ခေါင်ခေါင်

ဆက်သွယ်ချက်များ

Published by ခေါင်ခေါင် under on Tuesday, September 30, 2008
ပင်လယ်လိုဟန်ဆောင်ထားတဲ့ မိုးတိမ်တွေ...။
တစ်ဝုန်းဝုန်းရိုက်ခတ် ပဲ့တင်ဝေစည်.. (အသံတော့ မမြည်ဘူးပေါ့)။
မကြာမီရွာချမည်ဆိုတာတော့ သိနေခဲ့....။
မစို့မပို့ အလှပြင်ထားတဲ့ အလင်းနှစ်ကောင်းကင် ချင်ခြင်းတပ် အိမ်မက်တွေနဲ့လွမ်း.....။
လွမ်းချင်ဦး.....လွမ်းချင်ဦး......။ ရေရွတ်သံမူးမူး... ။အမှောင်လမ်းကို ရွေးလျှောက်ချင်ခဲ့ရဲ့..။
အခါလည်သားလမင်းလဲ ကြယ်တွေကိုလဲ အဖေါ်အဖြစ် ခေါ်မအိပ်တတ်ခဲ့..။
သူချည်းသက်သက် အထီးကျန်ပြီးနေတဲ့ ည။ သူချထားတဲ့ အမှောင်ထဲမှာပဲ ဘာသာပြန်ပျောက်နေပြန်ရော..။
တစ်ရှပ်ရှပ် သစ်ရွက်ကြွေသံ...။ အဝေးက နာရီသံချောင်းခေါက်သံ... ။ခပ်ဝေးဝေးက ခွေးဟောင်သံ..။
သန်းခေါင်ယံ ရထားက ဥသြ သံရှည်ဆွဲ...။ရောက်ချင်သေးတယ်..။ မျှော်လင့်ချင်သေးတယ်.. ။

အလင်းရှိမဲ့ မနက်ဖန်...။
အလင်းရှိမဲ့ အာရုဏ်ဟာ ဘူတာစဉ်တစ်ခုလို ရပ်စောင့်နေ...။ မ၀ံ့မရဲ စိတ်ရဲ့ ထောင့်စွန်းခပ်ကျကျ...။
ဝေ့၀ဲမှုန်ရီ..။ မျှော်လင့်ရာလမ်းကလေး .. မရောက်ခင်... မရောက်ခင်....။
လက်မပြနဲ့ဦး..။ နှုတ်မဆက်နဲ့ဦး....။
ငါတို့ဆီက ကြယ်ရောင်လ၀န်း အလင်းတန်းတွေ သိမ်းနှုတ်မခံနဲ့ဦး..။
မရောက်တတ်သေးတဲ့ ဥယျာဉ်စိမ်းထဲက လေသေတွေ ၀ဲလည်ပြိုဆင်း ကျမလာစေနဲ့ဦး........။
ရင်လွင့်တောင်ပံတွေ မကျိုးပဲ့စေနဲ့ဦး...။
အမှန်တရားကို မျိုချပြီး အငိုက်မိ မခံနဲ့ဦး...။
သဘာဝမကျတဲ့ ဖြစ်ရိုးဖြစ်စဉ်တွေကို ခေါက်ရိုးချိုးထားလိုက်ဦး...။
တစ်စုံတစ်ရာ မြတ်နိုးချင်းကို သိုဝှက်.. အဲဒိ သိုဝှက်ခြင်းကိုပဲ မြတ်နိုးနေလိုက်ဦး...။
ပြီးရင် ဘယ်ဘက် ရင်အုံအစွန်းမှာ.. အနီရဲရဲ နှင်းဆီတစ်ပွင့်ကို ထိုးစိုက်..။
နောက်ထပ် မေ့ချင်ယောင်ဆောင်လို့မရတဲ့ သတိတရတွေနဲ့ အကျီခပ်ပါးပါးလေး တစ်ထည်ကို အတ္တကြီးကြီးနဲ့ ငါတို့သီချုပ်ကြစို့...(ဒဏ်ရာတစ်ချို့ပါကောင်းပါမယ်...)။ လွမ်းချင်ဦး..... ။ ချင်ခြင်းတပ် အိမ်မက်တွေနဲ့လွမ်း..
အလင်းနှစ်ကောင်းကင် အလှပြင်ထားဆဲ..။
မကြာမီ ရွာတော့မည်ဆိုတာတော့သိနေခဲ့တယ်..(အသံတော့ မမြည်ခဲ့.)..။ ဖြေးညင်းရိုက်ခတ်ပဲ့တင်ဝေစည်..။ ပင်လယ်လို ငြိမ်ချက်သားကောင်းနေတဲ့ မိုးတိမ်တွေ...။

14 comments:

လင်းဒီပ said... @ September 30, 2008 at 5:00 AM

ခေါင်ခေါင်ရေးဟန်..ဒီမှာတစ်မျိုးပြထားတယ်..
စိတ္တဇဆန်ဆန်မျောလွင့်နေတဲ့ပုံစံမျိုး...
တစ်မျိုးဆန်းသစ်နေတယ်...ကောင်းတယ်...

ဗီလိန် said... @ September 30, 2008 at 8:16 AM

လက်မပြပါဘူး။ နှုတ်လဲမဆက်ရပါဘူး။ ဘယ်သူက နှုတ်ဆက်မယ်ပြောလို့တုန်း။

ဇင်ယော် said... @ September 30, 2008 at 9:30 AM

ညီမရေ အသံမမြည်ပဲ ရွာတဲ့ မိုးတော့ ကြောက်တယ်ဟ။ နာဂစ်က လာပြီးသွားတာ သိပ်မကြာသေးဘူးလေ။

အိုင်လွယ်ပန် said... @ September 30, 2008 at 12:29 PM

တစ်မျိုးလေးကောင်းတယ်ဗျ....
ပျော်ရွှင်ပါစေဗျာ....

Anonymous said... @ September 30, 2008 at 12:31 PM

ကောင်းတယ်ဗျို့ .. အရေးအသားလေးတွေ
ဆန်းသစ်တယ် ... အားပေးပါတယ်ဗျာ
အများကြီးဆက်လက်ရေးသားနိုင်ပါစေဗျာ :)

Anonymous said... @ October 1, 2008 at 2:23 AM

ကောင်းတယ်ဗျာ အရေးအသားလေးတွေခိုက်တယ်
(တဂွပ်ဂွပ်တောင်မည်တယ်)တကယ်ပြောတာ
နောက်ဖူး

Unknown said... @ October 1, 2008 at 5:58 AM

ညီမရေ
အတွေးလေးက တစ်မျိုးလေးဆန်းသစ်တယ်
ကောင်းတယ်ကွ
အားပေးနေမယ်နော်

pethein said... @ October 1, 2008 at 8:04 AM

ခေါင်ခေါင်ရေ --
စာသားလေးတွေအသုံးအနှုန်းက တကယ့်ကိုဆန်းပြားတဲ့ ချယ်သမှုတွေနဲ့ အံ့မခန်းပါပဲ
ဝင်လေ ထွက်လေမှာတောင် ကဗျာသံစဉ်တွေ ပါနေရော့လား----

Phyo Evergreen said... @ October 1, 2008 at 9:22 AM

မိုးနဲ့ပတ်သတ်တဲ့ခံစားချက်တွေတော်တော်များခဲ့
တယ်ထင်တယ်...။

Unknown said... @ October 1, 2008 at 1:07 PM

နောက်ထပ် မေ့ချင်ယောင်ဆောင်လို့မရတဲ့ သတိတရတွေနဲ့ အကျီခပ်ပါးပါးလေး တစ်ထည်ကို အတ္တကြီးကြီးနဲ့ ငါတို့သီချုပ်ကြစို့..
စာသားလေးကောင်းတယ် ကဗျာတစ်ပုဒ်လုံးနှစ်သက်စွာခံစားသွားတယ် မခေါင်ခေါင်
ကောင်းသောနေ့ပါ :)

မိုးသား said... @ October 1, 2008 at 9:56 PM

ခေါင်....
ကျွန်တော် တော်တော်ကြိုက်တယ်ဗျ..
ဒီလိုမျိုး ရေးကြည့်ဦးမယ်...
မီတော့ မီလောက်ဘူးဗျာ
နောက်လဲ အမြဲလာမယ်ဗျာ..

ဝေလေး said... @ October 2, 2008 at 8:14 AM

အင်း... ကောင်းလိုက်တာ ရေးတတ်တယ် မမခေါင်က
လိုက်လို့ကိုမမှီဘူး...... :)

မသက်ဇင် said... @ October 3, 2008 at 1:42 PM

ခေါင်ခေါင်--ရေ-
တွေးဟန်ရေးဟန်လေးက မော်ဒန်ဆန်ပါတယ်
ကိုယ်ဖြစ်ချင်တာကို မော်ဒန်ကဗျာပုံစံ သုံးသွား
တာအင်မတန်လှတယ်---
ကဗျာအလှတွေ ဆက်ရေးပါအုံး
ခင်မင်လျက်
မသက်ဇင်

ATN said... @ October 6, 2008 at 6:59 PM

ကဗျာတွေမှာ
ဒဏ်ရာပါရင် ပိုလှသတဲ့

အမှန်တော့
ကဗျာတွေကို မလှစေချင်ပါဘူး
ဒဏ်ရာတွေ အရများမှာ စိုးလွန်းလို့...

ဒီကဗျာကလှနေတော့ -- အင်း .....

Post a Comment

 

Lipsum

Followers