ခေါင်ခေါင်

အဝေးလွန်..သုံးရာသီ

Published by ခေါင်ခေါင် under on Saturday, September 13, 2008
မင်းဆီ ငါမသွားနိုင်တဲ့ နွေရက်တွေ
ငါ့ဆီ မင်းမလာနိုင်တဲ့ ဆောင်းညများ
ဝေးကွာမှုက...
နာကျင်စရာမိုးဥတု...

သတိရလွန်းလို့
မင်းနှလုံးသားနဲ့ အနီးဆုံး နံပါတ်တွေ ကိုငါနှိပ်တယ်

စိတ်မချလို့..
ငါ့ရင်ခွင်နဲ့ အနီးဆုံး နံပါတ်တွေကို မင်းခေါ်တယ်

အလွမ်းနံရံမှာ
တစ်ယောက်စိတ်တစ်ယောက် ပဲ့တင်နေတဲ့အသံ
သတိရခြင်းတစ်ပွေ့တစ်ပိုက်နဲ့
ငါတို့ဒီလိုပဲ ဆန်တက်နေရမှာပဲ..

လောကဒဏ်ကြိုးတစ်လျှောက်
တုန်ခါနေတဲ့.. အဆက်အသွယ်...

3 comments:

ညမီးအိမ် said... @ September 14, 2008 at 9:47 AM

ကဗျာအကြောင်းတော့သိပ်နားမလည်ဘူးဗျာ။ ဒါပေမယ့်ဒီကဗျာလေးဖတ်ရတာတမျိုးလေးခံစားရတယ်

ဇင်ယော် said... @ September 15, 2008 at 1:03 AM

အလွမ်းနံရံမှာ
တစ်ယောက်စိတ်တစ်ယောက် ပဲ့တင်နေတဲ့အသံ
သတိရခြင်းတစ်ပွေ့တစ်ပိုက်နဲ့
ငါတို့ဒီလိုပဲ ဆန်တက်နေရမှာပဲ..

အရေးအဖွဲ့ လေးက လှတယ်။ အဆုံးသတ်မှာ နည်းနည်းလေး ထောက်နေတာကလွဲရင်
ဖတ်လို့ ကောင်းပါတယ်။ အားပေးနေတယ်။

လင်းဦး(စိတ်ပညာ) said... @ September 16, 2008 at 8:58 AM

"သတိရလွန်းလို့
မင်းနှလုံးသားနဲ့ အနီးဆုံး နံပါတ်တွေ ကိုငါနှိပ်တယ်

စိတ်မချလို့..
ငါ့ရင်ခွင်နဲ့ အနီးဆုံး နံပါတ်တွေကို မင်းခေါ်တယ်"

စကားလုံးညက်ညောတယ်ဗျာ။ ကဗျာလေးက တိုပြီး ပြောချင်တာကို ပုံဖော်နိုင်ပါပေတယ်။

Post a Comment

 

Lipsum

Followers