ခေါင်ခေါင်

အလွမ်း

Published by ခေါင်ခေါင် under on Saturday, November 15, 2008
ကဗျာအဟောင်းလေး တစ်ပုဒ်ပဲ ပြန်တင်ပေးလိုက်ပါတယ်။ ဖတ်ပြီးသားသူတွေလဲ အသစ်လိုပဲ ပြန်ခံစားပေးပေါ့နော်။အမြဲလာလည်ပေးနေတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးကမ္ဘာပါ။ ပျော်ရွှင်ကြပါစေရှင်။

အလွမ်း

စိတ်ထဲမှာ ရေးထားတဲ့ မင်းနာမည်
စိတ်ထဲမှာ မွှေးပျံ့နေတဲ့ မင်းရနံ့
စိတ်ထဲမှာ ပဲ့တင်ထပ်နေတဲ့ မင်းရယ်သံ
စိတ်ထဲမှာ ထပ်တူကျနေတဲ့ မင်းမျက်နှာ
ချစ်လွန်းလို့ .... မင်းကိုငါ မေ့ထားတယ်

ငါမရေးဖြစ်တဲ့ စာသားတွေလို မင်းစကားသံတွေ
ငါမအိပ်ဖြစ်တဲ့ ညတွေလို မင်းမနက်ခင်းတွေ
ငါမနမ်းရှိုက်ဖူးတဲ့ ပန်းပွင့်တွေလို မင်းပါးပြင်တွေ
ငါမသိခဲ့တဲ့ အပြောင်းအလဲတွေလို မင်းလျှိ့ဝှက်ချက်တွေ
ငါလွမ်းဆွတ်လွန်းတဲ့ နူးညံ့မှုတစ်ခုလို မင်းမေတ္တာတရားတွေ
တစ်ချိန်ချိန် ...... ငါမေ့လျောသွားမှာကိုပဲ စိုးရိမ်မိတယ်...

မင်းမျက်နှာလေး မမြင်ရတော့ကတည်းက
ငါ့မျက်လုံးကွယ် သလိုခံစားခဲ့ရတာ
မင်းစကားသံလေး မကြားရတော့ကတည်းက
ငါ့နားကန်းသွားသလိုခံစားခဲ့ရတာ
နောက်ဆုံးမှာ........
အချိန်အခါမဟုတ် ဘယ်ရွာလို့ရွာရမှန်းမသိတဲ့
မိုးတိမ်တွေ.. ပွေ့ပိုက်ထားတဲ့ ကောင်းကင်တစ်ခုပဲ
ငါ့အိမ်မက်ထဲမှာ....... ကျန်ခဲ့တယ်

22 comments:

အိမ် said... @ November 15, 2008 3:46 AM

very nice i like it

မိုးကြယ် said... @ November 15, 2008 4:38 AM

အချိန်အခါမဟုတ် ဘယ်ရွာလို့ရွာရမှန်းမသိတဲ့
မိုးတိမ်တွေ.. ပွေ့ပိုက်ထားတဲ့ ကောင်းကင်တစ်ခုပဲ
ငါ့အိမ်မက်ထဲမှာ....... ကျန်ခဲ့တယ်


အလွမ်းပင်လယ်မှာ သွားရွာနေမှာပေါ့ကွယ်... :P

pethein said... @ November 15, 2008 4:38 AM

မန့်မလို့ အတိုချုံးစာသွားလေး ရှာမရအောင်ဖြစ်သွားတယ်။ အစအဆုံး အကုန်ထိမိတယ်။ ခံစားချက်တွေတိုက်ဆိုင်နေလို့ပဲလား တကယ်ကိုအကြိုက်တွေ့ပါတယ်။ လေးစားပါတယ်ညီမလေးရေ။

flowerworld said... @ November 15, 2008 4:56 AM

ဖတ်လို့ကောင်းတယ်..ကြိုက်တယ်ခိုက်တယ်.မိုက်တယ်
အချိန်အခါမဟုတ် ဘယ်ရွာလို့ရွာရမှန်းမသိတဲ့
မိုးတိမ်တွေ.. ပွေ့ပိုက်ထားတဲ့ ကောင်းကင်တစ်ခုပဲ
ငါ့အိမ်မက်ထဲမှာ....... ကျန်ခဲ့တယ်
ငါ့အိမ်မှာလာရွာလာ..နှလုံးသားလေးအေးခဲနေလို့...ဟိဟိ

လင်းဒီပ said... @ November 15, 2008 6:15 AM

အဟောင်းတွေ ပြန်သစ်နေတဲ့ ခေါင်ခေါင်..

Phyo Evergreen said... @ November 15, 2008 7:15 AM

အစ်မရေ စာသားတွေ တကယ်ပဲ ခံစားသွားရတယ်..။
ဖတ်ပြီးတော့ အလွမ်းတွေ ဆွတ်ပျံ့သွားတယ်..

ဗီလိန် said... @ November 15, 2008 8:03 AM

အဟောင်းတွေ သစ်ပြီးရင် အသစ်တွေ ဟောင်းရအောင်ထပ်ရေးဦးနော်။ မျှော်နေမယ်။ ကဗျာလေးက ထိတယ်ဗျာ။
ဒါနဲ့နေပါဦး။ ဗီဗီ့ကော်မန့်ကို ကျတော့ ဒါမျိုးမလုပ်နဲ့ဆိုပြီး သူကျတော့။ :(

မသက်ဇင် said... @ November 15, 2008 8:30 AM

ခေါင်ခေါင်ရေ---
အချိန်အခါမဟုတ် ဘယ်ရွာလို့ရွာရမှန်းမသိတဲ့
မိုးတိမ်တွေ.. ပွေ့ပိုက်ထားတဲ့ ကောင်းကင်တစ်ခုပဲ
ငါ့အိမ်မက်ထဲမှာ....... ကျန်ခဲ့တယ်

အတွေးလေးက --လှလိုက်တာ---
ရွာဖို့နေရာမရှိတဲ့ မိုးတိမ်တွေကိုပွေ့ဖက်ထားတဲ့--
ကောင်းကင်လေးက --အိပ်မက်ထဲမှာ---ကျန်ခဲ့မှာလားကွယ်----

ကိုအောင်(ပျူနိုင်ငံ) said... @ November 15, 2008 8:43 AM

ခေါင်ခေါင် ကဗျာက ကောင်းတယ်ဟေ့
အားပေးတယ်။

ဖိုးဂျယ် said... @ November 15, 2008 8:49 AM

ဆက်ပြီးရေးပါဗျာ ကိုအိမ်မက်ရှင်ပြောသလိုပဲ သူ.မှာ အပြစ်မရှိပါဘူးဗျ။ ပြစ်တော့မထားပါနဲ့ ကျတော်တို. ရေးသမျှလေးတွေကို သူက ထမ်းထားရတာပါ။ ကောင်းပါတယ် ဆက်ရေးပါ အားပေးနေတယ်။ ကျတော့လို နာမည်အသစ်ပြောင်းလိုက်ပေါ့ မယ်ခေါင်ဆိုပြီးလေ
ခင်မင်လျှက် ဖိုးဂျယ်

mgngal said... @ November 15, 2008 11:48 AM

ချစ်လွန်းလို့ .... မင်းကိုငါ မေ့ထားတယ် တဲ့လား ။ အဲဒီလောက်တောင်ပဲလားဗျာ။
ကောင်းတယ်ဗျာ ကဗျာလေးကတော့ ။ :)

အိုင်လွယ်ပန် said... @ November 15, 2008 12:06 PM

နောက်ဆံးအပိုဒ်လေးတော်တော်ကောင်းတယ်ဗျ......

လင်းထက် said... @ November 15, 2008 12:50 PM

အလွမ်း အဟောင်းလေး ကို ပြန်ခံစား နေပြီပေါ့ ခေါင်ခေါင် ??????

ီDream Angel said... @ November 15, 2008 10:06 PM

ချစ်လွန်းလို့ငါမင်းကိုမေ့ထားတယ်........
မမခေါင်ရေ
အလွမ်းဓါတ်ခံရှိတယ်ဗျ
ငိုချင်လာပြီ
ဒီမှာမေ့ထားတာနော်

***လမင်း*** said... @ November 16, 2008 7:45 AM

အင်း ..ကဗျာလေးကို ခံစားသွားတယ်

ခေါင်ခေါင်ရေ ကဗျာလေးက ပို့အဟောင်းလေးဆိုပေမယ့်

ဖတ်လို့ ကောင်းတယ် ..အလွမ်းတွေတောင်

ဝေလာတယ်

အားပေးလျက်

ကောင်းကင်ကို said... @ November 16, 2008 10:26 PM

ကဗျာလေး ဖတ်ပြီး အလွမ်းရသ ခံစားသွားတယ်။

အရုပ်ကလေး said... @ November 17, 2008 6:04 AM

ကဗျာတစ်ပုဒ်ရဲ့ ထိချက်က ပြင်းပါဘိ

minmin said... @ November 19, 2008 4:53 AM

ဟဲဟဲ

ဝါ၀ါခိုင်မင်း said... @ November 21, 2008 5:48 AM

ညီမလေးရေ..
တစ်ပုဒ်လုံးက စာသားလေးတွေက လန်းတယ်နော်.
ကြိုက်တယ်.
လွမ်းနေတယ်လား။
ပျော်ပါစေ ညီမလေးရေ..

မမ၀ါ

ဒူကဘာ said... @ November 22, 2008 6:53 AM

ဘာမှ နတင်တော့ လဲ ဆားချက်တဲ့ အလွမ်းကျူံးရုန်း ဖတ်သွားတယ်။

paysatthu ပေးဆပ်သူ said... @ December 1, 2008 8:21 PM

ချစ်လွန်းလို့ .... မင်းကိုငါ မေ့ထားတယ်

ဆိုတဲ့စာသားကိုခိုက်တယ်ဗျို့

Moe Myint Tane said... @ December 8, 2008 2:41 AM

ကဗျာတစ်ပုဒ်လုံး အလွမ်းဆိုတဲ့ သရုပ်ကို ပေါ်လွင်အောင်
ဖော်ပြသွားနိုင်တယ်။ ဒီအလွမ်းဆိုတဲ့ ကဗျာလေးကို တော်တော်ကြိုက်သွားတယ်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Post a Comment

 

Blog Archive

Lipsum

Followers