ခေါင်ခေါင်

ညာဘက်လက်အကြောင်း

Published by ခေါင်ခေါင် under on Friday, October 17, 2008
အဲဒိ....ငါ့ရဲ့ညာဘက်လက်....
လက်ရေးလှသလောက် ဘာမှ အသုံးမကျတဲ့လက်
ပိုင်ပိုင်နိုင်နိုင် ဖမ်းဆုပ်ဖို့ တစ်ခါမှ မသေချာတဲ့လက်
ဝတ်ကျေတမ်းကျေ လက်ဆွဲ နှုတ်ဆက်ရမှာတွေ ကိုမ၀ံ့ရဲတဲ့လက်
တစ်နေ့မှာ လက်ချည်းသက်သက် ပြန်လာရမှာ သေချာနေတဲ့လက်
ဘယ်နဲ့ညာနဲ့ ဘယ်တော့မှ သဟဇာတ မဖြစ်တဲ့လက်
တည်ဆောက်ဖန်တီးဖို့ထက် ချေမွဖျက်ဆီးဖို့ ပိုအားသန်တဲ့လက်

ဒီတစ်သက်မှာ ဒီလက်နဲ့
ညီမျှခြင်းဖြစ်ဖို့ ကြိုးစားရမှာ
ငါ.... တစ်ကယ်ရင်မောပါတယ်။


20 comments:

mgngal said... @ October 17, 2008 9:39 AM

ညာဘက်လက်ကို တော်တော် အမြင်ကတ်နေတယ်
ထင်တယ် ။ ဖြတ်တော့ မပြစ်လိုက်နဲ့ နော် ။ :P

လင်းဒီပ said... @ October 17, 2008 9:44 AM

ဒါပေမယ့် သူမရှိလို့လည်းမရဘူးလေ..သိပ်လည်းဒေါသမကြီးပါနဲ့..:P

အိမ် said... @ October 17, 2008 11:03 AM

ဟုတ်တယ်.. ဖြတ်ပစ်ဗျာ။ပြောနေကြာတယ် ဒါးယူမလား၊လွှယူမလား ဒါမှမဟုတ် လွှစက်ယူမလား။
ဓါးစက်လဲ လိုချင်ပို့ပေးမယ် ဒီအတွက်မပူနဲ့အကုန်အကျခံ
ပြီးတော့ကို .....၀ယ်ပို့ပေးမယ်။
ရှုပ်ပါတယ် ဘယ်လက်ပါဖြတ်ပစ်လိုက်ဗျာ။၂ခုလုံးမရှိတော့ ပိုကောင်းတာပေါ့။
အကောင်းဆုံးကတော့ ခြေပါဖြတ်ပြစ်ဗျာ ဒါမှဘယ်မှသွားလို့မရမှာ ပဒုမပေါင်တိုလိုပေါ့ ဟိဟိ
အိုဗျာ... အကောင်းတကာ့အကောင်းဆုံးက ခေါင်းပါဖြတ်.... အေးရော... ဟုတ်ဘူးလားဗျာ
ဟိဟီ.. စတာနော် စိတ်ဆိုးနဲ့ မေတ္တာဘယ်လောက်ထားတယ်ဆိုတာသိစေချင်လို့ပါ
နော်.. ဒီကစေတနာနဲ့ ပြောတာပါ။ခေါင့်အတွက်ရှုပ်နေမယ်ထင်လို့ ရှင်းပေးမလို့ ဟာပဲ.ဟာပဲ.ဟာပဲ

မသက်ဇင် said... @ October 17, 2008 2:30 PM

တည်ဆောက်ဖန်တီးဖို့ထက် ချေမွဖျက်ဆီးဖို့ ပိုအားသန်တဲ့လက်

ဒီလက်ကို တည်ဆောက်ဖို့အတွက်ရော--
ဖျက်ဆီးတတ်ဖို့အတွက်ရော--
ခိုင်းစေတာ စိတ် မဟုတ်လား---
အားပေးနေပါတယ်--

မိုးသောက် said... @ October 17, 2008 3:11 PM

လက်ကလေးတွေက အသုံးဝင်ပါတယ် ခေါင်ခေါင်ရဲ့ ..
ဥပမာ စာရိုက်တဲ့ အခါပဲ ကြည့်
ညာဘက်နဲ့ ဘယ်ဘက်နဲ့ ညီမျှမှ ရိုက်လို့ ကောင်းတာ မဟုတ်လား ..
ကျနော်ကတော့ လက်ကလေးတွေကို တစ်ခုခုဖြစ်မှာ
အရမ်းကြောက်တယ် ...
ဆိုင်ကယ်မှောက်ပြီး ဘယ်လက်ကျိုးသွားတုန်းက
ဂစ်တာလေးကို ညာလက်တစ်ဖက်တည်းနဲ့ ကြိုးလွတ်တီးရင်းနဲ့ ဘယ်လက်ကလေး မြန်မြန်ပြန်ကောင်းပါစေလို့ နေ့တိုင်း ဆုတောင်းမိတယ် ..
အဓိက က စိတ်ပါပဲလေ .. ကိုယ်ကျိုးအတွက်ချည်းပဲ မလုပ်ပဲနဲ့ .. သူများအတွက်လည်း လုပ်ကြည့်လိုက်ပေါ့ ..
လက်ကလေးတွေရဲ့ တန်ဖိုးက ချစ်စရာလေးတွေ ဖြစ်လာမှာပါ ..
အကြံပေးတာနော် စိတ်ထဲ တစ်မျိုး မထင်ပါနဲ့ ..
ခင်မင်တဲ့
မိုးသောက်

ဗီလိန် said... @ October 17, 2008 6:40 PM

ခေါင်တို့များ လုပ်လိုက်ရင် အလန်းကြီးပဲ။
ညာဘက်လက်ဆိုပဲ။
ဘာဖြစ်တယ်.....
ဒီတစ်သက်မှာ ဒီလက်နဲ့
ညီမျှခြင်းဖြစ်ဖို့ ကြိုးစားရမှာ
ဆိုလားပဲ

ညီအကိုများ said... @ October 17, 2008 9:13 PM

စိတ်ကူးလေးကောင်းတယ်..

မိုးကြယ်

တောင်ပေါ်သား said... @ October 17, 2008 9:16 PM

မခေါင်ရေ မကြီးသက်ဇင် ပြောသလိုပါပဲ.. ဒီလက်တွေနဲ့ ကျနော်တို့ အမှား၊ အမှန်တွေ အများကြီး လုပ်ခဲ့မိပါတယ် ဒါပေမဲ့ ကျနော်တို့ ရဲ့လက်ကို ခိုင်းစေတာ စိတ်က အဓိက ကျပါတယ်ဗျာ... လက်ကိုတော့ မဖြတ်ပါနဲ့နော့် ဟီး.. ဘ၀အတွက် ရှေ့ဆက်ရမဲ့ လမ်းတွေမှာ ဒီညာဖက်လက်လေးက တထောင့်တနေရာကနေ အသုံးဝင်နေမှာပါ

မောင်မျိုး said... @ October 17, 2008 9:55 PM

ကောင်းလိုက်တဲ့ကဗျာ ညာလက်အကြောင်းရေးထားတာ ငါကလက်ရေးလည်းမလှ ပိုဆိုး နင်ကမှတော်သေးတယ်း)

ဂျဲဂျယ် said... @ October 17, 2008 10:54 PM

ကိုမျိုးပြောသလိုပဲ ကျတော်လဲ လက်ရေးက မလှ တော်သေးတာပေါ့။ စာလေးရိုက်ဖို. အသုံးဝင်နေသေးလို.။

တင့်ထူးရွှေ said... @ October 18, 2008 2:50 AM

ညာဘက်လက်အကြောင်း ကောင်းတယ်ဗျာ၊ ကျွန်တော်ကတော့ ဘယ်သန် ... :)

lovelessguiter said... @ October 18, 2008 5:06 AM

ဘာပဲပြောပြော အောင်မြင်မှုလမ်းစက ညာဘက်လက်မှာရှိရင်ရော...။

ဖြိုးငယ် said... @ October 18, 2008 5:55 AM

ဒီတစ်သက်မှာ ဒီလက်နဲ့
ညီမျှခြင်းဖြစ်ဖို့ ကြိုးစားရမှာ
ငါ.... တစ်ကယ်ရင်မောပါတယ်။
မှန်လိုက်တာ ညီမရယ် . .. သူများနဲ့ မပြောနဲ့ ..
ကိုယ့်လက်နဲ့တောင် ကိုယ် မညီနိုင်ဘူးလေ

ဖားကြီး said... @ October 18, 2008 7:07 AM

ကဗျာကတော့ အတွေးမှာပဲနေတာဆိုတော့
အဓိပ္ပါယ်မဖွင့်တော့ဘူးဗျာ ။ခံစားသွားပါတယ်y

အရုပ်ကလေး said... @ October 18, 2008 7:24 AM

နောက်ဆုံးအပိုဒ်လေးကို တော်တော်ကြိုက်တယ်
တစ်ပုဒ်လုံးကိုလည်း ခံစားမိပါတယ်
ဆက်လက် အောင်မြင်ပါစေ

Phyo Evergreen said... @ October 18, 2008 10:13 AM

အစ်မရေ စာသားတွေထိမိ ပြတ်သားတယ်...။ ခံစားရတာတွေကို ရှင်းရှင်းလင်းလင်းနားလည်စေတယ်..။
စိတ်ကိုလျှော့ပါဦး...အစ်မ...။

thinzar said... @ October 19, 2008 12:42 AM

ဒီတစ်သက်မှာ ဒီလက်နဲ့
ညီမျှခြင်းဖြစ်ဖို့ ကြိုးစားရမှာ
ငါ.... တစ်ကယ်ရင်မောပါတယ်။

ထိတယ်ဗျာ...
ခေါင်ရေ သယ်ရင်း
ရင်မောမောနဲ့ပဲ ညှိယူကြတာပေါ့ကွယ်

ဂျူနို said... @ October 20, 2008 6:42 AM

ခေါင်ခေါင်ရေ
အဲ့လိုကြီးမတွေးပါနဲ့ ကွယ်။
ညာလက်လေးက အလုပ်များပါတယ်။
အလုပ်လုပ်တော့ အမှားတွေ့ တာပေါ့။
တကယ်တော့အသုံးမကျတာက ခေါင်းပါ။
လူတွေက သူ့ ကိုနည်းနည်းပဲသုံးတာ။ လုံးဝမသုံးတဲ့သူလည်းရှိတယ်။ ဖြတ်ချင်းဖြတ် အလကားပိုနေတဲ့ ခေါင်းသာဖြတ်ရမှာ။

pethein said... @ October 20, 2008 10:31 AM

ခေါင်ခေါင်ရေ
လူကိုယ်တစ်ခုလုံး စိတ်တိုင်းကျစေခိုင်းနိုင်တာ လက်နှစ်ချောင်းပါ
ဧကန်နခေါင်ခေါင်တို့ ထိမှန်ချက်ပြင်းထန်ထားတဲ့နဲ့ တူပါတယ်။

mirror said... @ November 30, 2008 6:27 AM

ကိုယ်ကတော့ ဗယ်လက်...
ဗယ်သန်လေ.........
လူကြီးတွေ အမြင်မကြည်တဲ့ ဗယ်ကျော်...
အဟီးဟီး
ကောင်းတာတစ်ခုမှ မပါဘူး
ဒီညာလက်ပိုင်ရှင်လေးကတော့ တော်လိုက်တာ
ထူးဆန်းသလို၊လှလဲလှတဲ့ကဗျာလေးတွေရေးတတ်တယ်...

ခင်မင်လျက်
အစ်မ
mirror

Post a Comment

 

Blog Archive

Lipsum

Followers