ခေါင်ခေါင်

ကျွန်မရဲ့ငွေရောင်လမင်း

Published by ခေါင်ခေါင် under on Monday, October 27, 2008
ကျွန်မရဲ့လမင်းဆီက အလင်းတန်းတွေ မှာဆွဲငင်တတ်တဲ့ စွမ်းအားတွေ ရှိတယ်။ ကျွန်မလမင်းဆီက အလင်းတန်းတွေ ရောင်ပြန်ဟပ် ပြီးရောက်လာတတ်တိုင်း ကျွန်မနှလုံးသား တစ်ခုလုံးတုန်ခိုက်ပြီး ဘာမှမကျန်ရှိတော့သလိုမျိုး လှိုက်ဟာစွာ နာကျင်ပြီး ကျန်ရစ်ခဲ့တတ်တယ်။ ဒါပေမယ့် ဒီအလင်းတန်းတွေကို ကျွန်မ မက်မောစွာ စောင့်မျှော်ခဲ့ဖူးတဲ့ အကြိမ်ပေါင်းလဲ မနည်းခဲ့ဘူး။ ကျွန်မရဲ့ နူးညံ့အေးစိမ့်နေတဲ့ နှလုံးသားပေါ်ကို ကျွန်မလမင်းရဲ့ အလင်းတန်းတွေ ဘယ်တော့မှ ပြန်ရောက်လာမှာလဲ။

အဝေးကြီးက လမင်းရယ် ကျွန်မရင်ထဲက ဆွဲနုတ်ယူသွားတဲ့ တမ်းတခြင်းတွေကို မြင်တွေ့နိုင်မလား။ အဲဒိလိုမြင်တွေ့နိုင်ဖို့ လမင်းရဲ့ နှလုံးသားမှာ တစ်ခြားသော တွယ်ငြိမှုတွေ ကင်းလွတ်အားလပ်နေပါ့မလား။ သေချာတာကတော့ ကျွန်မကို သတိတရ ရှိဖို့တောင် သူ့နှလုံးသား အားလပ်နေမည်မဟုတ်ပါ။အဲသည့် အဖြစ်ကတော့ စိတ်ကူးနဲ့တောင် ရင်မဆိုင်ရဲသော ကျိန်စာတစ်ခုပါပဲ။ ဒါပေမယ့် ကျွန်မလက်ခံရမယ့် အမှန်တရားတစ်ခုလဲ ဖြစ်နေပြန်တယ်။

ဘာပဲဖြစ်ဖြစ် သူ့အလင်းရောင်ဟာ ကျွန်မရင်ထဲမှာ ဆန်းကြယ်စွာ ထွန်းလင်းတောက်ပခဲ့ဖူးတာ သူအသိဆုံးပါပဲ။ အဲဒိအခိုက်အတန့်တွေ တုန်းက ကျွန်မရဲ့ မှောင်နဲ့မည်းမည်း ဘ၀ထဲမှာ အဓိပ္ပယ်အရှိဆုံး၊ အလင်းလက်ဆုံး ၊အလှပဆုံး လမင်းတစ်ခု ဖြစ်ခဲ့ဖူးတာပဲလေ။ ဆွဲငင်တတ်တဲ့ အလင်းတန်းတွေ အတွက် ကျွန်မရဲ့ ငွေရောင်လမင်းကို အရူးအမူးကျေးဇူးတင်တယ်။


13 comments:

ဗီလိန် said... @ October 27, 2008 6:03 AM

လမင်းလေး အမြဲပဲသာနိုင်ပါစေကွယ်။

လင်းဒီပ said... @ October 27, 2008 6:20 AM

ညအခါ လသာသာ
ကစားမလား နားမလား
ဟေ့ ခေါင်ခေါင်ရေ..လသာရင် ဘာတွေလုပ်မလဲ...
ငါ့ညီမ ပျော်ရွှင်ပါစေ..

မိုးကြယ် said... @ October 27, 2008 8:50 AM

ခေါင်ခေါင့်ညတိုင်း လသာနိုင်ပါစေဗျာ..

မသက်ဇင် said... @ October 27, 2008 10:52 AM

ခေါင်ခေါင်ရေ----
စကားပြေအရေးလည်းကောင်းတယ်နော်--

သေချာတာကတော့ ကျွန်မကို သတိတရ ရှိဖို့တောင် သူ့နှလုံးသား အားလပ်နေမည်မဟုတ်ပါ။---တဲ့လား
ခံစားချက်တွေ ပြင်းထန်နေသလားခေါင်ခေါင်ရေ--
လမင်းလေး အမြဲသာနိုင်ပါစေ---
ခင်မင်လျက်
မသက်ဇင်

tharrhtoo said... @ October 27, 2008 10:53 AM

ငါနှမရေ..
ဇော်ဝင်းရှိန်ရဲ့ ငွေရောင်လမင်း သီချင်းကို ပြန်သတိယမိပေါ့ကွာ

နှမလေးတစ်ယောက် လရောင်ခြည်အောက်မှာ ပျော်ရွင်နိုင်ပါစေ

မိုးသား said... @ October 27, 2008 4:57 PM

လာဖတ်သွားတယ်...

မိုးသောက် said... @ October 28, 2008 12:40 PM

လမင်းလေး ပြန်လည်ပြီး ထွန်းလင်းနိုင်ပါစေလို့
ဆုတောင်းပေးပါတယ်ဗျာ
တစ်ကယ့် ရသကောင်းလေး တစ်ပုဒ်ပါပဲ

Mr.Guiter said... @ October 29, 2008 1:45 AM

ငွေရောင်လမင်းလေး
ဝေးကွာနေလည်း
မင်းရဲ့အလှအပဟာ ရူး...စေတယ်း)

yatuyinnyo said... @ October 31, 2008 2:25 AM

ကိုကဝေမင်းပါ
ကို့ blog က www.yatuyinnyo.blogspot.com ပါ

pethein said... @ October 31, 2008 4:15 AM

ခေါင်ခေါင်ရေ ဒီပို့စ်စတင်ထဲကရောက်ပါတယ် ဒါပေမယ့် တုန်ချိနေတဲ့ connetion ကြောင့် အိပ်လိုက်ရတယ် အခုတော့ကောင်းကောင်းခံစားသွားပါတယ်။

ဒူကဘာ said... @ October 31, 2008 4:27 AM

ည ခေါင်ခေါင်မှာ သာတဲ့ "လ" က ပိုလို့သာကာ လှပါ၏။

တင့်ထူးရွှေ said... @ October 31, 2008 7:34 AM

အက်ဆေးအရေးအသားကောင်းသလို လမင်းလေးအမြဲသာနိုင်ပါစေ ။

ဇင်ယော် said... @ November 5, 2008 12:55 PM

လရောင်ဆမ်းတဲ့ကောင်းကင်တစ်ခုအတွက် အလွမ်းတွေကို မြောလွင့်နေရတယ်ပေါ့။ ကဲ ငါ့ညီမရေ ဆုတောင်းပေးလိုက်ပါတယ်ဗျား။ ညစဉ်ညတိုင်း ငြိမ်းချမ်းအေးမြတဲ့ လရောင်အောက်မှာ အိပ်မက်လှလှလေးတွေ မက်ပြီး ပျော်ရွှင်စွာနဲ့ အနားယူနိုင်တဲ့အချိန်ကို ပြန်လည်ရောက်ရှိနိုင်ပါစေဗျာ။

Post a Comment

 

Blog Archive

Lipsum

Followers