ခေါင်ခေါင်

“အင်း“ သူ

Published by ခေါင်ခေါင် under on Friday, September 26, 2008
စွန့်စားမှုတစ်ခုပဲဆိုပါတော့..
နင့်ကိုချစ်တဲ့စိတ်နဲ့ ခြင်္သေ့တစ်ကောင်လိုငါကရဲရင့်တယ်.
ထားခဲ့မယ် လူပြောများတဲ့ဘ၀တွေ..ကို
အစကတည်းက ဒီလမ်းတွေငါမလျှောက်ချင်တာ
နင်သိသားနဲ့..

ငါ့စိတ်တစ်ခိုင်လုံး ..
နင့်နှလုံးသားဆီသို့သာကိုင်းညွတ်တယ်...
ဒိထက်လင်းတဲ့ အချစ်သီချင်းမရှိတော့ဘူး ချစ်သူရဲ့
ဘာတွေကိုနင်ငြင်းနေဦးမှာလဲ..

မပြောပါနဲ့တော့..
နင်ငါ့ကိုမုန်းတဲ့အကြာင်း...
ဟောင်လောင်းပေါက်တဲ့ ရင်ခွင်နဲ့...
ဆယ်ကမ္ဘာကြာတဲ့အထိ နင့်အနားမှာပဲငါနေမယ်..



11 comments:

မြန်မာ့ဘ၀ said... @ September 26, 2008 at 1:42 PM

အင်း ကဗျာလေး ကောင်းပါတယ်။
ဆယ်ကမ္ဘာကြာတဲ့ အထိ နင့်နားမှာပဲနေမယ်ဆိုတော့ တော်ရုံသတ္တိမဟုတ်ဘူး ဒေါ်မာမာအေးနဲ့ စန္ဒားယားဦးချစ်ဆွေ တို့ထက်ပိုသတ္တိရှိတယ်နော်
(သံသရာဆွဲဆန့်လို့ဘယ်လောက်ပင်ရှည်ရှည် ချစ်သူ့ရင်ခွင်သည်သာငြိမ်းချမ်းနယ်မြေ ကိုဆိုလိုပါသည်။)

Unknown said... @ September 26, 2008 at 2:25 PM

ခေါင်ခေါင် ရေ..........
ငါ့နှမ...
ဘယ်သူက ငါ့နှမ ကို ရက်စက်တာလည်းကွဟေ...

ဗီလိန် said... @ September 26, 2008 at 4:52 PM

ဟောင်းလောင်းပေါက်တဲ့ရင်ခွင်တဲ့ ထုတ်ချင်းပေါက်နေတာလားဟင်။ ပြကြည့် မြင်ဖူးတယ်ရှိအောင်။ :)

su wai said... @ September 26, 2008 at 7:48 PM

ဒီကဗျာလေးလဲ ကြိုက်တယ် ခေါင်ခေါင်ရေ ...

ငါ့စိတ်တစ်ခိုင်လုံး ..
နင့်နှလုံးသားဆီသို့သာကိုင်းညွတ်တယ်...
ဒိထက်လင်းတဲ့ အချစ်သီချင်းမရှိတော့ဘူး ချစ်သူရဲ့

အဲဒီအပိုဒ်လေးကို ဖွဲ့ထားတာ သဘောကျတယ် ... လင့်ခ်ပေးတဲ့အတွက်လဲ ကျေးဇူးနော် ... မဆုလဲ လင့်ခ်တွေ update လုပ်ရဦးမယ် ... နောက်ပိုင်းကြိုက်မိတဲ့ ဘလော့လေးတွေ ထပ်ဖြည့်မလို့လေ ... ကဗျာရေးကောင်းတဲ့ ခေါင်ခေါင်လဲ ပါတယ်။

တောင်ပေါ်သား said... @ September 26, 2008 at 8:41 PM

အချစ်တော်တော်ကြီးတာပဲ မခေါင်ခေါင်ရေ လေးစားတယ်ဗျာ.. ဆယ်ကမ္ဘာကြာတဲ့အထိ သူနားမှာပဲ နေမယ်ဆိုတော့ ... :) ကဗျာလေးကိုနှစ်သက်မိပါတယ်

Unknown said... @ September 27, 2008 at 12:18 PM

အရေးအသားတွေနှစ်သက်မိပါတယ်မခေါင်ခေါင် အားပေးနေပါတယ် :)

thinzar said... @ September 27, 2008 at 7:12 PM

ဟောင်လောင်းပေါက်တဲ့ ရင်ခွင်နဲ့...
ဆယ်ကမ္ဘာကြာတဲ့အထိ နင့်အနားမှာပဲငါနေမယ်..
..........................
အဲလိုပြတ်သားတာကိုကြိုက်တယ်ဗျာ...
မိုက်တယ် ခေါင်ခေါင်ရေ
မလိမ္မာဘူး.. ဟီးဟီး

sait phay yar said... @ September 28, 2008 at 7:24 AM

အင်းသူတဲ့လား... ဆယ်ကမ္ဘာကြာတဲ့အထိ သူနားမှာပဲ နေမယ်ဆိုတော့ ... :) တကယ်နေတော့မှာလား..
ချစ်တဲ့သူနားဘယ်သူမဆိုနေချင်တာကိုနားလည်ပါတယ်
ဒါပေမဲ့ မဆုံနိုင်တော့ဘူးလား...

Anonymous said... @ September 28, 2008 at 9:36 AM

ကြိုက်တယ်ဗျာ မိုးေ၇စက်တွေ ရေတွက်နေသလိုဆိုတဲ့စာကိုေ၇နည်းလေးရှိ မျှဝေပါဦးဗျ
ဟိဟိဟိ စတာပါဗျာ တကယ်ကောင်းပါတယ် လန်ထွက်နေတာပဲ စကားလုံတွေက (အမှန်ပြောတာနော်)

ဇင်ယော် said... @ September 28, 2008 at 11:03 AM

ဟား တွေ.ပြီကွ သတ္တိခဲ။ တော်ရုံတန်ရုံ ဇွဲတော့ဟုတ်ဘူး။ ဆယ်ကမ္ဘာကြာတဲ့အထိ နင့်အနားမှာပဲငါနေမယ်တဲ့ ။ လေးစားတယ်ဟေ.။ ဆလု ဆလု။

Mhu Darye said... @ January 8, 2009 at 4:27 PM

မပြောပါနဲ့တော့..
နင်ငါ့ကိုမုန်းတဲ့အကြာင်း...
ဟောင်လောင်းပေါက်တဲ့ ရင်ခွင်နဲ့...
ဆယ်ကမ္ဘာကြာတဲ့အထိ နင့်အနားမှာပဲငါနေမယ်..

^-^

Post a Comment

 

Lipsum

Followers