ခေါင်ခေါင်

ကျေးဇူးတင်တဲ့ အကြောင်း

Published by ခေါင်ခေါင် under on Saturday, October 04, 2008
ကျွန်မ ဘလော့လေးအား လာလည်ပေးကြသော မောင်နှမ များ အားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေရှင်.
အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ စိတ်ပါလက်ပါ ကွန်မန့်များ ရေးပေးကြတဲ့ အစ်ကို များ အစ်မ များကိုလည်း ကျေးဇူးကမ္ဘာပါ။ ကျွန်မအခုလောလောဆယ် အခြေအနေမှာ မထင်မှတ်ထားလောက်အောင် အလုပ်တွေရှုပ်နေပါတယ်ရှင်။ နေ့တွေညတွေ မရှိသလို ၊စနေ တနင်္ဂနွေ တွေပါရှုပ်နေတဲ့ အလုပ်တွေကြောင့်ပါ။ ကျွန်မပိုစ့်အသစ်ရေးပြီး မတင်နိုင်သလို ဘလော့တွေလဲ မလည်ဖြစ်ဘူး။ ဒါပေမယ့် ကျွန်မဘလော့ လေးကို အမြဲလာလည်ပြီး အမှတ်တရလေးတွေ ရေးပေးကြတဲ့ သူငယ်ချင်းများ ၊အစ်ကိုများ အစ်မများ အားလုံးကို တစ်ကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တဲ့ အကြောင်းလေး ကျွန်မပြောချင်ပါတယ်ရှင်။ သူငယ်ချင်းနန်းညီရဲ့ တက် ထားတဲ့ ပိုစ့်လေး လည်းအကြွေးမှတ်ထားပါဦးနော်။ အားတာနဲ့ ချက်ချင်းကို ရေးမှာပါ။ စိတ်မဆိုးပါနဲ့နော်။ ကျွန်မက ပေါက်ကရခြောက်ဆယ်သာ လျှောက်ရေးတတ်တာ ကျေးဇူးတင်စကားကျ တော့ကောင်းကောင်းမွန်မွန် မပြောတတ်ဘူး။ သူငယ်ချင်းများ အစ်ကိုများ အစ်မများ အားလုံး အရာရာ အဆင်ပြေချောမွေ့ကြပါစေ။ ချစ်ခင်ရသော သူများနဲ့ကွေကွင်းရခြင်းမှ ကင်းဝေးကြပါစေ ရှင်။

I love you all, all the best.

8 comments:

သံလွင် HeRo said... @ October 4, 2008 at 9:47 AM

ကိုကို.မမ တွေတော့ပါတယ်...မောင်လေးတွေ.ညီမလေး
တွေကျတော့မပါဝူး....ဗြဲ....

Unknown said... @ October 4, 2008 at 11:02 AM

ဟုတ်ပ..ဘဘတွေတော့ ပါဝူး..ဟီး.ဟီး.ရွတ်

ဇင်ယော် said... @ October 4, 2008 at 12:03 PM

ရတယ်။ ပြသနာမရှိဘူး။ အဲ ဒါပေမယ့် အလုပ်တွေ ပါးသွားရင်တော့ အတိုးနဲ့  ပြန်ရေးပေးပေါ့။ ဖြစ်တယ်ဟုတ်။

Anonymous said... @ October 4, 2008 at 3:30 PM

လာလည်တယ် ခေါင်ခေါင်ရေ
အားရင် လာခဲ့ဦးနော် ..
အလုပ်တွေ မြန်မြန်ပြီးပါစေ ..
စာတွေ အမြန်ဆုံးပြန်ရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်
ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ :)

NangNyi said... @ October 5, 2008 at 1:38 AM

ဒေါ်ဒေါ်ခေါင်.. အကြွေးမြန်မြန်ဆပ်နော်.. ပထမဆုံးများက ရေးပြီးသွားပြီ.. တာဝန်ကျေတဲ့သူက ကျေတယ်.. ကြည့်လုပ်.. ဟုတ်ပလား
(ဆရာမကြီး နန်းညီ)

Phyo Evergreen said... @ October 5, 2008 at 9:48 AM

"Blogger သံလွင် HeRo said...

ကိုကို.မမ တွေတော့ပါတယ်...မောင်လေးတွေ.ညီမလေး
တွေကျတော့မပါဝူး....ဗြဲ...."

ဟုတ်တယ်ထောက်ခံတယ်ဗျို့..။ အဆင်ပြေချောမွေ့ပါစေဗျာ..။

Anonymous said... @ October 5, 2008 at 10:04 AM

အော်...ရေးထားတာတွေက ပေါက်ကရခြောက်ဆယ်တွေတဲ့
အဟုတ်မှတ်လို့ ဖတ်နေတာ
မော်ဒန်ကဗျာမှတ်လို့ လက်စကို သတ်လိုက်တော့
ပေါက်ကရခြောက်ဆယ်တွေကိုး
ဒါကြောင့်နဲ့ တူတယ် ကဗျာ အပုဒ်တိုင်း နားကိုမလည်
တာ ဘာကိုဆိုလိုမှန်းကိုမသိတာ စာတစ်ကြောင်း ဖတ်ပြီးရင် တော်တော်စဉ်းစားရတယ် ခုမှပဲသိတော့တယ်
အလုပ်တွေများသထက်များပါစေဗျား
ဟိဟိဟိဟိဟိဟိဟိဟိ
နောက်တာနော စိတ်ဆိုးရင်ဘူဒါးကြီး ကိုက်လိမ့်မယ်

သက်တန့် said... @ October 6, 2008 at 4:14 AM

အလုပ်တွေရှုပ်နေတယ်လား...
ရပါတယ်... ရပါတယ်...
တစ်နေ့တစ်ပုဒ်နှုန်း အကြွေးမှတ်ထားမယ်...
အားတဲ့အခါကျ ပြန်ဆပ်ပေါ့လေ...
ဖြစ်တယ်ဟုတ်... :P

Post a Comment

 

Lipsum

Followers