ခေါင်ခေါင်

ရင်ကွဲလိပ်ပြာ

Published by ခေါင်ခေါင် under on Saturday, September 20, 2008
ငါ့ရင်ဘတ်ကိုခွဲလို့ လွတ်မြောက်ထွက်ပြေးသွားတဲ့လိပ်ပြာ

ငါ့ခံစားမှုတွေအားလုံး တောင်ပံခတ်လို့သယ်ဆောင်သွားတဲ့လိပ်ပြာ

အဲဒိလိပ်ပြာရဲ့ ပါးလွှာတဲ့ သွေးကြောတွေထဲ ငါ့လွပ်လပ်မှုတွေ ယူဆောင်သွားခဲ့တယ်

သူ့ခြေအစုံက ၀တ်မှုန်တွေထဲ မှာတော့ ငါ့ရင်ဘတ်ထဲ က ထာဝရအမှန်တရား တစ်ခုထည့်ပေးလိုက်ပါတယ်

ငါ့နှလုံးသားကို ထုတ်ယူပျံသန်းသွားပါ

ပင်လယ်ပြင်ကြီးကို ဖြတ်သန်းပြီး ထွက်သွားပါ

မိုးကုတ်စက်ဝိုင်းရဲ့ တစ်ဖက်ဆီကို ပျံသန်းပြီး ရောက်အောင်သွားပါ

ကမ္ဘာမြေအဆုံး.. ပျံသန်းသွားလိုက်ပါ..

ငါကသာ နှစ်ပေါင်းများစွာ ရင်ကွဲလို့ ကျန်နေခဲ့မယ့်လိပ်ပြာ....






10 comments:

ဇင်ယော် said... @ September 20, 2008 at 10:18 PM

့ရင်ဘတ်ထဲ က ထာဝရအမှန်တရား တွေကို သဘောပေါက် နားလည်လာတဲ့ တစ်နေ့ ထွက်ပြေးသွားတဲ့ လိပ်ပြာလေး ရင်ခွင်ထဲကို ပြန်လည်နားခိုလာနိုင်ပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

ရင်ကွဲငှက် said... @ September 20, 2008 at 11:18 PM

လိပ်ပြာ ကိုဖတ်ရတာလိပ်ပြာတောင်လွင့်ချင်လာအောင် ကောင်းတယ်ဗျာ ဆက်လက်အားပေးနေမယ်ဗျာ

မေမိုးမခ said... @ September 21, 2008 at 3:03 AM

ခေါင် ကဗျာအရမ်းကောင်းတယ်
ငါရဲ့နှလုံးသား ငါရဲ့ အိမ်မက် ငါရဲ့ ၀တ်ရည်တွေ နင်စိတ်ကြိုက် အသုံးပြုပြီး နင်သွားလိုရာသွားနိုင်တယ် လိပ်ပြာရယ်။
သူသွားလိုရာသွားပါစေ။ သူခဏလေးနဲ့ ဘသပြောင်းသွားမှာပါ သနားပါတယ် သူ့ကို။ ပိုးကောင်ဘ၀ကနေလာတယ်ဆိုတော့ ခွင့်လွတ်ပေးလိုက်ပါ။

kiim said... @ September 21, 2008 at 4:18 AM

ခေါင်ခေါင်ရေ..ကဗျာလေးကောင်းတယ်ကွယ့်..လိပ်ပြာ
လေးပြန်ဖမ်းပေးမယ်နော်...ဟိဟိ..:P

pethein said... @ September 21, 2008 at 5:59 AM

ခေါင်ခေါင်ရေ ဂလိုင်မခေါက်တော့ကိုယ့်ဖာသာ ကိုယ်လာရတာပေါ့-
ဝေဖန်လိုက်ဦးမယ် မနေနိုင်လို့နော်(ခင်လို့) ကိုယ်စားပြုတဲ့ရင်ခွင်
ထွက်ခွာသွားတဲ့အချစ်လိပ်ပြာ
အဲဒီ(၂)ခုမှာ
ကျေနပ်စွာပေးဆပ်လိုက်လျှော်လိုက်တာရင်ခွင်
ယူဆောင်သွားတာလိပ်ပြာ--အဲဒီတော့
(ငါကသာ နှစ်ပေါင်းများစွာ ရင်ကွဲလို့ ကျန်နေခဲ့မယ့်လိပ်ပြာ..)
လို့ဆိုထားတဲ့ လွန်ကျူးမှုမှာအဓိပါယ်လွဲသွား သလားလို့-ကျနော်ထင်တယ် " ကျန်နေခဲ့မယ့် " မှာ မယ့် မှာ မယ် ဆိုရင်ကော-- စိတ်မဆိုးနဲ့နော် သားသားက တောသားမို့(အလိုက်မသိ) ဂလိုင်ထပ်ခေါက်နော် မခေါက်ရင်စိတ်ဆိုးတယ်လို့ ထင်လိုက်မယ် :D

ဗီလိန် said... @ September 21, 2008 at 8:03 AM

လိပ်ပြာလေးကို ပြန်ဖမ်းပေးမယ်။ ခဏစောင့်။ ဆီကုန်နေလို့။ :)

တောင်ပေါ်သား said... @ September 21, 2008 at 8:13 AM

တနေ့နေ့ မှာ ထွက်ပြေးသွားတဲ့ လိပ်ပြာလေးက ရင်ခွင်အမှန်ထဲကို ပြန်ရောက်လာမှာပါဗျာ..

thinzar said... @ September 22, 2008 at 1:51 AM

ကောင်းလှခြည်လား ခေါင်ခေါင်ရဲ့..

မိုးမြင့်တိမ် said... @ September 22, 2008 at 10:04 AM

အင်း သနားပါတယ်ဗျာ လိပ်ပြာလေးရေ မြန်မြန်ပြန်လှည့်လာလိုက်ပါ။

sait phay yar said... @ September 30, 2008 at 7:54 AM

ခေါင်ရေ အဲဒီလိပ်ပြာလေးကို စောင့်နေသေးလား

Post a Comment

 

Lipsum

Followers