခြေအနေ ( အိမ် နဲ့ ငွန်ငယ်)
တစ်ယောက်နဲ့ တစ်ယောက် သိတောင် မသိဘူးနဲ့ တူတယ်။

၃၀။ ၁ယောက်မြောက် သူငယ်ချင်းက ဘယ်မှာ ပညာ သင်ကြားနေလဲ ( ငါးလေး)
Moscow မှာ ကွန်ပျူတာ တွေ ကို ဘယ်လို ကလိ ရမလဲ သင်နေတယ်။ ခုလောလောဆယ်တော့ သူပြင်ပေးလိုက်လို့ ကျွန်မ လက်ပတော့ ဘာသံမှ မထွက်တော့ဘူး။

၃၁။ ၆ ယောက်မြောက်သူ ငယ်ချင်း အကြောင်းလေး ပြောပြပါ (ငွန်ငယ်)
တစ်မြို့ထဲ နေခဲ့ကြဖူးတဲ့ သူငယ်ချင်းတွေလေ .. ဒီတစ်ပါတ် တနင်္ဂနွေ သူတို့ အိမ်မှာ အလှု ရှိတယ်။ သွားစားမလို့..။

၃၂။ ၈ ယောက်မြောက် အပေါ်မှာ ခံစားချက် များများ ထားခဲ့ဖူးလား။(သက်တန့်)
ထားတာပေါ့။ ဘိုးက သူ့မောင်လေး နဲ့သဘောတူတယ်တဲ့.. အတင်းကြီးပဲ.. :P

၃၃။ ၉ ယောက်မြောက် သူငယ်ချင်း ကဘယ်မှာနေတာလဲ။( ကိုဂစ်တာ)
ရန်ကုန်မှာ

၃၄။ ၃ ယောက်မြောက် သူငယ်ချင်းက ဘာအရောင်ကြိုက်လဲ။ ( မောင်လေး သံလွင်)
အပြာရောင် ထင်တာပဲ။ သူ့မွေးနေ့ မှာ ၀တ်ထားတာ အကျီက အပြာရောင်လေး..

၃၅။ ၅ နဲ့ ၆ က သူငယ်ချင်းကောင်းတွေ လား( အိမ် နဲ့ ငွန်ငယ်)
နောက်တော့ ဖြစ်လာမယ် ထင်တယ်။

၃၆။ ၁ ယောက်မြောက် မှာ အိမ်မွေးးတိရိစ္ဆာန် ရှိလား။ ( ငါးလေး)
ဒီကောင်က ကြောင်ဆို အသေချစ်လေ။ ကြောင်တစ်ကောင်တော့ ရှိပါ့။

၃၇။ ၂ က စွဲဆောင်မှုအရှိဆုံး sexiest person လား? ( သဉ္စာ)
တိုင်ကွယ်ပြီးကြည့် ရင်တော့ so sexy.. he hee :P ( သယ်ရင်း စိတ်ဆိုးနဲ့)

၃၈။ ၁၀ ယောက်မြောက်က ဘာတွေ လုပ်နေလဲ( ကိုမိုးသား)
( ဘလောဂင်း အကြောင်း သေသေချာချာ သိအောင် လုပ်နေတယ် ထင်တယ်။ ခဏ ခဏ လာမေးလို့လေ.. :P )

တက်ခ် တဲ့ သူရော.. တက်ခ် ခံ လိုက်ရတဲ့ သူငယ်ချင်း အပေါင်းတို့ရော အားလုံးကို ကျေးဇူးတင်ပါတယ်။
enjoy in my post! love you all :P :P









10 comments:

thinzar said... @ October 24, 2008 at 11:03 PM

ခေါင်ခေါင်ရဲ့ ငါ့ရည်ရွယ်ချက်က
နောက်နောင် ပဲပင်ပေါက်ကို
ကားကျိတ်ထားတာတွေ့ရင် ဘာအဓိပ္ပာယ်ဆိုတာ
သိအောင်လေဟာ..
နင်ကလည်း ဒါလေးတောင်တိဘူးလားဟ
ဟီးဟီး
စွဲဆောင်မှုကတော့ တိုင်ကွယ်ပြီးကြည့်စရာမလိုပါဘူး
မျက်စိသာမှိတ်ထားလိုက် ငါ့လောက်စွဲဆောင်နိုင်သူမရှိ
ဟိဟိဟိ... :P

Unknown said... @ October 25, 2008 at 12:17 AM

ဒန့် တန့် တန်..ဘာတွေလဲ မသိ..ဘာလဲမသိ..
ဘာလဲမသိ..သက်မွန်မြင့်ပုံစံလုပ်ကြည့်တာ..ဟဲဟဲ
နားလည်သေးဘူး..တစ်ခေါက်ပြန်ဖတ်ကြည့်အုံးမယ်ဟာ..
:D

WWKM said... @ October 25, 2008 at 2:09 AM

ညီမလေးခေါင်ခေါင်ရေ..
သူများရေးတာကိုတော့သေသေခြာခြာလာဖတ်သွားပါတယ်ညီမလေး ရေ.. ရေးတတ်တော့ ဖတ်လို့ကောင်းတယ်နော်။း)
မမကတော့ ကင်းလွတ်ခွင့်လျှောက်လွှာတင်လိုက်တာ
ရသွားလို့တော်ပါသေးရဲ့။း)

ခင်တဲ့
မမ၀ါ

သံလွင် HeRo said... @ October 25, 2008 at 2:52 AM

ဟိုက်ရှာလဘတ်ရည်...မြန်မာလိုပါရေးထားပါလား...
ကိုဗီ့လက်ချက်ကိုး တူနှယ်ဗျောင်..
နောက်နေ့ဒေးဗစ်ကိုအလုပ်ဆီလွှတ်လိုက်မယ်.ကြိုတင်
ညှိနှိုင်းရအောင် ဟားဟား အပြာရောင်တဲ့ မှန်၏ဗျာ...
တော်ပါပေတယ်

သက်တန့် said... @ October 25, 2008 at 3:27 AM

အမယ်လေး ပို့စ်ထဲမှာကို ရေးပြီး လူသိရှင်ကြားကို ကြေငြာနေပြီဟ...
တစ်အိမ်လုံးကို ခေါင်ရည်တိုက်မဲ့ ယောင်းမလေးပေါ့... ဟိဟိ... :P

ယောင်းမလေးရေ...
ဘိုးရေးမယ်နော်...
လာမည် ကြာမည် မျှော်... ;)

Anonymous said... @ October 25, 2008 at 4:28 AM

အခွန်နဲ့မလိုက်ပြီဗျာ ကျနော့မှာ ကိုဗီတက်ထားလို့ ဘယ်လိုရေးရမှန်းမသိဖြစ်ရတဲ့အထဲ သူပါထပ်တက်တော့ သေပြီ ဆရာ။
ပြီးတခြားဘလော့ဂ်ဂါတွေအကြောင်းလဲ သိပ်မရေးရဲဘူး တော်ကြာ ၀ိုင်းမေတ္တာပို့လို့ အသက်ရှည်နေဦးမှာလဲ စိုးရသေးတယ်။
ဘာပဲဖြစ်ဖြစ်ပေါ့ သတိတရတက်တာဆိုတော့ ရေးပေးရမှာပေါ့ စိတ်တော့ဆိုကျေးနော် သိတယ်မဟုတ်လား အိမ်တို့ကရေးလိုက်ရင် တရားလွန်ချည်းပဲဆိုတော့.....
ဟိဟိ ရေးတော့ရေးမယ် လာမယ်ကြာမယ်ပေါ့ဗျာနော

သံလုံငယ် said... @ October 25, 2008 at 7:33 AM

အဲဒါမှ ဒုက္ခပဲ မယ်ခေါင် ။ ငါမရေးတတ်ဘူးဟ နင့်ဟာကြီးကလည်း ဘာတွေမှန်းလည်း သိဘူး။ နောက်ပြီး ကို ပြန် tag တဲ့ ဘလော့ဂါ ၁၀ ယောက်အကြောင်း ပြန်ရေးရမှာဟ။ ငါက ဘယ်ဘလော့ဂါအကြောင်းမှလည်း မသိဘူး။ မရေးလို့မရဘူးလားဟာ။ မော်လမြိုင်လာရင် မုန့်ဟင်းခါး ကြွေးမယ်လေ ။ ဟီးးးး

ဗီလိန် said... @ October 27, 2008 at 5:58 AM

ဟဟ ခေါင်ရေ့ အဲလိုကြီးလား။ ကိုယ့်ကိုကိုတောင်တော်တော် မြောက်သွားတယ်။ :)

Anonymous said... @ October 30, 2008 at 1:11 AM

ခေါင်ခေါင်ရေ..ဖတ်သွားတယ်နော်...
ရေးထားတာလေးတစ်ချို့ကရယ်ရတယ်နော်....

pandora said... @ November 13, 2008 at 6:42 AM

စိတ်ဝင်စားစရာပို့စ်လေးပဲ
ဖတ်သွားတယ် ခေါင်ခေါင်

Post a Comment

 

Lipsum

Followers