တေမိမိုး
Published by ခေါင်ခေါင် under ကဗျာ on Sunday, July 20, 2008
ိငိုလို့မရတော့တဲ့ လူတစ်ယောက်ရဲ့ ရင်ထဲမှာ
ဝမ်းနဲစရာတွေ ကုန်ခမ်းသွားပြီလို့
မင်းထင်ရက်သလား
ငါသာကောင်းကင်ကြီးဖြစ်ခဲ့ရင်
မိုးရေစက်တွေလို ရွာချလိုက်ချင်ရဲ့
ကြည့်စမ်းပါ......
မင်းကိုဆုံးရှုံးတော့မယ်ဆိုတဲ့ အသိက
ရင်မချိအောင် ခံစားရပုံများ
ဘာစကားမှပြော မထွက်တော့ဘူး....
သစ်ရွက်တစ်ရွက်ဖြစ်ခဲ့ရင်ကြွေပြလိုက်ချင်ပါတယ်
အိပ်မက်ထဲမှာတွေဖို့ မပြောနဲ့
အိပ်ပျော်ဖို့တောင် မနဲကြိုးစားနေရတဲ့
ငါ့ရဲ့ညတွေက...
မင်းအတွက်တော့ အမြဲတမ်း နိုးထနေခဲ့ပါတယ်..
မင်းကိုနှုတ်ဆက်ဖ်ု့ ငါ့လက်တွေ ထုံကျင်နေသလို
မင်းကျောပြင်ကို ငေးကြည့်ကျန်ခဲ့ဖ်ု့
ငါ့မျက်လုံးတွေေ၀၀ါးနေခဲ့တယ်....
(မျက်ရည်တွေ မဟုတ်ပါစေနဲ့)
ဘာမှမပြောပဲ ခံစားနေရသူချင်း အတူတူ
ကောင်းကင်ကြီးကမှ.....
ရွာချခွင့် ရှိပါသေးတယ်........
ဝမ်းနဲစရာတွေ ကုန်ခမ်းသွားပြီလို့
မင်းထင်ရက်သလား
ငါသာကောင်းကင်ကြီးဖြစ်ခဲ့ရင်
မိုးရေစက်တွေလို ရွာချလိုက်ချင်ရဲ့
ကြည့်စမ်းပါ......
မင်းကိုဆုံးရှုံးတော့မယ်ဆိုတဲ့ အသိက
ရင်မချိအောင် ခံစားရပုံများ
ဘာစကားမှပြော မထွက်တော့ဘူး....
သစ်ရွက်တစ်ရွက်ဖြစ်ခဲ့ရင်ကြွေပြလိုက်ချင်ပါတယ်
အိပ်မက်ထဲမှာတွေဖို့ မပြောနဲ့
အိပ်ပျော်ဖို့တောင် မနဲကြိုးစားနေရတဲ့
ငါ့ရဲ့ညတွေက...
မင်းအတွက်တော့ အမြဲတမ်း နိုးထနေခဲ့ပါတယ်..
မင်းကိုနှုတ်ဆက်ဖ်ု့ ငါ့လက်တွေ ထုံကျင်နေသလို
မင်းကျောပြင်ကို ငေးကြည့်ကျန်ခဲ့ဖ်ု့
ငါ့မျက်လုံးတွေေ၀၀ါးနေခဲ့တယ်....
(မျက်ရည်တွေ မဟုတ်ပါစေနဲ့)
ဘာမှမပြောပဲ ခံစားနေရသူချင်း အတူတူ
ကောင်းကင်ကြီးကမှ.....
ရွာချခွင့် ရှိပါသေးတယ်........
2 comments:
ထပ်တူခံစားရပါတယ်
အဲ့ဒီအချိန်တုန်းက ကဗျာလေးတွေကလဲ တစ်မျိုးလှတာပဲ...။
Post a Comment