ခေါင်ခေါင်

ကျွန်မရဲ့ပထမဆုံးများ

Published by ခေါင်ခေါင် under on Tuesday, September 23, 2008
ကိုအောင်ရေးလို့ ပထမဆုံး တွေအကြောင်း စိတ်ဝင်းစားစွာဖတ်ခဲ့ရပါတယ်. ကျွန်မလဲရေးချင်တယ်. ကျွန်မအတွက်လဲ အမှတ်တရ ဖြစ်တာပေါ့နော်. ဒါပေမယ့် ကျွန်မရဲ့ တစ်ချို့ပထမဆုံးတွေက သေချာမမှတ်မိတော့ဘူး. ရေးချင်လွန်းလို့ ကျွန်မ တစ်နေကုန် ထိုင်စဉ်းစားပြီး.. ရေးခဲ့ပါတယ်.

ပထမဆုံးတက်ခဲ့သည့်ကျောင်း-အ.မ.က(၄) ဗိုလ်တစ်ထောင်

ပထမဆုံးအတန်းပိုင်ဆရာမ-ဒေါ်စီစီလျှာသိန်း

ပထမဆုံးသော သူငယ်ချင်း(ယောင်္ကျားလေး)- တာယာ.. ပိန်ပိန်သေးသေးကောင်လေး.. အရမ်းစိတ်ကြီးတယ်.. သူ့ကွန်ပါဘူးနဲ့ ပိတ်ပေါက်လိုက်လို့ ရသွားတဲ့ ဒဏ်ရာရဲ့ အမာရွတ် ခုထိ နဖူးမှာ ရှိတယ်.

ပထမဆုံးသော သူငယ်ချင်း(မိန်းကလေး)- ဖြူစင်မြတ် .. သူငယ်တန်းကနေ (၄) တန်းထိတူတူပဲ .သူငယ်တန်းမှာ နငယ် ကိုလှလှလေး ရေးတတ်အောင် သင်ပေးခဲ့တဲ့သူငယ်ချင်းပါ.

ပထမဆုံးပျော်ပျော်ရွှင်ရွှင်ဖတ်မိသည့်ကျောင်းစာအုပ်-သူငယ်တန်းဖတ်စာအုပ်ပါပဲ

ပထမဆုံးဖတ်မိတဲ့ဝထ္ထုစာအုပ်- သူငယ်ချင်းလိုပဲဆက်၍ခေါ်မည်ခိုင်(တက္ကသိုလ် ဘုန်းနိုင်)

ပထမဆုံးရဖူးတဲ့ဆု-ပထမဆု(လွပ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ.. ကျောင်းအဆင့်) (တတိယတန်း)

ပထမဆုံးရဖူးသောလက်ဆောင်-ဒုတိယတန်းတက်ခါနီး အဖေပို့ပေးသော လက်ဆောင်များ...

ပထမဆုံးရောက်ဖူးသောအခြားမြို့-ဟင်္သာတမြို့(အမေ့ဇာတိမြို့ပါ..သူငယ်တန်းနှစ်တစ်ဝက်မှာပဲ ဟင်္သာတမြို့ကိုအဘွားနဲ့ပါလာခဲ့ပြီး အဲဒိမှာပဲ ၈တန်းနှစ်ထိနေခဲ့ပါတယ်)

ပထမဆုံးအကြိမ်ဘောလုံပွဲကြည့်ခြင်း-မြန်မာ-ထိုင်း (ယူ၂၀)တစ်ကယ့်ဘောလုံးကွင်းမှာသွားကြည့်တာကို ပြောတာပါ.တစ်ခါမှကွင်းထဲမှာမကြည့်ဖူးပါဘူး.ကျောင်းကနေစီနီယာတွေက ကားပါစီစဉ်ပေးလို့ ပါသွားတာပါ.အော်လိုက်ဟစ်လိုက်ရတာ. ကမ္ဘာမကျေ ကို အခါတစ်ရာ မကဆိုရတာ အသံက ပထမပိုင်းမပြီးသေးဘူးမထွက်တော့ပါဘူးပွဲချိန်ပြည့်မတ်တပ်ရပ်ပြီးအားပေးခဲ့ကြတယ် ..တစ်ကယ့်အမှတ်တရပါပဲ

ပထမဆုံးရောက်ခဲ့ဖူးသောနိုင်ငံခြား-ထိုင်းနိုင်ငံ( ရနောင်းကို အမေနဲ့ ကန့်လန့်ကန့်လန့် ပါသွားတာပါ. ၆တန်းနှစ်တုန်းက)

ပထမဆုံးသောက်ဖူးသောဆေးလိပ်-တံဆိပ်မပါတဲ့၀၀တုတ်တုတ်ဆေးလိပ်ကြီးတစ်လိပ်ပါ.အဘွားကို ဆေးလိပ်မီးညှိပေးရင်းနဲ့ သောက်ကြည့်မိတာ.

ပထမဆုံးထိုင်ဖူးသောလက်ဘက်ရည်ဆိုင်- ချယ်ရီ.. ဟင်္သာတကပါပဲ အဘိုးနဲ့ မနက်တိုင်းသွားထိုင်နေကြ..

ပထမဆုံးသောက်ခဲ့သည့်အရက်- Skoll ဘီယာပါ.. တောင်ကြီးမှာ အေးလွန်းလို့ အစ်ကိုတွေ သောက်ခိုင်းလို့် သောက်ခဲ့တာပါ.. ၉တန်း ပဲရှိသေးတယ်. တစ်ကိုယ်လုံး နီရဲပြီး.အင်ပြင်လို အဖုတွေထွက်လာတယ်.. အလာ့ဂျစ်ပေါ့..အယ်လကိုဟော နဲ့လုံးဝမတည့်. အဲဒိတည်းက ဘယ်တော့မှ ထပ်မသောက်တော့ဘူး

ပထမဆုံးဝင်ငွေရှာသောအလုပ်-ဒီရောက်မှ လုပ်တဲ့ အချိန်ပိုင်းအလုပ်ပါ.. ရှပ်အကျီတွေ .ဘောင်းဘီတွေ ရောင်းတဲ့ အရောင်းစာရေးပါ..

ပထမဆုံးဆိုခဲ့သော သီချင်း-အလင်းရောင်(လေးဖြူ) ၈တန်းနှစ်..ခရစ္စမတ် ပွဲမှာ စင်ပေါ်မှာ ဆိုခဲ့တာပါ.. ယုံချင်ယုံ မယုံချင်နေ ကျွန်မ အသံအရမ်းကောင်းတယ်..

ပထမဆုံးရင်ခုန်မှု- အထက်တန်းကျောင်းသူ ဘ၀ .. ကျောင်းအဆင်း မိုးတွေကရုတ်တရက်ရွာချလိုက်တော့ ထီးမပါလာတဲ့ ကျွန်မလက်ထဲ သူ့ထီး အတင်းထိုးပေးခဲ့ပြီ မိုးရေတွေထဲ ထွက်ပြေးသွားတဲ့ အသားဖြူဖြူကောင်လေးတစ်ယောက်..

ပထမဆုံးရည်းစားထားခြင်း- Second semester တက်တုန်းကပါ( အချစ်ဆိုတာကို မြတ်နိုးစွာတန်ဖိုးဘိုး ထားခဲ့ပါတယ်..ရူးမိုက်စွာ ကိုးကွယ်ခဲ့ပါတယ်.. ကျွန်မအရမ်းငယ်သေးလို့ဖြစ်မယ် )

ပထမဆုံးရေးခဲ့သောကဗျာ-လမင်းနှင့်ညှိနှိုင်းခြင်း.. ဆိုတဲ့ကဗျာပါ... ကျွန်မဘလော့မှာလဲတင်ထားပါတယ် မဖတ်ရသေးရင် ဖတ်သွားပါဦးနော်..

ပထမဆုံးဘလော့ပိုစ့်-တေမိမိုး ဆိုတဲ့ ကဗျာပိုစ့်လေးနဲ့ ကျွန်မဘလော့ကို စခဲ့ပါတယ်.. (ကျွန်မဘလော့ layout တစ်ခုလုံး အစမှ အဆုံး သူငယ်ချင်း ငါးလေး လုပ်ပေးတာပါ.. သူ့စိတ်ထဲ တည့်သမျှ ကျွန်မဘလော့ ကိုလျှောက်လုပ်ပါတယ် ..ဘလော့ရောဂါလဲ သူ့ဆီက ကူးလာတာပါ...)

ကျွန်မရဲ့ပထမဆုံးတွေ အကြောင်း ပြီးဆုံးအောင် ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်

18 comments:

ကိုအောင် said... @ September 23, 2008 at 1:23 PM

အရမ်းဖတ်လို့ ကောင်းတယ်။ ငါ့ညီမလေး တော်တယ်။
ဘဲရီးဂွတ်ထ်။

ATN said... @ September 23, 2008 at 4:50 PM

စိတ်ဝင်စားစရာကောင်းတဲ့ ပထမဆုံးတွေပါပဲ။

pethein said... @ September 23, 2008 at 7:56 PM

"ပထမဆုံးရင်ခုန်မှု- အထက်တန်းကျောင်းသူ ဘ၀ .. ကျောင်းအဆင်း မိုးတွေကရုတ်တရက်ရွာချလိုက်တော့ ထီးမပါလာတဲ့ ကျွန်မလက်ထဲ သူ့ထီး အတင်းထိုးပေးခဲ့ပြီ မိုးရေတွေထဲ ထွက်ပြေးသွားတဲ့ အသားဖြူဖြူကောင်လေးတစ်ယောက်.."
အနော်လည်းတစ်ခါတုန်းကကျောင်းသားဘ၀လေးမှာ အတန်းဖော်ကောင်းမလေးကို အဲလိုပေးခဲ့ဖူးတယ်-- ဒါပေမယ့်သူက တစ်ကယ့်အချစ်စစ်နဲ့တွေ့လို့ ကလေးများတောင်ရနေပြီ-
ပြန်လည်အမှတ်ရစေတဲ့ခေါင်ခေါင်ကို နောက်မှ ထမင်းဖတ်ကျွေးမယ် ငါးမပါတဲ့ဟင်းနဲ့နော်-
ခေါင်ခေါင့်ရဲ့ပထမဆုံးတွေကျန်သေးတယ်မဟုတ်လား နောက်ဆက်တွဲနဲ့ရေးနော်--

Anonymous said... @ September 23, 2008 at 8:49 PM

ပထမဆုံးတွေက စိတ်ဝင်စားဖို့ ကောင်းလိုက်တာ ပျော်စရာလေးတွေ..

thinzar said... @ September 23, 2008 at 9:29 PM

ဒီကောင်မလေး အလာ့ဂျစ်သာ မဖြစ်ရင် ခုထိသောက်မယ့် သဘောရှိတယ် ဟဲဟဲ
စတာနော် ချိတ်ချိုးနဲ့ :D

တောင်ပေါ်သား said... @ September 23, 2008 at 11:05 PM

ပထမဆုံး အဖြစ်လေးတွေကို ဖတ်ရတာ စိတ်ကြည်နူးစရာလေးပါပဲဗျာ.. တော်တော်ကို ရေးတတ်ပါ.. ပထမဆုံး ဆိုတာ ဘ၀မှာ ကိုယ်လျှောက်ခဲ့တဲ့ လမ်းတစ်ခုပါပဲ ကျနော်တို့တွေဟာ မှားတာကော မှန်တာကော ပထမဆုံးအနေနဲ့ လျှောက်ခဲ့ကြရစမြဲပါ

သက်တန့် said... @ September 24, 2008 at 12:04 AM

ထောင်ထောင်ရေ...
ပထမဆုံးတွေကို မှတ်မိတယ်နော်... တော်လိုက်တာ...
ဘိုးဆိုရင် ငယ်ငယ်တုန်းက အကြောင်းတွေကို သိပ်မမှတ်မိဘူး... ဟီး... :D

ဇင်ယော် said... @ September 24, 2008 at 12:26 AM

အော်...အယ်လကိုဟော နဲ့လုံးဝမတည့်.လို ညနေခင်းကို ရေရောထားတာပေါ့နော်။ မှတ်သားသွားပါတယ်။ သွပ် သွပ် သွပ်။ ကြားဖူးတာတော့ လေးဖြူက အဲဒီသီချင်းကို စင်ပေါ်မှာ နောက်မဆိုတော့ဘူးလို့  ကြားမိပါတယ်။ သူ့ ထက်အသံ ပိုကောင်းတဲ့သူရှိတယ်ဆိုတာ သိသွားလို့ ပါ။ ဟေဟေ. ထပ်စသွားပြန်ပြီကွ။

ဗီလိန် said... @ September 24, 2008 at 6:06 AM

ပထမဆုံးကလေးကကော ယောက်ျားလေးလား မိန်းကလေးလား။ :D

လင်းဒီပ said... @ September 24, 2008 at 6:15 AM

ခေါင်ခေါင်ရေ....ပထမဆုံးလေးတွေဖတ်လို့ကောင်းပါတယ်...နောက်ထပ်မှတ်မိသေးရင် ပထမဆုံး(ဒုတိယပိုင်း)တင်လိုက်ဦးနော်.....ပျော်ရွှင်ပါစေ ညီမရေ....

thonn thonn said... @ September 24, 2008 at 7:59 AM

နူးနူးညံ့ညံ့လေး ခံစားသွားပါတယ်ရှင်။ မျက်လုံးထဲမှာမြင်လာအောင် ရေးနိုင်ပါပေတယ်။

ဝေလေး said... @ September 24, 2008 at 8:33 AM

မမခေါင် ပထမဆုံးလေးတွေ ရေးတတ်တယ်နော်. မမခေါင်ခေါင်က အသံကောင်းသလို ချောလည်းချောမယ်ထင်တယ် အဟီးး မုန့်ကျွေးနော်.. :P
စိတ်ဝင်စားစရာပဲ..... မှတ်လည်းမှတ်မိတယ် ဝေလေးကတော့မှတ်မိဘူး. မနည်းကုတ်ကတ်စဉ်းစားရမယ် အဟိ.. :P

မိုးမြင့်တိမ် said... @ September 24, 2008 at 9:11 AM

"ပထမဆုံး" ဘ၀မှာ ပထမဆုံးကြုံတွေ့ ရတဲ့ အဖြစ်လေးတွေကို ရေးသားထားတာ ဖတ်ရတာ ကြည်နူးဘို့ ကောင်းသလို တမ်းတလွမ်းဆွတ်ဖို့လည်းကောင်းပါတယ်။ ဒီကြောင်းအရာလေးတွေကို မှတ်မိနေတဲ့ ညီမ ဦးနှောက်ကိုလဲ ချီးကျူးပါတယ်။

WWKM said... @ September 24, 2008 at 4:48 PM

ညီမလေး ခေါင်ခေါင် ရေ..
ညီမလေး ရဲ့ ပထမဆုံးတွေက ဖတ်လို့အလွန်ကောင်းပါတယ် ညီမလေး ရေ..
မမ လည်း အလုပ်တွေများနေလို့ အခုမှပဲ ရောက်တာ.
စိတ်မချိုးနဲ့နော်... အရင်တော့လာဖတ်ပြီးပြီလေ..
မမန့် အားခဲ့လို့..ခုမှ သတိတရ နဲ့ ပြန်လာမန့်တာနော်.
ပျော်ရွှင်ပါစေ ညီမလေး ရေ..
မမ၀ါ

ညမီးအိမ် said... @ September 30, 2008 at 2:22 PM

"ပထမဆုံးရင်ခုန်မှု- အထက်တန်းကျောင်းသူ ဘ၀ .. ကျောင်းအဆင်း မိုးတွေကရုတ်တရက်ရွာချလိုက်တော့ ထီးမပါလာတဲ့ ကျွန်မလက်ထဲ သူ့ထီး အတင်းထိုးပေးခဲ့ပြီ မိုးရေတွေထဲ ထွက်ပြေးသွားတဲ့ အသားဖြူဖြူကောင်လေးတစ်ယောက်.."

ကျွန်တော်များဖြစ်နေမလား? :P

ဒီကောင်မလေး အလာ့ဂျစ်သာ မဖြစ်ရင် ခုထိသောက်မယ့် သဘောရှိတယ် ဟဲဟဲ

ဟုတ်ပါ့ဗျာ။ မလွယ်ဘူး။ ဆေးလိပ်လဲသောက်တယ်ဆိုပဲ။ အခုရောသောက်သေးလား။

ပိုစ်လေးကိုဖတ်ကြည့်ခြင်းအားဖြင့် အစ်မ ခေါင်ခေါင်က ယောင်္ကျားလေးဆန်မယ်ထင်တယ်။ ဟုတ်လားမသိ...

ညမီးအိမ် said... @ October 1, 2008 at 12:53 AM

အစ်မရေစိတ်ဆိုးသွားသလားမသိဘူး။ ကျွန်တော်နောက်လိုက်တာပါ။ စိတ်အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်။

sait phay yar said... @ October 4, 2008 at 7:49 PM

မိန်းကလေးဟုတ်လောက်ပါဘူး..
စာသားတွေက
ဆေးလိပ်လည်းသောက်
ကွမ်းကောစစားတဲ့နှစ်ရေးဦးလေ

lain said... @ October 8, 2008 at 10:38 AM

eaindray yalllll......

lain ayin ka tae ka nar lal kat par tal.
aku po nar lal twar tal
bar ko lae so tot (lain lon loon nay p lo)
Pa Hta Ma Sone tat lar kwal.
I LOVE YOU!

Post a Comment

 

Lipsum

Followers