ခေါင်ခေါင်

အချစ်ဆိုသည်မှာ

Published by ခေါင်ခေါင် under on Saturday, October 11, 2008
အချစ်ဆိုသည်မှာ...

ဒီခေါင်းစဉ်နဲ့ ကိုအောင်သာငယ်. ကိုကြယ်ဇင်သွေး နဲ့ အဘ သားထူး တို့က ကျွန်မ ကိုTag ထားပါတယ်။ကျွန်မကို မှတ်မှတ်ရရ သတိတရTag တဲ့ အတွက်လည်း ကျွန်မ အစ်ကို (၃) ယောက်ကို ကျေးဇူး အထူးတင်ပါတယ်။ ဒီပိုစ့်လေးက ကျွန်မ တစ်ယောက်ထဲနဲ့သာ သက်ဆိုင်ပြီး ကျွန်မကိုယ်တိုင် နားလည်ခံစား ခဲ့သမျှသက်သက်သာ ဖြစ်ပါတယ်။ ဖတ်ပြီး အဆင်မပြေခဲ့ဘူး ဆိုရင် နားလည်ခွင့်လွှတ်ပေးပါ။

အချစ်...


(၁) အယောင်ဆောင်ထားတဲ့ မိုးတိမ်တွေ

(၂) နေရောင်ခြည်ဖြာကျနေတဲ့ သစ်ရွက်ကြွေလမ်းကလေး

(၃)သက်တန့်တွေကို မျက်နှာချင်းဆိုင် ပြန်မြင်နေရတဲ့ ရေပြင်ကျယ်

(၄)မင်းမျက်နှာကို ဘိန်းစွဲသလို စွဲခဲ့တဲ့ ဖေဖော်ဝါရီ

(၅)ပါးလျသော သစ္စာတရားများ

(၆)ဘယ်ဘက်ပါးပြင် နာကျင်နီရဲသွားခဲ့တဲ့ အစိမ်းပုတ်ရောင်ညနေ

(၇)လွတ်မြောက်ထွက်ပြေး သွားတဲ့လိပ်ပြာ

(ဂ)အကြွေးမကျေသော နှစ် လ ရက်များ

(၉)အဝေးဆုံး နောက်ဆုံးစာမျက်နှာ

(၁၀)တိတ်ဆိတ်ငြိမ်သက် မိုးရေစက်များထဲမှာ......

လူတိုင်းမှာတော့ ကိုယ်ယုံကြည်ခံစား မျှော်လင့်ရာ ချစ်ခြင်းတစ်ခုခု တော့ရှိကြမှာပါ။ ဒီပိုစ့်ကို ဖတ်တဲ့သူတိုင်းကို ပြန်Tag ပါတယ်။ အချစ်ဆိုတဲ့ အကြောင်းလေး မျှဝေပေးခဲ့ပါ။ ကျေးဇူးပါရှင့်။



18 comments:

လူလ said... @ October 11, 2008 8:54 AM

မင်္ဂလာပါ ခေါင်ခေါင်

အချစ်ဆိုသည်မှာ လာဖတ်သွားတယ်။ ဖတ်ရင်း ရှက်မိလာတယ်။ ရေးမတတ်ဘူးဗျ။ အနုအရွတွေ၊ အင်း တောသားဆိုတော့လဲ ဟဲဟဲ

ရွှင်လန်းချမ်းမြေ့ပါစေ...

မောင်မျိုး said... @ October 11, 2008 8:56 AM

လာဖတ်သွားတယ် ခေါင်ခေါင်ရေ့ တိုတိုလေးတွေနဲ့  ပြည့်စုံတယ်လို့ ထင်တယ် ဖတ်လို့ ကောင်းပါ့း)

လင်းဒီပ said... @ October 11, 2008 10:33 AM

ရေးချက်လေးတွေကတော့ အပီပဲဟေ့...
ဟုတ်ပ...

အငဲကတော့ အချစ်ဆိုတာ ဘုရားကပေးတဲ့ဆုလာဘ်လား.တဲ့
စိုင်းထီးဆိုင်က တော့...ဘုရင်ကိုမဆိုထားနဲ့ သူတောင်းစားတောင်မှ နိမ့်ကျပေမယ့်လည်းအချစ်ရှိတယ်..တဲ့
ဆောင်းဦးလှိုင်ကတော့...နေချင်စရာမရှိတဲ့လောကထဲ ငါဟာ အချစ်အတွက်..ကြိုးစားအသက်ရှင်တယ်..တဲ့...

ပျော်ရွှင်ပါစေ..

အောင်သာငယ် said... @ October 11, 2008 3:40 PM

အင်း - ကိုယ်ပိုင် အခန်းတခုထဲက သိမ်းဆည်းထားတဲ့ ရောင်စုံပန်းချီကားတချပ်ကို တွေ့လိုက်ရသလိုပါပဲ။

mgngal said... @ October 11, 2008 4:14 PM

ဖော်ကျူးတာလေးတွေ လှတယ်ဗျာ။
အစိမ်းပုတ်ရာင်ညနေ ဆိုတာ ဘယ်လို လည်းဗျ။
အဲဒါတော့ နားမလည်ဘူး ။:D
အောက်ဆုံး အပိုဒ်ကိုတော့ ဖတ်မသွားဘူး ။ :P

ဗီလိန် said... @ October 12, 2008 12:24 AM

နံပါတ် ၈ က အထိဆုံးပဲ၊ :D

ဖုန်း မြင်. said... @ October 12, 2008 1:00 AM

ကောင်းတယ်ဗျာ...။

JulyDream said... @ October 12, 2008 3:00 AM

အကြွေးမကျေသော နှစ်လရက်များဆိုပဲ...

ဒါကြောင့် အသည်းအသန် အတိုးတွေပါပေးပြီး ဆပ်နေရတာ ထင်တယ်။ တိုးရင်းပေါင်းဒဏ် လိမ့်နေအောင် ခံရပြီပေါ့။

pethein said... @ October 12, 2008 4:13 AM

ခေါင်ခေါင်-
အချစ်ကိုများပုံဖော်ထားတာ အတော်အံ့သြတယ်
ကိုယ်ကပဲအလွမ်းဓါတ်ခံပါနေလို့လားမသိဘူး ခေါင်ခေါင့်အချစ်ဆိုတာတွေ တစ်ကြောင်းဖတ်တိုင်းဖတ်တိုင်း တစ်ကယ်ကိုလွင့်လွင့်မျောမျောခံစားမိတယ်။
ကဲ-ကဝေမလေးအဲဒါတွေကိုခေါင်းစီးအဖြင့် တစ်ပုဒ်ချင်းစီပြန်ရေးပါ။

အရုပ်ကလေး said... @ October 12, 2008 8:13 AM

အချစ်ဆိုသည်မှာ ပို့စ်လေးက တိုပေမယ့်
အနှစ်သာရ ရှိတဲ့ ပို့စ်လေးပါ
ခြုံဖတ်ရင်လည်းတော်တော်ကောင်းပါတယ်

ခွန်း said... @ October 12, 2008 8:57 AM

စာကြောင်းတိုတိုလေးတွေပေမယ့် အားလုံးက အနှစ် ရှိပါတယ်။ ဖြန့်ထွက်တွေးမယ် ဆိုရင် အများကြီးပေါ့။ ကြေကွဲမှုနဲ့ အဆုံးသတ် ထားသလိုပဲနော်။ ကျနော်ကတော့ အချစ်ဆိုတာ ကြည်နူးမှုနဲ့ပဲ အဆုံးသတ်စေချင်တယ်။

မိုးသောက် said... @ October 12, 2008 2:51 PM

ခေါင်ခေါင်ရဲ့ အချစ်ဆိုသည်မှာက
ကြွေကွဲရိပ်တွေ စွန်းထင်းနေတယ်နော် ..
စကားလုံးလေးတွေက အဖြစ်အပျက်ကို ပေါ်လွင်နေတယ် ..
ချစ်ခြင်းမှာ ကံကောင်းတဲ့ သူတစ်ယောက် ဖြစ်ပါစေလို့
ဆုတောင်းပေးပါတယ်
ခင်မင်တဲ့
မိုးသောက်

သတိုးရာဇာ said... @ October 12, 2008 10:52 PM

ဘုရားရေ..ဘိန်းစွဲ သလို စွဲခဲ့ တဲ့ ဖေဖော်ဝါရီလတွေထဲမှာ..
နာတော့ အလူးအလဲ ဟ..ပြောင်းပြန်ကြီးကို ဖြစ်နေခဲ့တာပဲ..တိတ်ဆိတ်ငြိမ်သက်နေတဲ့ မိုးစက်တွေအောက်မှာတော့ စိတ်ကူယဉ် အိပ်မက်ခြင်းတူပါတယ်..ကြီးခေါင်ရေ..လက်ဘက်သုပ်စားချင်တယ်ဆိုလို့ ...လာပို့ တာ..အဘွားကြီးအို သုပ်.. :P

သက်တန့် said... @ October 13, 2008 12:17 AM

ခေါင်ရည်... နည်းနည်းမူးပြီး ပြန်သွားတယ်...
ပျော်ရွှင်ပါစေနော်... :)

mabaydar said... @ October 15, 2008 5:48 PM

မဗေဒါအတွက်ကတော့ နံပါတ် ၁နဲ့ နံပါတ်၅ က အမှန်ဆုံးပဲ.. တိုတိုနဲ့ ထိထိမိမိစုံစုံလင်လင်ရေးသွားတဲ့ အချစ်ဆိုသည်မှာပိုစ့်လေးကတော့... ကောင်းတယ်လို့ထင်မိပါတယ်.. သူများဘလော့တွေသွားရင် အချစ်ဆိုသည်မှာကို မဗေဒါမဖတ်ဖြစ်ဘူး.. ဒီဘလော့မှာမှဖတ်ဖြစ်အောင်ဆွဲဆောင်နိုင်တယ်..

ညီအကိုများ said... @ October 16, 2008 11:00 AM

ကြေကွဲစရာတွေများနေသလိုပဲ..
ခံစားချက်တွေကနူးညံ့တယ်..

အိမ် said... @ October 16, 2008 2:41 PM

မော်ဒန်ဆရာမလို့ မပြောရဘူး အရေးအသားကတော့
ညက်ပါ့ဗျား

ကြယ်ဇင်သွေး said... @ October 16, 2008 4:11 PM

လာတာနောက်ကျတာဆောရီး..... ဆာလောင်မှုတွေ၊ နာကျင်မှုတွေနဲ့ လွမ်းဆွတ်မှုတွေပါနေသလိုပဲ.. ခံစားချက်ခြင်းတူနေပေမဲ့.... ကျွန်တော်မှာ အဲလိုရေးဖို့တောင် သူက အင်အားတွေမချန်ခဲ့ဘူးလေ။။
မိုက်တယ်ကွာ... ရှယ်ပဲ... ညီမလေးတော်၏

Post a Comment

 

Blog Archive

Lipsum

Followers