ခေါင်ခေါင်

သင်သိပါ

Published by ခေါင်ခေါင် under on Sunday, October 19, 2008
နားမထောင်ချင်တဲ့သင့်နားအတွက်
ငါ့ရင်မှာပျားရည်လိုချိုတဲ့စကားတွေရှိတာ
သင်သိပါ......။
မကြည့်ချင်တဲ့သင့်မျက်ဝန်းအတွက်
ငါ့ရင်မှာအဖိုးမဖြတ်နိုင်တဲ့စိတ်ကူးတွေရှိတာ
သင်သိပါ......။
ငါ့ဆိုအိမ်မက်ထဲတောင်မုန်းတဲ့
ငါ့ဆိုတစေတကောင်လိုကြောက်တဲ့
ငါ့ဆိုလူပျက်တစ်ယောက်လိုထင်တဲ့
ငါ့ဆိုလူဆိုးတစ်ယောက်လိုထင်တဲ့
ငါ့ဆိုရောဂါဆိုးတစ်ခုလိုရှောင်တဲ့
သင့်အတွက်ငါ့ရင်ထဲမှာဝှက်ထားတဲ့
ိအမည်မသိရှေးစာဆိုရဲ့ကဗျာတစ်ပုဒ်ရှိတာ
သင်သိပါ.............။
သေရည်ဝနေတဲ့ ဘီလူးတစ်ကောင်ရှိတာ
သင်သိပါ.............။
ငါ့အနာဂါတ်ကို ငါမသိ
မနက်ဖန်တိုင်းလည်းငါမသိ
ဒီနေ့ ........
သင့်အတွက်ငါဘာမဆိုဖြစ်တာ
သင်သိပါ.............။

ဝေမင်း



18 comments:

မောင်မျိုး said... @ October 19, 2008 6:22 PM

ခေါင်ခေါင်...ခုရက်ပိုင်း ကဗျာတွေ တော်တော်ထိတယ် ရှေးစာဆိုတစ်ယောက်ရဲ့ကဗျာ နဲ့  ဘီလူး မိုက်ပါ့ သင်သိပါစေဆိုတဲ့အတိုင်းသိပါစေဗျာ.

mgngal said... @ October 20, 2008 7:32 AM

အဲဒီအမည်မသိ ရှေးစာဆိုတစ်ယောက်ရဲ့  ကဗျာတစ်ပုဒ်ကို
လည်းတင်ပေးပါ ။
ကဗျာမှာ ခပ်ဝေးဝေး အစွန်းတစ်ဖက်က လူတစ်ယောက်
ကြားအောင် အသံကျယ်ကျယ်နဲ့  လှမ်းအော်နေသလိုပဲဗျ။
သိနိုင် ကြားနိုင်ပါစေဗျာ။ :)
ခင်မင်လျက်
မောင်ငယ် ။

ဗီလိန် said... @ October 20, 2008 7:41 AM

အမည်မသိရှေးစာဆိုက ဘာတွေရေးသွားတုန်း ခေါင်ခေါင်ရဲ့

အိမ် said... @ October 20, 2008 8:48 AM

အိမ်ကတော့ ဒေါင် အဲလေ ဂေါင် အော်... မှားပြန်ပြီ
ခေါင့်ကို သရဲလို့လဲမထင်ဘူး လူပျက်လဲ မထင်ဘူး
လူဆိုးလို့လဲ မထင်ပါဘူးဘယ်လိုမှကို မထင်တာပါ

အဲ... တခုတော့ရှိတယ် ရေးလိုက်တဲ့ကဗျာတိုင်း
နားမလည်တာလေးတခုပဲ ရှိတယ် ဟစ်ဟစ်
ဟိဟိ နောက်သလိုပြောင်သလိုနဲ့ အတည်ပြောတာ
ဟုတ်ဘူးနော်...........
အမှန်ပြောတာပါ... ဟိုလေအမှန်ဆိုတာ အတည်ပြောတာ မဟုတ်ကြောင်းမှန်တယ်လို့ပြောတာ
နော်... ဟိဟိ



ကောင်းပါတယ်ဗျား အရေးအသားကတော့ မော်ဒန်
ကဗျာဆရာမကြီးကျနေတာပဲ

ညီအကိုများ said... @ October 20, 2008 10:27 AM

ကဗျာလေး ကောင်းတယ်။

မိုးကြယ်

pethein said... @ October 20, 2008 10:37 AM

ခေါင်ခေါင်
ဝေမင်းဆိုတာ ဇာတ်လိုက်လား

ငွန်ငယ် said... @ October 20, 2008 11:35 AM

ခေါင်.. ကဗျာ လာဖတ်သွားတယ်နော့။ ဝေမင်း ဆိုတဲ့ သူ က ရေးတာလား ဘာလည်း ဟင် လုပ်ပါဦး။ကောင်းတယ် ဖတ်လို့ပေါ့။

ခေါင်ခေါင် said... @ October 20, 2008 5:14 PM

ဟုတ်တယ် ဒီကဗျာကို ရေးတဲ့သူ က ဝေမင်းပါ.. ခေါင်ခေါင် မဟုတ်ပါဘူး...
အဲဒါကြောင့် သူ့နာမည် တပ်ထားတာပေါ့..
ဝေမင်းက ဇတ်လိုက်မဟုတ်ပါဘူး.. ကိုပီရဲ့..
ဒါနဲ့....ကိုပီဆီကို လာလည်လို့ မရဘူး...သိလား..
ဘာဖြစ်တာလဲ မသိဘူး...
သီတင်းကျွတ်တုန်းက လာကန်တော့မလို့ကိုလေ...
မရလို့ မလာလိုက်ရဘူး....

moe said... @ October 20, 2008 6:11 PM
This comment has been removed by the author.
မိုးသောက် said... @ October 20, 2008 6:13 PM

ခေါင်ခေါင်ရေ
ရည်ရွယ်သောသူ သိနိုင်ပါစေလို့
ဆုတောင်းပေးပါတယ် ...
ကဗျာလေးက ကောင်းမှကောင်းပဲ ..
တစ်ကယ့် မော်ဒန်ပဲ ..
ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ

thinzar said... @ October 21, 2008 12:52 AM

ခေါင်ခေါင် ရေ ဟေဟေဟေ...
စာသားတွေက လန်းနေတာပဲ
ရေးသူကတော့ ခေါင်ခေါင်မဟုတ်ဘူးနော်

သယ်ရင်း ... ဆက်လုပ်.. :D

အရုပ်ကလေး said... @ October 21, 2008 9:04 AM

ကဗျာလေး ကြိုက်တယ်
အဆင်ပြေပါစေ

မောင်ခင်လေး said... @ October 21, 2008 11:17 AM

ကဗျာလေးနှစ်သက်မိပါရဲ့ မခေါင်ခေါင်ကောင်းသောနေ့ပါ အဆင်ပြေပါစေ :)

flowerworld said... @ October 21, 2008 3:21 PM

ကဗျာလေးက..ရေလည်မိုက်တယ် အားပေးလျှက်ပါ

အိုင်လွယ်ပန် said... @ October 22, 2008 9:54 AM

ခံစားသွားပါတယ်ဗျာ...

သတိုးရာဇာ said... @ October 22, 2008 10:37 PM

သင်သိပါဆိုလို့ ..
ကျနော်သိပါတယ်....
ဘယ်က ဘီလူးလဲ
ဖမ်းဖမ်း.. :P

Dream said... @ October 24, 2008 8:09 PM

ဟန်းးးးးးးးး မက်မက်ကြောက်တယ်.. တီတီခေါင် အိမ်မှာ ဘီလူးရှိတယ်တဲ့..
အီးဟီး..ပြန်တော့မယ်... ပြန်တော့မယ်... :P :P
ကဗျာလေးက ရေရေ လည်လည်ကောင်းတယ်... :)

yatuyinnyo said... @ October 31, 2008 2:24 AM

ကိုကဝေမင်းပါ
ကို့ blog က www.yatuyinnyo.blogspot.com ပါ

Post a Comment

 

Blog Archive

Lipsum

Followers