ခေါင်ခေါင်

ဖြစ်သလို စားသလားတဲ့..

Published by ခေါင်ခေါင် under on Monday, October 06, 2008
စာရေးကောင်းတဲ့ သူငယ်ချင်းပန်းချီ ဆရာမ နန်းညီ တက်(Tag) ထားတာလေးပါ။ သူငယ်ချင်းကို ဖတ်စေချင်တော့လည်း မနဲကုတ်ကပ်စဉ်းစားပြီး ရေးလိုက်ပါတယ်။ အကြာကြီးနေမှ ရေးဖြစ်လို့ စိတ်မဆိုးပါနဲ့ ဆရာမရေ။ကဲ ဆရာမနန်းညီရေ... စိတ်ကြိုက်သာဖတ်တော့နော်။ နန်းညီ လိုတော့ ကျွန်မက ဗဟုသုတရအောင် ရသမြောက်အောင် မရေးတတ်ဘူး။ ကျွန်မက ပေါက်ကရတွေပဲ ရေးတတ်တာလေ။ကဲရေးပြီနော်... ။

ဖြစ်သလိုစားတတ်တဲ့ ကျွန်မ...
ကျွန်မငယ်ငယ်လေးထဲက ဖြစ်သလိုစားတတ်ပါတယ်။ ကြုံရာစားတယ်။အစားအသောက်ကို လဲသိပ်ဂျီးမများ ပါဘူး။အစားအသောက်အတွက် သိပ်ပြီးလဲအပင်ပန်းမခံဘူး။ အချိန်ကုန်မခံဘူး။ အမှန်အတိုင်းပြောရရင်တော့ ချက်ပြုတ်ရမှာကို စိတ်လဲမရှည်ဘူး။ ပျင်းတာလဲပါတယ်။တစ်ခြားအိမ်အလုပ်တွေကိုသာ ပင်ပင်ပန်းပန်းလုပ်ပစ်ချင်တယ်။ ချက်ပြုတ်ကျော်လှော်ရမှာကိုတော့ ဘာကြောင့်မှန်းမသိဘူး။ မလုပ်ချင်ဘူး။ ကျွန်မ အမေ့အိမ်ရောက်တဲ့ အချိန်တွေတိုင်း ဟင်းတွေဖွယ်ဖွယ်ရာရာ အမေကိုယ်တိုင်ချက်ကျွေးတယ်။ အမေက ဘာဟင်းစားချင်လဲ လို့မေးရင်.ကိုယ့်ဟာကိုလည်း ဘာကြိုက်မှန်းမသိလို့ ဘာပြောရမှန်းမသိဘူး။ အကုန်လုံး စားလို့ရတယ်။တရုတ်စာ ၊ကုလားစာ၊မြန်မာစာ၊ ရှမ်းစာ အကုန်ကျွန်မနဲ့အဆင်ပြေတယ်။ ကျွန်မ မကြိုက်တဲ့ ဟင်း၊ မစားဘူးဆိုတဲ့ ဟင်းလဲ မရှိသလောက်ပါပဲ။

ကျွန်မတစ်ဘ၀လုံးတစ်ယောက်ထဲ နေတာများတော့ ဖြစ်သလိုစားတဲ့အကျင့်ကလဲ အရိုးစွဲနေပါတယ်။ စားချင်စား မစားချင်မစားနဲ့ ထမင်းနပ်ပေါင်းများစွာကို ကြုံသလိုပဲ စားခဲ့လို့ ကျွန်မအစာအိမ်ကလဲ သိပ်ပုံမှန်မဟုတ်ဘူး။ မြန်မာပြည်မှာရှိတုန်းက မနက် ၇နာရီကနေ အိမ်က စထွက်လိုက်တာ သင်တန်း ၊ အလုပ်၊ စာသင်နဲ့ တစ်ခါတစ်ခါတစ်လေ. ည၁၂ နာရီလောက်မှ ပြန်ရောက်တယ်။ တစ်နေကုန်ကို ကြုံတဲ့ နေရာမှာ အဆင်ပြေသလိုစားပါတယ်။ ကျွန်မအများဆုံး စားဖြစ်တာ လှည်းတန်း ၊ ဦးထွန်းလင်းခြံလမ်းထဲက ထမင်းသုတ်ပဲ။ ကြာဇံချက်နဲ့ ထမင်းသုတ် ကျွန်မအမြဲစားတယ်။ ပြန်ပြီးတောင်စားချင်လာပြီ။ အိမ်မှာ ဖြစ်သလိုစားရင် တော့ ကြက်ဥနဲ့ ထမင်းကို ရောကြော်ပြီးစားတယ်။ တစ်ခါတစ်လေတော့ လက်ဘက်သုတ်နဲ့။ လက်ဘက်သုတ်လဲ ကျွန်မအရမ်းကြိုက်တာ။ another တစ်ခါတစ်လေမှာ တော့ဖြစ်သလို အချစ်ဆုံးတွေနဲ့ Black Canyonတို့ Eugenia တို့မှာ ပဲသွားစားလိုက်တယ်လေ။

ဒီကိုရောက်လာတော့ ဘ၀က ပိုပြီးဆိုးသွားတယ်။ကျွန်မဈေးလဲမသွားချင်ဘူး။ ချက်လဲမချက်ချင်ဘူး။ သူများအိမ်မှာ သွားကပ်စားရတာလဲ ခဏခဏဆိုတော့ မကောင်းတော့ဘူး။ အပြင်ကနေလဲ ကျွန်မ ခဏခဏ ၀ယ်မစားနိုင်ဘူး။ အဲဒိတော့ ကျာင်းကနေ မောမောနဲ့ပြန်လာတဲ့ အခါ ကျွန်မအများဆုံးစားဖြစ်တာကတော့ ခေါက်ဆွဲပြုတ်ပါပဲ။ ဗိုက်ဆာနေတော့လဲ ဘယ်လိုကုန်သွားမှန်းမသိဘူး။
နောက်တစ်မျိုးကတော့ ထမင်းပေါင်းအိုးထဲကို ထမင်းချက်ရင်းနဲ့ ငါးသေတ္တာ ဗူးကိုပါ ဖောက်ထည့်ထားလိုက်တာ။ ထမင်းလဲ ကျက် အဆင့်သင့်စားရုံပဲ။ အနီရောင် ထမင်းလို့ ကျွန်မဘာသာ ခေါ်တယ်။ ကျွန်မ ရဲ့အနီရောင် ထမင်းထဲကို ခရမ်းချဉ်သီး ဆော့တွေ အများကြီးထည့်ပြီးစားတယ်။ တစ်ကယ်ကောင်းတယ်။ မယုံရင် စမ်းချက်ပြီးစားကြည့်ပါ။

ဒီနေ့တော့ ကျွန်မ ဧည့်သည်တွေနဲ့ တူတူ BOMBAY MAGIC မှာညစာ စားခဲ့တယ်။ ကုမ္မဏီက ကျွေးတာလေ။ သူတို့တွေပျော်နေတာတွေ့တော့ ကျွန်မလဲပျော်တယ်။ ကျွန်မအတွက် ပျော်စရာ ညစာစားပွဲ တွေ ၊ သိုက်သိုက်ဝန်းဝန်း လူတွေ အများကြီးနဲ့ အရသာရှိရှိစားရတဲ့ စားပွဲတွေနဲ့ဝေးကွာနေတာ တော်တော်လေးတော့ ကြာနေပြီ။ တော်တော်လေးကြာပေမယ့်လည်း ကျွန်မက ဖြစ်သလိုစားတတ်တဲ့ သူဆိုတော့ ပြသာနာမရှိဘူးလေ။ ဒီလိုနဲ့ပဲ ခဏခဏ ကျွန်မ ဖြစ်သလိုစားနေပါတယ်။

ကျွန်မဖြစ်သလို စားတဲ့ အကြောင်းပြီးပါပြီ။

နန်းညီ တက် လို့ ကျွန်မ ရေးပြီးသွားပါပြီ။ဆိုင်လား မဆိုင်လားတော့မသိဘူး။ ရေးချင်တာတွေ ရေးချလိုက်တာပဲ။ ဆက်လက်ပြီး .. ကျွန်မ တက် လိုက်တဲ့ ကံထူးရှင်များကတော့.....

-အိမ်
-မောင်လေး ဟီးရိုး
-တာဇံ

တို့ သုံးယောက်ပါ။ မြန်မြန်လေး ရေးပေးကြပါ။ ကျေးဇူးရှင်တို့ရေ... နော်။



11 comments:

လင်းဒီပ said... @ October 6, 2008 at 6:06 AM

အနီရောင်ထမင်းတွေ..တဝကြီးစားသွားတယ်ညီမရေ...

Anonymous said... @ October 6, 2008 at 6:13 AM

အော်.... ဒီမှာ ဂျီးဒေါ် ကျုပ်အရင်တက်တာနော်
ပို့စ်တင်တဲ့ အချိန်လဲသွားကြည့်ပါဦး
ကိုယ့်ကိုသူများတက်တော့ ပြန်တက်ရမလားမှတ်တယ်
အတက်ခံပြီးသွားတဲ့သူနဲ့ချည်းတွေ့နေတယ်။
မရဘူး ထပ်ရေးပေးဒါပဲ မရေးရင်မခေါ်တော့ဘူး စိတ်ဆိုးမှာပဲ။ ပြီးတော့ လာဖတ်ဖို့ အကြွေး ကျန်သေးတယ်နော် စာမူခလဲ ပေးရမယ် ဒါပဲ။


မိန်းကလေးက ဒီလိုအကျင့်တွေရှိတာလေးစားလောက်ပါရဲ့ဗျာ
အဲဒါကြောင့်လဲ အပျိုကြီးဖြစ်နေတာထင်ပါရဲ့
ဒါမှမဟုတ် ကိုယ့်အကြောင်းကိုယိလို့များလားဗျာ
ရှားရှားပါးပါး ကောင်းမလေးတယောက်ပါပဲ
ဟိဟိဟိ စိတ်ဆိုးနဲ့ ခင်လို့နောက်တာ

ဖြိုးငယ် said... @ October 6, 2008 at 6:28 AM

ခေါက်ဆွဲ ချစ်သူများနဲ့လာတွေ့နေတယ် .. အကိုတို့လိုပဲ ..:P အနီရောင်ထမင်းတော့ လုပ်မစားဖူးဘူး ... စမ်းကြည့်ဦးမှ ..

သံလွင် HeRo said... @ October 6, 2008 at 11:00 AM

ဟွန်း...သူတစ်ယောက်ထဲတွားစားဒယ်...တားတားကို
လည်းမခေါ်ဝူး...ဖြစ်သလိုတွေတောင်အဲလောက်လန်း
နေရင်တကယ်ကောင်းကောင်းစားရင်တော့
တွေးတောင်မတွေးတတ်တော့ဝူးဗျို့။ :P
ယေးပီးပီနော်...ပြန်လာကြည့်ပေးပါအုံးဂျ

mgngal said... @ October 6, 2008 at 1:12 PM

အနီရောင် ထမင်းဆိုပဲ အခုမှကြားဖူးတော့တယ်။
စမ်းချက်ကြည့်ဦးမှ ။ဟဲဟဲ

Anonymous said... @ October 6, 2008 at 2:21 PM

ဂွတ်တယ် ..
ကျနော်လည်း အဲ့လိုပဲ စားလို့ရတာ အကုန်စားတယ် ..
သစ်သားကို အရသာရှိအောင် ချက်ပေးရင်တောင်
နည်းနည်း စုပ်ချင်စုပ်နေဦးမှာ ... :D
ခေါက်ဆွဲ အချစ်တော်တွေပေါ့လေ ..
တစ်ကိုယ်ရည် တစ်ကာယ သမားတွေရဲ့ ဘ၀ကို
နားလည်ပါတယ် ခေါင်ခေါင်ရေ ..
ဘ၀တူတွေပါပဲ :P
ကျနော့် ဘလော့မှာ ဘာလို့ မြန်မာစာ မပေါ်တာလဲ မသိဘူးနော် ..
firefox ကို zawgyi-one သွင်းပြီး ဖွင့်ကြည့်ပါလား ..
ရမရ ပြန်ပြောဦးနော်

NangNyi said... @ October 6, 2008 at 7:54 PM

ဟဲဟဲ ဟိ .. ဟဲဟဲ ဟိ

မောင်ပိစိ said... @ October 7, 2008 at 5:31 AM

Eugenia က အကင်ကောင်းတယ် ခေါင်ခေါင်ရေ့ :P

တောင်ပေါ်သား said... @ October 7, 2008 at 7:47 AM

မကြီးခေါင်ရေ ဖြစ်သလို စားတာတွေကို ဖတ်သွားပါတယ်.. ခေါက်ဆွဲတော့ အရမ်းမစားနဲ့ဦးအမရ တော်ကြာ ကတုံးဖြစ်နေမယ်နော့် ခေါက်ဆွဲအစားများရင် ဆံပင်တွေ ကျွတ်တယ်လို့ ကြားဘူးတာပဲဂျ :)

ဇင်ယော် said... @ October 7, 2008 at 11:18 AM

မကြိုက်တဲ့ ဟင်း၊ မစားဘူးဆိုတဲ့ ဟင်းလဲ မရှိသလောက်ပါပဲ ဆိုပါ့လား။ အင်း ဒါမျိုးဧည့်သည်တော့ ခပ်ကြောက်ကြောက်ရယ်။ အနီရောင် ထမင်းတစ်ထုပ် ပါဆယ်ဆွဲလာရင်တော့ လာစေဗျား။ လောက်ငှပါစေနော်။

သက်တန့် said... @ October 7, 2008 at 10:31 PM

တောင်ပေါ်သားရဲ့ ဥထမင်းကို စိတ်ကူးနဲ့စားပြီး ဒီဘက်လာတာ...
ဒီရောက်တော့ အနီရောင်ထမင်းတဲ့...
ဒါလည်း တစ်မျိုးကောင်းမှာပဲ...
စိတ်ကူးနဲ့ မြည်းသွားတယ်...
ထူးဆန်းပါပေ့ ခေါင်ရည်... :)

Post a Comment

 

Lipsum

Followers