ခေါင်ခေါင်

ပျော်ရွှင်ခြင်းအက်ဆေး

Published by ခေါင်ခေါင် under on Wednesday, November 17, 2010
ပျော်ရွှင်ခြင်းအက်ဆေး…
(၁)

လေထဲမှာပျံသန်းဖို့ဆိုတဲ့ ကျွန်မအတွေးတွေကို သူကဝေဖန်တယ်။ “ မင်းဟာက မဟုတ်တရုတ်တွေစဉ်းစားနေတာပဲ”.. “ မဟုတ်တရုတ်မဟုတ်ဘူး..” လို့ကျွန်မအေးအေးဆေးဆေး ပြန်ဖြေပါတယ်။ သူကဆက်ပြောတယ် “ ဒါကစိတ်စွဲလန်းမှုတစ်ခုပါ..ချစ်ရယ်.. မင်းအနေနဲ့ စိတ်တွေမလွတ်လပ်လို့ ထွက်ပေါက်ရှာချင်တာမျိုးပါ…”
ပင်လယ်ကမ်းစပ်မှာလဲလျောင်းနေရင်း ပင်လယ်စင်ရော်တွေကို..မြင်နေရတယ်..။ လေဟုန်စီးလိုက် ၊ ထိုးစိုက်ချလိုက်၊ ပျံဝဲလိုက် ၊ ကွေ့ပတ်လိုက်..နဲ့..။ ကျွန်မသာ.. ပင်လယ်စင်ရော်တစ်ကောင်ဖြစ်ခဲ့ရင်…။
“မင်းက လေထဲပျံသန်းနိုင်ပြီဆိုရင်တောင်.. ငါးတစ်ကောင်လို.. ပင်လယ်နက်ထဲမှာ.. မင်းရေကူးချင်အုံးမှာ..” သူကပြောပြန်တယ်။ “ မဟုတ်ပါဘူး.. ကျွန်မက လေထဲပျံသန်းဖို့ပဲ ပိုစိတ်ဝင်စားတာပါ”.. သူကျွန်မမျက်နှာကိုလှည့်ကြည့်ပြီးပြောတယ်.” မင်းက သိပ်လောဘကြီးတာပဲ… မင်းကိုပျော်ပျော်ရွှင်ရွှင် ဘယ်တော့များမှ တွေ့ရမှာလဲ”… ကျွန်မပြန်ဖြေခဲ့တယ်..” လေထဲမှာသာ ပျံသန်းနိုင်မယ်ဆိုရင်.. ကျွန်မသိပ်ပျော်မှာပါ..”
( ၂ )
“မင်းငိုနေတာလား..” သူကမေးတယ်။
“ မဟုတ်ပါဘူး..”
“ ဘာဖြစ်လို့ငိုတာလဲ ငါသိတယ်.. မင်းအမေကို သတိရလို့လား..”
“ မဟုတ်ပါဘူး.. “.. “ ဘာလို့မဟုတ်ရမှာလဲ…”…” မဟုတ်ပါဘူး ဆို..”
“ဒါဆိုမင်းလေထဲမှာမပျံသန်းနိုင်လို့..မဟုတ်လား.”.. ..
“ ကျွန်မငိုနေတာမဟုတ်ဘူး..” လို့.. ပြန်ဖြေလိုက်တယ်။
(၃)
ကျွန်မအတွက်ယူလာတဲ့ ကော်ဖီပန်းကန်ကို ငေးစိုက်ကြည့်နေမိတယ်။
“နေမကောင်းဘူးလား” လို့..သူကမေးတယ်။
“ ကောင်းပါတယ်” .. “ ဒါဆို.. ဘာလို့ မလှုပ်မယှက်ကော်ဖီပန်းကန်ကို စိုက်ကြည့်နေတာလဲ..”
“ ကျွန်မ ကော်ဖီမသောက်ချင်ဘူး..”
သူကျွန်မကို စိတ်ပျက်သလို တစ်ချက်ကြည့်တယ်။
“ လေထဲပျံသန်းဖို့ စဉ်းစားနေပြန်ပြီ.. ဟုတ်လား..”
“ မဟုတ်ပါဘူး.”
“ ဘာကို မဟုတ်ပါဘူးလဲ.. ငါသေချာပြောရဲတယ်။ မင်းဟာက ဒီလေထဲပျံဖို့လောက် တစ်ချိန်လုံးစဉ်းစားနေတယ်ဆိုတာ ငါအမြဲတမ်းသိတယ်နော်။ တစ်ဆိတ်အဲဒါကို ရပ်လိုက်ပါတော့.”
“ အင်းပါ..”
ခဏကြာတော့ သူထပ်ပြောပြန်တယ်..။
“မင်းအဲဒိကိစ္စကို စဉ်းစားနေပြန်ပြီလား.. ကိုယ့်ကို ရိုးရိုးသားသားပြော..”
“မဟုတ်ပါဘူး.. မစဉ်းစားပါဘူး”
“ ကိုယ့်ကိုဂတိပေး.. ဘယ်တော့မှ အဲဒိအကြောင်းတွေ မတွေးတော့ဘူးလို့..”
“ အင်းပါ.. ဂတိပေးတယ်..”
( ၄ )
“ ဒါကဘာကြီးလဲ” ကျွန်မဘေးနားမှာလာထိုင်ရင်း သူမေးတယ်။
“ ဒါက ရေပန့်..လေ”
“ ဟင်.. သူ့မှာ အတောင်ပံတွေနဲ့ပါလား..”
“ မဟုတ်ပါဘူး.. ဒါက ရေဒလက်တွေပါ.. ရေတွေကိုမတင်ဖို့လေ.. “
“ ကိုယ်ထင်တာတော့ ဒါပျံသန်းဖို့ကိစ္စနဲ့ပက်သက်ရမယ်.. ထင်တယ်..မင်းကျိန်ပြောရဲလား”
“ ဒါရေပန့်ပါ.. ကျွန်မကိုယုံပါ.”
“ ထားလိုက်ပါတော့.. ဘာပဲဖြစ်ဖြစ်ပေါ့.. ညနေစာစားလို့ရပြီ.. လာ..”
( ၅ )
အချိန်အတော်ကြာတဲ့အထိ ပျံသန်းဖို့ကိစ္စကို ကျွန်မတို့နှစ်ယောက်စလုံးမပြောဖြစ်ခဲ့ကြတော့ပါဘူး။ တစ်ည.သူနဲ့ကျွန်မ ပန်းကန်တွေအတူတူဆေးနေကြတုန်း.. အဲဒိကိစ္စကို သူအစဖော်ပြန်တယ်။
“ မင်းပြောတဲ့..ပျံသန်းဖို့ဆိုတဲ့.. ကိစ္စနဲ့တစ်ခုခုကိုများ.. တည်ဆောက်ပြီးပြီလား..”
“ အင်းပြီးပြီ.” ကျွန်မ ပြုံပြီး.. ပြန်ဖြေလိုက်တယ်။
“ ဒါဆို..မင်းဟာက လူဘယ်နှစ်ယောက်လောက် သယ်သွားနိုင်လဲ..”
“ကျွန်မတို့ ၂ ယောက်စလုံးကိုပေါ့… “
“ တစ်ကယ် ငါတို့ ၂ ယောက်လုံးကိုသယ်သွားနိုင်တယ်ပေါ့..”
“ ဟုတ်ပါ့ရှင်.. “.. သူ့မျက်နှာက.. ပျော်သွားပုံရတယ်။ ရုတ်တရက်.. သူကျွန်မပုခုံးကို.. လှမ်းပြီးဖက်ထားတယ်။ ဆပ်ပြာတွေပေနေတဲ့ လက်နဲ့ သူ့ခါးကို ကျွန်မပြန်ဖက်ထားလိုက်တယ်။
“ မင်းအဲဒါကြီးဆောက်ပြီးပြီဆိုရင်.. ငါ့ခွေးလေးအတွက်ရော. နေရာရှိပါ့မလားကွာ.”
“ ဘာလို့မရှိရမှာလဲ.. ရှင့်ခွေးအတွက်ဘာမှ စိတ်မပူနဲ့”
“ မင်းက တစ်ကယ်တော်တယ်..” လို့..သူကပြုံးရင်းပြောတယ်။
( ၆ )
ညက ကြယ်တွေအစုံအလင်နဲ့ ခမ်းနားနေပါတယ်။
“ ကဲ..ပြော.. ဘယ်နေရာကို သွားချင်လဲ..” လို့ကျွန်မမေးလိုက်တယ်။ သူက သူ့ရဲ ဦးထုပ်ကိုကောက်တပ်လိုက်ပြီး ခွေးကိုဆွဲခေါ်လိုက်တယ်။
“ ကိုယ်မသိဘူး..မင်းက ဘယ်နေရာကိုသွားချင်တာလဲ..”
“ဒီကမ္ဘာကြီးပေါ်က ရှင်သွားချင်တဲ့ ဘယ်နေရာဖြစ်ဖြစ်ပေါ့..”သူက ကျေနပ်စွာပြုံးရင်း.. “ကိုယ်တစ်ကိုကောင်းဆန်သလိုဖြစ်နေမှာပေါ့.. မင်းကဘယ်ကိုသွားချင်လဲပြော… “
သူ့မျက်ဝန်းတွေကို စိုက်ကြည့်ရင်း ကျွန်မပြောလိုက်တယ်..။
“ ရှင်နဲ့မခွဲရဘူးဆိုရင်.. ရှင်သွားချင်တဲ့ဘယ်နေရာဖြစ်ဖြစ် .ကျွန်မသွားချင်တယ်..”
သူက တစ်ချက်ရယ်ရင်း..
“ အင်း.. ဒါဆို.. ကိုယ်အမြဲတမ်းသွားချင်နေတဲ့နေရာက.. ဘိုနီယို ကျွန်းလေးဆီကိုပဲ.. “
“အိုခေ”.. ကျွန်မပြန်ဖြေလိုက်တယ်။
ကျွန်မကောင်းကင်ကြီးဆီကိုမော့ကြည့်လိုက်တယ်။ ပျံသန်းဖို့ရာအတွက် သိပ်ကောင်းတဲ့ညတစ်ညပဲ.။

ခေါင်ခေါင်

အမေ့အတွက်

Published by ခေါင်ခေါင် under on Saturday, January 10, 2009
ကျွန်မလည်း ကမ္ဘာပေါ်ရှိ သားသမီးများအားလုံး ကဲ့သို့ အမေအားသိပ်ချစ်သည်။ အားကိုးတွယ်တာသည်။ အမေပေးခဲ့သော ရှင်သန်မှုဘ၀တစ်ခုဖြင့် ရိုးသားစွာ ကြိုးစားရင်း ကျွန်မဘ၀အစိတ်အပိုင်းများအားလုံး အဆင်ပြေပြေအောင်မြင်စွာ ဖြတ်သန်းခဲ့ပါသည်။ ကျွန်မဘေးမှာ အမေဆိုသော သူရဲကောင်းတစ်ယောက်က ကျွန်မဘ၀လုံခြုံအောင်မြင်စေဖို့ အမြဲရှိနေပေးခဲ့သည်ပဲ..။

လူတစ်ကာ အံသြလောက်အောင် အမေနှင့်ကျွန်မ ကရုပ်ချင်းချွတ်စွပ်တူသည်။ အမေအသက်၂၀ လောက်က ဓါတ်ပုံများမှာ အခုကျွန်မပုံနှင့် တစ်ထပ်တည်း တစ်ပုံစံတည်း ..။ စိတ်ကလည်း အမေနှင့် တစ်သားတည်း..။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ တွေးခေါ်ပုံ ပြောပုံဆိုပုံ ခံယူချက်.. အားလုံး. အမေ့အတိုင်း .. ။ အဘွား နှင့် အဒေါ်များ အမေ့သူငယ်ချင်းများ အားလုံးက စကားစပ်မိတိုင်းပြောကြသည် ..ကျွန်မလုပ်သမျှ အရာတိုင်းက အမေငယ်ငယ်က အတိုင်းဖြစ်ဖြစ်နေသောကြောင့်တဲ့…။ အံသြစရာမရှိ.. ကျွန်မက အမေမွေးထားသော အမေ့သမီးအရင်းခေါက်ခေါက်ပဲ..။ အမေနဲ့ တူနေတာ ဘာများဆန်းလို့လဲ..။


အမေကျွန်မဘေးမှာ အမြဲရှိခဲ့ပေးသည်။ အကူအညီ အကြံညာဏ်အမြဲပေးသည်။ ဘယ်တော့မှ တားဆီးပိတ်ပင်ခြင်းဆိုတာမရှိခဲ့..။ ကျွန်မဖြစ်ချင်သော အရာအားလုံး အဆင်ပြေပြေဖြစ်လာစေရန် အမြဲကူညီပေးသည်။ ကျွန်မအိပ်မက်များကို အတူကူမက်ပေးသည်.. အတူရင်ခုန်ပေးသည်။ အမေရှိသောကြောင့် ကျွန်မဘယ်အရာကိုမှ မကြောက်လန့်ခဲ့.. ။ အမေ့အားကိုးနှင့် ကျွန်မအမြဲစွတ်တိုးခဲ့တာ…။

ခုတော့ကျွန်မနားမှာ အမေမရှိ.. ဖုန်းခဏ ခဏခေါ်ရအောင်လည်း ကျွန်မအတွက် ဘက်ဂျက်က သိပ်အဆင်မပြေ…။ ဖြစ်နိုင်ရင်တော့ အမေ့အသံနေ့တိုင်းကြားချင်တာပါ.. အင်အားအပြည့်ပါတဲ့ အမေ့အသံ စူးစူးလေး ကြားလိုက်ရရင် ဘ၀အမောတွေ ကနေခဏပြေပျောက်သွား သလိုပဲ..။

ဒီနေ့တော့ ကျွန်မအမေကိုလွမ်းဆွတ်လွန်းလို့ ဖုန်းခေါ်ခဲ့သည်။ အမေ့အသံ ..အမေ့နှုတ်ဆက်သံမှာ ကျွန်မရင်တစ်ခုလုံးချိုမြသွားခဲ့ပါသည်..။
“ဟိတ်ကောင် .. ဒီအချိန်ကြီး… အိပ်မပျော်လို့လား.. နေမကောင်းဘူးလား.. “
“လွမ်းလို့..မေကြီး..ကို..”
…………………………….
……………………………
“ဒီနေ့အိမ်မှာ မုန့်ဟင်းခါ ချက်စားကြတာ . ငါ့သမီးကို သတိရလို့ မေကြီးမစားနိုင်ဘူး “
“သမီး အတွက် ဟင်းတွေ ထည့်ပေးလိုက်တယ်.. မနက်ဖြန်ရောက်လိမ့်မယ်”
“ဘာမှ စိတ်မညစ်နဲ့ . စိတ်ဆင်းရဲခံပြီး မနေနဲ့ ပြန်ချင်တဲ့ အချိန် .. အချိန်မရွေးကောက်ပြန်လာခဲ့”
“အလှုမှာ ငါ့သမီးအကြောင်းဝိုင်းမေးကြလို့ ပြောပြလိုက်တယ် နားတွေညည်းသွားကြမလား မသိဘူး….”
ဖုန်းထဲကနေ အမေမေးသမျှဖြေ အမေပြောတာတွေနားထောင် စိတ်ထဲရှိတာတွေ အမေ့ကိုလျှောက်ပြော.. ရင်းနဲ့ ကျွန်မရင်ထဲ မွန်းကျပ်ပိတ်လှောင်နေသမျှ ပြေလျော့သွားခဲ့ပါတယ်..။

အမေပေးခဲ့သော ဘ၀တစ်ခုဟာ .. အမေ့အတွက်ပဲဖြစ်သင့်တယ်လို့ ကျွန်မခံယူထားပါတယ်။ ကျွန်မရဲ့ အခုလက်ရှိဘ၀ …နောက်ထပ်ဖြစ်ဖို့ မျှော်မှန်းနိုင်သမျှ အားလုံးကလည်း ဒီအမေ့ကျေးဇူးတွေကြောင့်ပဲလေ..။
အချိန်တစ်ချိန်ရောက်ရင်တော့ ကျွန်မကို အရမ်းချစ်တဲ့ အမေ့နားကို အပြီးပြန်တော့မယ်….။ အမေ့နားမှာနေရတဲ့ဘ၀လောက် ငြိမ်းချမ်းတာ အရာရာ အဆင်ပြေတာမရှိလို့ပါပဲ..။

(ကမ္ဘာပေါ်ရှိအမေများအားလုံး ကျန်းမာပျှော်ရွင်ကြပါစေ)

စိတ်ကူးတွေထဲ..

Published by ခေါင်ခေါင် under on Wednesday, December 31, 2008
ဆရာအယ်ဂျယ်နဲ့မယ်ညီ ပေါင်းပြီး Tag တဲ့စိတ်ကူးတွေ အကြောင်းတဲ့..

စိတ်ကူးတွေယဉ်ကြည့်လိုက်ရရင်.......


ကျွန်မတို့ရဲ့အိမ်လေးက တောင်ကုန်းလေးတစ်ခုပေါ်မှာရှိတယ်။ တစ်ထပ်တိုက် အစိမ်းနုရောင်လေး.. အိမ်ရှေ့မှာ မြေနီလမ်းလေးတစ်ခုရှိတယ်.။ အိမ်ပေါ်ကနေကြည့်လိုက်ရင် မျက်စိတစ်ဆုံး ပန်းသီးပင်တန်းတွေ စတော်ဗယ်ရီခင်းတွေ အ၀ါရောင်နေကြာခင်းတစ်ခု ကော်ဖီခင်းတွေ နဲ့.ဟိုးခပ်ဝေးဝေးမှာ ထင်းရူးတောလည်းရှိတယ်။ မနက်ကျွန်မအိပ်ယာထထချင်း အခန်းထဲက ပြတင်းပေါက်ကို ဖွင့်လိုက်ရင် ခေါင်းရင်းဘက်မှာ ကျွန်မအတွက်သူစိုက်ပေးထားတဲ့ အဖြူရောင်နှင်းဆီပန်းခင်းတစ်ခင်းလည်းရှိတယ်။ အဲဒိနှင်းဆီရနံ့တွေကိုနမ်းရှိုက်ပြီး ကျွန်မနိုးလာမယ်။ အခန်းထဲကိုသူယူလာပေးတဲ့ မနက်စာကို အတူတူစားကြမယ်။ အရမ်းလှပသိမ်မွေ့တဲ့..မနက်ခင်းလေး...

ခဏနေလို့..သူအလုပ်ရှိရာထွက်သွားတဲ့ပြီး ကျွန်မတစ်ယောက်တည်းကျန်ခဲ့တဲ့အခါ နှင်းဆီဖြူခင်းထဲက ပန်းတွေခူး ဘုရားမှာလှု ဧည့်ခန်းမှာ ပန်းအိုးလှလှလေးထိုး.. ကမ္ဘာအပေါ်မှာ အရသာအရှိဆုံး ဟင်းတွေကို မီးဖိုတစ်ခုလုံးဗြောင်းဆန်အောင်ချက်. တစ်အိမ်လုံးကိုလည်း ကျွန်မစိတ်တိုင်းကျ သန့်ရှင်းတောက်ပြောင်နေအောင် အလှဆင်ရင်း သူပြန်လာမှာကိုစောင့်နေမယ်...။

သူပြန်လာတဲ့အခါ နေ့လည်စာအတူတူစားကြရင်း အလုပ်အကြောင်းတွေပြောကြမယ်.စားသောက်ပြီးခနတစ်ဖြုတ်နားပြီးရင်တော့ ကျွန်မတို့၂ ယောက်တည်းပိုင်တဲ့ စတူဒီယိုထဲ ၀င်ချင်ဝင်ကြမယ်.. သူကဂစ်တာတီး. ကျွန်မက ဒရမ်တီး..သူရေးထားတဲ့သီချင်းတွေ အတူတူဆိုကြမယ်။ မိန်းမဖြစ်ပြီး မော်ဒန်ရော့မှ ကြိုက်တဲ့ကျွန်မနဲ့ ယောက်ျားဖြစ်ပြီး ပေါ့သီချင်းအေးအေးလေးတွေသာကြိုက်တဲ့သူနဲ့ ရန်ဖြစ်ချင်ဖြစ်နေဦးမယ်။

ညနေစောင်းတွေမှာကျွန်မတို့နှစ်ယောက် ထင်းရူးတောဘက် လမ်းလျှောက်ထွက်ချင်ထွက်.. ပန်းသီးခင်းတွေထဲလျှောက်သွားချင်သွား အိမ်ရှေ့က ကော်ဖီပင်တွေနားမှာ ဘောလုံးဆင်းကန်ချင်ကန်.. ရာသီဥတုကောင်းတဲ့အခါ စက်ဘီးတစ်ယောက်တစ်စီးနဲ့ Moutain Bike သွားလုပ်ချင်လုပ်ကြဦးမယ်။

တစ်ခါတစ်ရံ ရိုမန်တစ်ညနေစာကို ဖယောင်းတိုင်လေးတွေထွန်းပြီး အတူတူခံစားကြ.. အရမ်းအေးတဲ့ညတွေမှာ မီးလင်းဖိုနားထိုင်ပြီး ကိုယ့်ခြံကထွက်တဲ့ ပန်းသီးဝိုင်လေးသောက်ရင်း အရင်တုန်းကအကြောင်းတွေပြန်ပြောကြ.... နဲ့ဘ၀ကချိုမြစွာ....

ကျွန်မတို့နှစ်ယောက်သာရှိသော ဒီကမ္ဘာလေးမှာ တစ်ယောက်ကိုတစ်ယောက်ထာဝရပိုင်ဆိုင်ထားလျက် ပျော်ရွှင်ငြိမ်းချမ်းသော ဘ၀လေးမှာ.ဘယ်တော့မှမခွဲဘဲ. တစ်သက်လုံး.....

( ကျေနပ်ပြီလား အယ်ဂျယ်နဲ့ မယ်ညီ ... :P )



အိမ်မက် မိုင်အဝေး........

Published by ခေါင်ခေါင် under on Saturday, December 27, 2008
ငါ့စိတ်နဲ့ခန္ဓာတောင်.. မညီညွတ်ဘူး..
အရူးတစ်ယောက်လို. လွတ်လွတ်ထွက်သွားတတ်တဲ့..ငါ
သိစိတ်က စေလွှတ်ရာမှာ...
မသိစိတ်က ဟိုး.တိမ်တွေထဲ.. မြူးထူးပျော်ပါး....
ငါ့ရင်ဘတ်တစ်ခြမ်းက
မသာယာတဲ့ တေးသီချင်းတွေသာ ဆိုညည်းနေတော့တယ်...
...ငါ့မျက်လုံးတွေမှိတ်ထားတယ်.....

လိုက်ခဲ့ပါဆိုတော့... ငြင်းဆန်တယ်
ဘယ်လိုရှင်းပြရမလဲ...
ဒီတစ်ခါ နွေရာသီပြန်ရောက်ရင်...
မင်းအိမ်မက်တွေထဲ ငါတစ်ကယ်ပြန်လာခဲ့တော့မယ်
အလင်းရောင်တွေနဲ့ဝေးပေမယ့်
ဒါဟာငါပိုင်ဆိုင်သမျှ ငါ့အကြောင်းပါပဲ..
အက်ကြောင်းတွေလည်း ထပ်လို့...
အပိုသက်သက်လို့ နင်ထင်ဦးမယ်...
..မကြားချင်တော့ရင်တော့..နင့်နားတွေ ပိတ်ထားလိုက်ပါ ...

ရူးမတတ်လွမ်းခဲ့ပါတယ်
ဟုတ်ရင်ဟုတ်မယ်......ဟုတ်နေတာပါပဲ
မင်းအမုန်းတွေကြား...
နားလည်မှုကိုကျောခိုင်းမသွားဖို့ပဲ..ငါဆုတောင်းတယ်
လက်တစ်ဆုပ်စာ အိမ်မက်လေးဆိုပေမယ့်
ငါ့ဘ၀ထက်ပို တန်ဖိုးထားခဲ့ပါတယ်..
နွေရာသီကိုပဲ ..စောင့်နေပါ...
တွဲထားတဲ့... လက်တစ်စုံကို မဖြုတ်ချပစ်ခဲ့ပါနဲ့...။



ကိုဂစ်တာ.. ခင်ဗျား ဖတ်ဖို့...

Published by ခေါင်ခေါင် under on Saturday, December 13, 2008
မတော်တဆ ခင်ဗျားအသဲကွဲနိုင်တယ်
သေချာတာတော့  ခေါင်ခေါင်နဲ့မသက်ဆိုင်ဘူး
ခင်ဗျား ပုံပြင်တွေနားထောင်ခဲ့လို့ဖြစ်ကောင်းဖြစ်နိုင်တယ်
ခင်ဗျားက တစ်စောက်ကန်းလေ..
ပုံပြင်ဆိုတာ တစ်ကယ်မဟုတ်မှန်း မဝေခွဲနိုင်အောင် ခင်ဗျားက ခပ်ညံ့ညံ့ပဲ..
မတော်တဆ ခင်ဗျားရူးသွားနိုင်တယ်
သေချာတာတော့ ခင်ဗျား ခေါင်ခေါင့် ကဗျာတွေလာဖတ်လို့မဟုတ်ဘူး
အချစ်ကို အရူးလိုကိုးကွယ်ခဲ့လို့ဖြစ်ကောင်းဖြစ်နိုင်တယ်
ခင်ဗျားကပြောရင် နားမ၀င်ဘူး..
အဲဒိအချစ်က ခင်ဗျားရေးတဲ့ ကဗျာတွေလောက်တောင် ဖတ်လို့မကောင်းဘူး..
(ဒီလိုပြောရင် ခင်ဗျားက အကြီးအကျယ် ငြင်းဦးမယ် )
မတော်တဆ ခင်ဗျားသေသွားနိုင်တယ်
သေချာတာတော့ ခေါင်ခေါင်နဲ့ ရန်ခဏခဏ ဖြစ်ရလို့မဟုတ်ဘူး
ခင်ဗျားစိတ်နဲ့ကိုယ်နဲ့သဟာဇာတမဖြစ်တော့လို့ဖြစ်ကောင်းဖြစ်နိုင်တယ်
ခင်ဗျားက ဒေါသကြီးတယ်လေ..
အစွဲအလန်းကြီးလွန်းတော့ ခင်ဗျားမြင်မကောင်းအောင် လူးလှိမ့်နေတာပေါ့....
မတော်တဆ ခင်ဗျားဟာ ခင်ဗျားပြန်ဖြစ်နိုင်တယ်
အချစ်ဆိုတာကို မယုံကြည်ပဲ ခင်ဗျားနေနိုင်တယ်
အသဲကွဲတဲ့အခါ အစားတွေမစားပဲ အရက်သောက်ပစ်နိုင်တယ်
အဖေနဲ့အဆင်မပြေရင် ၃ ရက်လောက်မအိပ်ပဲ နေနိုင်တယ်
ခင်ဗျားချစ်သူ အကြောင်းမစဉ်းစားပဲ ကဗျာတွေလှိမ့်ရေးနိုင်တယ်..။
စိတ်အစာမကျေရင် ခေါင်ခေါင်နဲ့ အော်ကြီးဟစ်ကျယ် ရန်ဖြစ်နိုင်တယ်။
ခင်ဗျားဟာ ..ခင်ဗျားပဲ...ကိုဂစ်တာ....
ဒီလိုပဲပေါ့ပေါ့ပါးပါးတွေးပါ....။ ။




10th ဒီဇင်ဘာ

Published by ခေါင်ခေါင် under on Monday, December 08, 2008
အချိန်တန်ရင်...
မင်းရောက်လာတော့မယ် ....10th ဒီဇင်ဘာ...

နှင်းတွေသုတ်လိမ်းထားတဲ့မျက်နှာလေးနဲ့အလှဆုံးပြုံးဦးမယ်...
ငါ့ရင်ခုန်သံတွေကို အတင်းလှုပ်နှိုးဦးမယ်
မရိုးနိုင်တဲ့ အိမ်မက်တွေနဲ့ နင်အစွမ်းကုန် ဖြားယောင်းဦးမယ်
ငါ့ရင်တွေကွဲကြေအောင် မျှော့်လင့်ချက်တွေ ပေးဦးမယ်
ငါ့ခံစားမှုတွေကို တော့လှောင်ရယ်ရယ်ဦးမယ်
ငါဒူးထောက်ဦးညွတ်တဲ့ အခါတစ်စိမ့်စိမ့်ကျေနပ်နေဦးမယ်

ဒီအချိန်ရောက်ရင်
ငါ့စိတ်တံခါးတွေ အကုန်ပိတ်ထားချင်တယ်..။
ဒီတစ်ကြိမ်လည်း...နင့်စိတ်ကြိုက်သာ စီရင်သွားပါ။
ငါကိုယ်တိုင်က နင်ဖတ်ဖို့အတွက်
ခါတော်မှီကဗျာတစ်ပုဒ် ဖြစ်နေခဲ့တာ...။ ။



အကြိုက်ဆုံးကဗျာ

Published by ခေါင်ခေါင် under on Saturday, December 06, 2008
ကိုလင်း ဒီပ ကတက်ဂ် တာပါ။ အကြိုက်ဆုံး ကဗျာလေး တဲ့..။ ကျွန်မကလဲ စာတွေကဗျာတွေ ဖတ်တာ.. ငယ်ငယ်တည်းက အရမ်းဝါသနာ ပါတော့ ကြိုက်မိတဲ့ ကဗျာတွေ စာတွေက လည်းအများကြီးပါပဲ။ လေးလုံးစပ် ကဗျာတွေက စလို့ပိုစ့်မော်ဒန်အထိ ဘဘမင်းသုဝဏ် ကစလို့ စိုင်းဝင်းမြင့် အထိ ကျွန်မလက်လှမ်းမီသမျှ ဖတ်ပါတယ်။

အကြိုက်ဆုံးကဗျာ ဆိုတော့ ကျွန်မ ဒီကဗျာလေးကိုပဲ ရေးဖို့သတိရတယ်..။ စိတ်ဓါတ်ကျလွယ်တဲ့ ကျွန်မ ဒီကဗျာလေးကိုဖတ်ပြီး ခဏခဏ အားတင်းရတယ်။ ကျွန်မရဲ့လက်ရှိဘ၀ နဲ့လည်းတိုက်ဆိုင်တယ်...။

ထိပ်ဆုံးသို့...
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံး ပြန်တော့
တစ်လုံးကျန် ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နိုးရတယ်
ကြိုးလျှောက်ရပြန်။

ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန့်း ရပ်မယ်ကြံ။

အမှန်တော့ ဖြစ်နိုင်ပါ့မလား
စခဲ့မိဟာပေါ့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး။

မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပေါ့
ချစ်ဖွယ်လူသား………။

( ရှင်မဟာရဌသာရ )

ဒီကဗျာလေးကလဲ ကျွန်မ နှလုံးသားထဲမှာ စွဲနေတာ...။

သင်သေသွားသော်....

သြော်...လူ့ပြည်လောက၊လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြှင့် ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက်ဝင်းလျှက်ကျန်စေသတည်း။

( ဇော်ဂျီ )


ကဗျာ ၂ ပုဒ်စလုံး အဓိပ္ပာယ်အပြည့် ရှိသလို နားလည်လွယ်အောင် ရိုးရှင်းပါတယ်..။
အားမာန် အပြည့်လဲ ရှိတယ်နော်...။

ဘလော့ပေါ်မှာ ဆိုရင်လဲ.. ကျွန်မဖတ်မိသမျှထဲမှာ.. ကိုလင်းဒီပ.. ရဲ့ကဗျာ ချိုအေးအေးတွေ ... ကျွန်မကြိုက်တယ် ( ငါ့ပန်းအိုးမှာ ထိုးခွင့်မရတဲ့ နှင်းဆီ) ကို တော်တော်ကြိုက်တယ်။ ကိုအိုင်လွယ်ပန် နဲ့ ကိုတင့်ထူးရွှေတို့ ရဲ့ ကဗျာတွေကိုလဲ ကြိုက်တယ်..။ ကိုဒီပ ပြောသလို ကဗျာဆိုတာ တီးလုံးထည့်မထားတဲ့ သီချင်းတွေပါပဲ..။ ကျွန်မတို့ နှလုံးသားနဲ့ လွပ်လပ်စွာ ဆိုညည်းနိုင်တယ်..။ ကျွန်မအတွက်လဲ ကဗျာဆိုတာ.. အချစ်ဦးပါပဲ.. ။ အချစ်ဦးကို ဘယ်သူက မေ့လို့ရမှာလဲ...နော်။ ။


( ဒီပိုစ့်လေး အတွက် ကျွန်မကို တစ်ကူးတစ်က တက်ဂ် တဲ့ကိုဒီပ ကိုကျေးဇူးအထူးပါ။ တစ်လက်စတည်း.. အကြောင်းတစ်ခုကြောင့် ကျွန်မ စီဘုံးကို ဖြုတ်ထားလိုက်တဲ့အကြောင်း အသိပေးချင်ပါတယ်ရှင့်။ ဖြုတ်လိုက် ပြန်တပ်လိုက်နဲ့ အားလုံးလဲ ကျွန်မကို တော်တော်မျက်စိနောက်နေပြီထင်ပါတယ်။ ကျွန်မဘလော့ မောင်နှမတွေထဲက ကျွန်မကို တစ်ခုခု ပြောခဲ့ချင်တာ အသိပေးချင်တာ ဆဲချင်တာများရှိရင် ကွန်မန့်မှာ စိတ်ကြိုက်ရေးခဲ့နိုင်ပါတယ်..။ ကျွန်မ မသိသော.. ကျွန်မကိုထိခိုက်ပြီး မလိုလားအပ်သော ကွန်မန့်များကိုတော့ ကျွန်မ ဖျက်ပစ်မှာ ဖြစ်ပါတယ်ရှင့်။ စီဗုံး အတွက်... သူငယ်ချင်း ငါးလေး နှင့် ပိစိ တို့အား ကျေးဇူးကမ္ဘာ.. )

ချစ်ခြင်းများဖြင့်..
ခေါင်ခေါင်

မွေးနေ့..ဆုတောင်း..

Published by ခေါင်ခေါင် under on Thursday, December 04, 2008


(ကိုဂျဲ အတွက်...... မွေးနေ့လက်ဆောင် Hamster တစ်ကောင်.... )



တစ်ခါတစ်ရံမှာ.. ဒီဇင်ဘာ ၅ ရက်နေ့ဆိုတာ...
သောကြာနေ့ဖြစ်ခဲ့တယ်။...
ငါယုံကြည်တာကတော့ အနူးညံ့ဆုံး နှလုံးသွေးစက်တွေက
သူ့ရင်ထဲက အမှန်တရားတွေရဲ့ တစ်စိတ်တစ်ပိုင်းပဲနေလိမ့်မယ်။
ငါတို့အားလုံးအတွက်တော့ သူဟာ သူရဲကောင်းတစ်ယောက်ပဲ..
ငြိမ်းချမ်းချိုမြိန်ခြင်းတွေ..သာသူဆောင်ယူလာပေးတတ်တယ်..။
ငါတို့ရဲ့အမှားတွေကို နားလည်စွာ ခွင့်လွှတ်တယ်...။
ငါတို့ရဲ့ ဆိုးနွဲ့မှုတွေကို.. အပြုံးနဲ့မသိဟန်ဆောင်တယ်...။
ငါတို့ရဲ့ နာကျင်မှု တွေကို နွေးထွေးစွာ မျှဝေခံစားတယ်...။
ငါတို့ရဲ့ ဒဏ်ရာတွေကို ဖြေဖြောက်နှစ်သိမ့်ပေးတယ်...။
ဘာပဲဖြစ်ဖြစ် သူဟာငါတို့ရဲ့အစ်ကိုဖြစ်နေတာကို..ကျေနပ်တယ်..။
ငြိမ်းချမ်းပါစေ. အဆင်ပြေသာယာပါစေ..။
ချောမွေ့အနှောက်အယှက် ကင်းသော ဘ၀လမ်းကို
ခပ်ပိန်းပိန်းမလေးနဲ့ အတူလျှောက်ခွင့်ရပါစေ...။
မျှော်လင့်အိမ်မက်သောအရာအားလုံး အပိုင်ရပါစေ....။
ဒါဟာ..ကဗျာမဆန်တဲ့ မွေးနေ့ဆုတောင်း တစ်ခုဖြစ်ချင်ဖြစ်မယ်...။
တစ်ခါတစ်ရံ..ဒီဇင်ဘာ ၅ ရက်နေ့ဆိုတာ...
သောကြာနေ့...ဖြစ်နေခဲ့တယ်...။

ခေါင်ခေါင်



ကြွားပြီ

Published by ခေါင်ခေါင် under on Wednesday, December 03, 2008
အန်တီမမ၀ါ ကကျွန်မကို ကြွားခိုင်းတယ်။ အကြွားပိုစ့်ရေးခိုင်းတယ်။ တက်ဂ် တစ်ကာ့တက်ဂ် ထဲမှာ ကျွန်မအတွက် ရေးဖို့အခက်ခဲဆုံး တက်ဂ်ပါပဲ။ ဟုတ်တယ်လေ.. ကျွန်မမှာ ဘာမှကြွားစရာလဲမရှိဘူး။ မမ၀ါကတော့ ဖိနပ်တွေ အကြောင်းရေးတယ်။ အရမ်းလှတာပဲ ဖိနပ်တွေ..။ များလွန်းလို့ ဖိနပ်ဆိုင်တောင် ဖွင့်လို့ရလောက်တယ်..။ ကျွန်မကတော့. ဖိနပ်ဆိုလဲ ဝေါ့ကင်းရှုး တစ်ရံ ၊ အလုပ်သွားရင် စီးတဲ့ဖိနပ်တစ်ရံနဲ့ အကြမ်းစီးတဲ့ တစ်ရံသာပိုင်ဆိုင်တယ်။ ဝေါ့ကင်းရှုးကလွဲပြီးလဲ ကျန်တဲ့ဖိနပ်တွေ ကျွန်မမကြိုက်သလို စီးလဲမစီးဖြစ်ဘူး။ အ၀တ်အစားဆိုလဲ တီရှပ် နဲ့ ဂျင်းသာ ကြုံသလိုစွပ်ပြီးသွားတဲ့သူ..။ အ၀တ်အစားလဲ ကြွားလောက်စရာ များများစားစားမရှိ ..။ မိတ်ကပ်လဲ တစ်ခါမှ မလိမ်းဖြစ်သလို အလှပြင်ပစ္စည်းတွေလဲ ကျွန်မမှာ မရှိပါ။ ကျွန်မမှာ ကြွားဖို့တော်တော် ဒုက္ခရောက်တယ်..။ ဒါပေမယ့် မမ၀ါကို ချစ်တော့လည်း ကြံဖန်ပြီး ကြွားလိုက်ပါတယ်။



အရုပ်ကလေး တွေချစ်ဖို့ကောင်းတယ် နော်။ ကျွန်မပိုင်သမျှ အကုန်ပဲ ..။ ယုံချင်ယုံ မယုံချင်နေ.. ကျွန်မအရုပ်တွေ မချစ်တတ်ဘူး။ တစ်ကယ်မချစ်တာ..။ ဈေးကြီးလို့လဲ ကျွန်မ မ၀ယ်နိုင်ပါဘူး ...။ ဒါတွေ အကုန် လက်ဆောင်ရထားတဲ့ အရုပ်တွေပါ။ သူများပေးတဲ့ လက်ဆောင် ကိုတန်ဖိုးထားတတ်တော့.. သေသေချာချာ တော့သိမ်းထားပါတယ် ။ ကြွားစရာ ဒီအရုပ်တွေပဲ များများစားစားရှိတယ်။ ကျန်တာတော့ ဘာမှမရှိဘူး..။ မမ၀ါ ကျေနပ်တော့နော်...ကြွားလို့ပြီးပြီ.... မမ၀ါရဲ့ဖိနပ်တွေထဲက တစ်ရံလောက်ပေးလေ... နော်...ဟီး.. :P


လမ်း

Published by ခေါင်ခေါင် under on Saturday, November 29, 2008
ကျွန်မတို့တွေ အားလုံးလမ်းတွေလျှောက်ဖူးကြတယ်... ။ စမ်းတစ်ဝါးဝါးပဲဖြစ်ဖြစ် သေသေချာချာ ရွေးပြီးမှ လျှောက်တဲ့လမ်းတွေပဲဖြစ်ဖြစ်ပေါ့။ တွဲခေါ်ပြီးလမ်းပြမယ့်သူ ရှိတဲ့အခါ ကျွန်မတို့လျှောက်လှမ်းသမျှ လမ်းတစ်လျှောက် အစစအရာရာ အဆင်ပြေခြင်းများနဲ့ သွားချင်တဲ့ ရောက်ချင်တဲ့နေရာကို ချောချောမွေ့မွေ့ရောက်ကြမှာပဲနော်။ လမ်းမသိပဲ စမ်းတစ်ဝါးဝါး တစ်ယောက်ထဲသွားနေရတဲ့ သူထက်စာရင်ပေါ့လေ။ ဘာရယ်တော့ မဟုတ်ဘူး..။ ဒီရက်တွေမှာ ကျွန်မလမ်းတွေအကြောင်းပဲ စဉ်းစားမိနေတယ်။

ဒီနေ့တော့ရုံးဆင်းတဲ့ အခါကျွန်မ အိမ်ထိလမ်းလျှောက်ပြန်ဖို့ဆုံးဖြတ်လိုက်တယ်။ တစ်ခါမှလမ်းလျှောက်မပြန်ဖူး.တဲ့အပြင် သွားရမယ့်ခရီးကလဲ သိပ်နီးနီးလေးမဟုတ်။ ဘက်စ်ကားမှတ်တိုင်း ၇ မှတ်တိုင် ၈ မှတ်တိုင်စာလောက်တော့ ရှိမယ်။ ပိုရင်လဲပိုမယ်ထင်တယ်။ ဒါပေမယ့် ကျွန်မလမ်းလျှောက်ပြန်မယ်။ တစ်ခါမှ မလျှောက်ဖူးလို့ စမ်းလဲလျှောက်ကြည့်ချင်တယ်။ မလျှောက်နိုင်တော့တဲ့ အခါကျတော့လည်း တွေတဲ့ဘက်စ်ကား တက်စီးတာပေါ့။

ကျွန်မရုံးဆင်းတဲ့အခါ မိုးတွေက တိတ်ခါစ.ဒါပေမယ့် ဖွဲဖွဲလေး ကျနေတုန်း ။ ပုံမှန်အတိုင်းဆိုရင်တော့ မိုးတွေအုံအုံမှိုင်းမှိုင်း ကိုမြင်တာနဲ့ စိတ်ကပါ အုံမှိုင်းမှိုင်း ဖြစ်သွားမှာ...။ ဒါပေမယ့် ဒီနေ့တော့ လမ်းပဲလျှောက်ချင်နေမိတယ်။ မိုးရေတွေက လမ်းပေါ်မှာ နဲနဲစီတင်ကျန်နေတယ်။ သောကြာနေဆိုတော့Formal လဲဝတ်စရာမလို .. ကျွန်မရဲ့ ပင်ကိုစတိုင် တီရှပ်နဲ့ ဂျင်းနဲ့ ပေါ့ပေါ့ပါးပါး.. ။ လက်ကိုင်အိတ်ကို တစ်ခါမှ ကျွန်မပုခုံးမှာ မလွယ်တတ်..။ လက်ကနေပဲ ဖြစ်သလိုဆွဲရင်း လျှောက်ခဲ့တယ်။

ကျွန်မခြေတစ်လှမ်းလှမ်းလိုက်တိုင်း ကျွန်မခြေထောက်အောက်က ရေတွေက တစ်ဖက်ဖက်ဆီကိုကွဲကွာလွင့်စင်သွားတယ်။ ကျွန်မသဘောကျလို့ ဆတ်ဆတ်ကလေး လျှောက်တယ်။ ကျွန်မလမ်းသွားတဲ့အခါ ဘာကိုမှ သတိမထားတတ်တာ ကျွန်မအကျင့်။ ကိုယ်သွားမယ့်နေရာတစ်ခုကလွဲပြီး ကျန်တာတွေ ဘာမှမသိသလို လိုက်လဲမကြည့်တတ်။ အခုလဲ ကျွန်မလမ်းလျှောက်နေပေမယ့် လမ်းဘေးဝဲယာဘာတစ်ခုမှ မမြင်။ ကျွန်မစိတ်နဲ့ကျွန်မကိုယ် လွင့်ချင်တိုင်းလွင့်နေတာ....။

အခုလဲ.. ကျွန်မလမ်းလျှောက်သွားနေရင်းလွမ်းနေပြန်ပါပြီ။ ကျွန်မရဲ့အိမ်ကိုလွမ်းတယ်။ မေကြီး ကိုလွမ်းတယ်။ လသာလမ်းကိုလွမ်းတယ်။ တောင်ကြီးမြို့ ကိုလွမ်းတယ်။ အင်းထဲက လယ်ရှည်ရွာလေးကိုလွမ်းတယ်။ စတူဒီယိုထဲက နေ့တွေကိုလွမ်းတယ်။ အိုင်စီပွဲ ကြည့်ခဲ့တာတွေကိုလွမ်းတယ်။ ဘောလုံးပွဲကြည့်ခဲ့တာတွေလွမ်းတယ်။ မောင်လေးအငယ်ဆုံးလေးကိုလဲ လွမ်းတယ်။ ဟင်္သာတမြို့လေးကိုလဲ လွမ်းတယ်။ ကျွန်မကိုခွဲခွာသွားတဲ့ ကျွန်မ ရည်းစားကိုလဲလွမ်းတယ်။ ကျွန်မစာသင်ပေးခဲ့တဲ့ ကလေးတွေကိုလဲ လွမ်းတယ်။ ကျောင်းတက်တုန်းက အကြောင်းတွေလွမ်းတယ်။ တို့ဟူးနွေးပူပူလေး ကိုလွမ်းတယ်။ ကျွန်မကို အရမ်းနားလည်တဲ့ သူငယ်ချင်း ၁ ယောက်ကိုလွမ်းတယ်။
လွမ်းတယ်..လွမ်းတယ်.. အလွမ်းတွေ အများကြီးပဲ။

တွေ့လားကျွန်မလမ်းလျှောက်ရင်းနဲ့လွမ်းနေတာ...။ နီးလာပြီ ကျွန်မအခန်းကိုပြန်ရောက်ဖို့ ။ စုစုပေါင်း ကျွန်မလမ်းလျှောက်ချိန် ၁ နာရီ ၁၅ မိနစ် တိတိ။ ခြေထောက်လဲ မညောင်းဘူး၊ မောလဲမမောဘူး။ နောက်နေ့လဲ ကျွန်မလမ်းလျှောက်ပြန်မယ်။ အခုလိုပဲ လွမ်းပြီးတော့ပေါ့။

Ten Things I Hate About Myself

Published by ခေါင်ခေါင် under on Wednesday, November 26, 2008
ချစ်သယ်ရင်း ပိကျိတက်ဂ် ထားလို့........

ဒါတွေကြောင့် ကိုယ့်ကိုယ်ကိုမုန်းတာ

၁။ ဒေါသကြီးတဲ့သူ
၂။အစွဲအလန်းကြီးတဲ့သူ
၃။လောဘကြီးတဲ့သူ
၎။စိတ်ကူးယဉ်လွန်းတဲ့သူ
၅။အမှတ်မရှိတဲ့သူ
၆။တစ်ဇွတ်ထိုး စွတ်လုပ်တဲ့သူ
၇။အီမိုးရှင်းတွေကို ခံနိုင်ရည်မရှိတဲ့သူ
၈။တစ်နေ့ကို ၁၈ နာရီလောက်အိပ်နိုင်တဲ့သူ
၉။အားနာပြီးဂတိတွေပေးတတ်တဲ့သူ
၁၀။ပေါကြောင်ကြောင်နိုင်တဲ့သူ

မကောင်းတာတွေ အများကြီးကျန်သေးတယ်... ပိကျိ က ၁၀ ခုပဲဆိုလို့.....

အလွမ်း

Published by ခေါင်ခေါင် under on Saturday, November 15, 2008
ကဗျာအဟောင်းလေး တစ်ပုဒ်ပဲ ပြန်တင်ပေးလိုက်ပါတယ်။ ဖတ်ပြီးသားသူတွေလဲ အသစ်လိုပဲ ပြန်ခံစားပေးပေါ့နော်။အမြဲလာလည်ပေးနေတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးကမ္ဘာပါ။ ပျော်ရွှင်ကြပါစေရှင်။

အလွမ်း

စိတ်ထဲမှာ ရေးထားတဲ့ မင်းနာမည်
စိတ်ထဲမှာ မွှေးပျံ့နေတဲ့ မင်းရနံ့
စိတ်ထဲမှာ ပဲ့တင်ထပ်နေတဲ့ မင်းရယ်သံ
စိတ်ထဲမှာ ထပ်တူကျနေတဲ့ မင်းမျက်နှာ
ချစ်လွန်းလို့ .... မင်းကိုငါ မေ့ထားတယ်

ငါမရေးဖြစ်တဲ့ စာသားတွေလို မင်းစကားသံတွေ
ငါမအိပ်ဖြစ်တဲ့ ညတွေလို မင်းမနက်ခင်းတွေ
ငါမနမ်းရှိုက်ဖူးတဲ့ ပန်းပွင့်တွေလို မင်းပါးပြင်တွေ
ငါမသိခဲ့တဲ့ အပြောင်းအလဲတွေလို မင်းလျှိ့ဝှက်ချက်တွေ
ငါလွမ်းဆွတ်လွန်းတဲ့ နူးညံ့မှုတစ်ခုလို မင်းမေတ္တာတရားတွေ
တစ်ချိန်ချိန် ...... ငါမေ့လျောသွားမှာကိုပဲ စိုးရိမ်မိတယ်...

မင်းမျက်နှာလေး မမြင်ရတော့ကတည်းက
ငါ့မျက်လုံးကွယ် သလိုခံစားခဲ့ရတာ
မင်းစကားသံလေး မကြားရတော့ကတည်းက
ငါ့နားကန်းသွားသလိုခံစားခဲ့ရတာ
နောက်ဆုံးမှာ........
အချိန်အခါမဟုတ် ဘယ်ရွာလို့ရွာရမှန်းမသိတဲ့
မိုးတိမ်တွေ.. ပွေ့ပိုက်ထားတဲ့ ကောင်းကင်တစ်ခုပဲ
ငါ့အိမ်မက်ထဲမှာ....... ကျန်ခဲ့တယ်

ပင်လယ်အညှို့ခံ ရတဲ့ညနေ...

Published by ခေါင်ခေါင် under on Saturday, November 01, 2008
နာရီပေါင်းဘယ်လောက်ကြာမှန်း မသိအောင် ကျွန်မ ဒီနေရာမှာ မတ်တပ်ရပ်နေခဲ့တယ်။ လေတွေက အရပ်ရှစ်မျက်နှာကနေ တစ်ရပ်စပ် တိုက်နေခဲ့လို့ ကျွန်မဆံပင်တွေ ကပုံပျက်ပန်းပျက် ဖွာလန်ကျဲနေပြီ။ ဒီနေရာမှာ မိန်းမတစ်ယောက် ကြာမြင့်စွာ ငြိမ်သက်တိတ်ဆိတ်ငေးမော နေခြင်းက ဘယ်သူ့အတွက်မှ အံသြစရာ တော့မကောင်းပါ။ ကျွန်မရှေ့က ပင်လယ်ရဲ့ အနားသတ်လေး မှာ ၀င်လုဆဲဆဲနေရောင်ရဲ့ အ၀ါရောင် တွေဖြာထွက်နေတယ်။ အ၀ါရောင်တွေရဲ့ ညှို့တတ်တဲ့ အလင်းတွေနဲ့ နောက်ခံ ကောင်းကင် ရဲ့ နက်ရှိုင်းသော အပြာရောင်တို့ တစ်ခုနှင့်တစ်ခု ပြင်းအားချင်း ဆန့်ကျင်နေကြတယ်။

ဒီနေရာမှာ မျက်စိတစ်ဆုံး နက်ရှိုင်းကျယ်ပြန့်ကြီးမားတဲ့ ကြောက်စရာ ပင်လယ်ပြင်ကြီးကို မျက်တောင်မခတ်ငေးမောနေနိုင်တယ်။ အဲဒီမျက်လုံးတွေမှာ မျက်ရည်တွေ အိုင်ထွန်းလိမ့်ဆင်း ကျနေရင်တောင် ဘယ်သူမှ ဂရုမစိုက်မိနိုင်ဘူး။ ဒီနေရာက ရှိရှိသမျှ သူတွေအားလုံး ကိုယ့်သီးသန့်ကမ္ဘာထဲမှာ ကိုယ့်စိတ်ကြိုက် နေထိုင်နိုင်ကြတယ်။ ကျွန်မကိုယ်တိုင်လဲ လွမ်းဆွတ်အားငယ်ခြင်း ဆိုတဲ့ သီးသန့်ကမ္ဘာထဲမှာ ဖြတ်တောက်နှောက်ယှက်မယ့်သူမရှိ အကြာကြီး လွတ်လပ်စွာ လွင့်မျောနေခဲ့ပြီးပြီ။

ကျွန်မရဲ့ရှေ့တည့်တည့် ပင်လယ်ပြင်ကြီးရဲ့ ဟိုးအဝေးမိုင်ပေါင်ထောင်ချီတဲ့ နေရာလေး တစ်ခုမှာကျွန်မရဲ့အိမ်ကျန်ခဲ့တယ်။ ကျွန်မကိုနွေးထွေးစွာ ချစ်ခင်ကြင်နာယုယ တတ်တဲ့ မောင်နှမတွေကျန်ခဲ့တယ်။ ကျွန်မမျက်နှာကို အရိပ်တစ်ကြည့်ကြည့် အကဲခတ်ပြီး လိုအပ်သမျှ စိတ်ဓါတ်ခွန်အားတွေ ပေးတတ်တဲ့ ကျွန်မရဲ့ အမေကျန်ခဲ့တယ်။ ကျွန်မကို ကူညီစာနာ နားလည်ပေးပြီး ကျွန်မဘက်က ရပ်တည်ပေးတတ်တဲ့ သူငယ်ချင်းတွေ ကျန်ခဲ့တယ်။ အခု ကျွန်မအနားမှာတော့ ကြောက်စရာ ကောင်းတဲ့ပင်လယ်ပြင်ကြီးနဲ့ သူစိမ်းဆန်တဲ့လူတွေ..... ။

ကျွန်မအိမ်ပြန်ချင်ပြီ။ ကျွန်မလာခဲ့တဲ့ နေရာတစ်ခုကိုအပြီးပြန်သွားချင်ပြီ။ ဒီပင်လယ်ဆီကိုရောက်တိုင်း ကျွန်မအိမ်ပြန်ချင်တယ်။

ပင်လယ်ဟာ အိမ်ပြန်ချင်တဲ့ ကျွန်မကို အစွမ်းကုန် ညှို့ယူနေတယ်။



ကျွန်မရဲ့ငွေရောင်လမင်း

Published by ခေါင်ခေါင် under on Monday, October 27, 2008
ကျွန်မရဲ့လမင်းဆီက အလင်းတန်းတွေ မှာဆွဲငင်တတ်တဲ့ စွမ်းအားတွေ ရှိတယ်။ ကျွန်မလမင်းဆီက အလင်းတန်းတွေ ရောင်ပြန်ဟပ် ပြီးရောက်လာတတ်တိုင်း ကျွန်မနှလုံးသား တစ်ခုလုံးတုန်ခိုက်ပြီး ဘာမှမကျန်ရှိတော့သလိုမျိုး လှိုက်ဟာစွာ နာကျင်ပြီး ကျန်ရစ်ခဲ့တတ်တယ်။ ဒါပေမယ့် ဒီအလင်းတန်းတွေကို ကျွန်မ မက်မောစွာ စောင့်မျှော်ခဲ့ဖူးတဲ့ အကြိမ်ပေါင်းလဲ မနည်းခဲ့ဘူး။ ကျွန်မရဲ့ နူးညံ့အေးစိမ့်နေတဲ့ နှလုံးသားပေါ်ကို ကျွန်မလမင်းရဲ့ အလင်းတန်းတွေ ဘယ်တော့မှ ပြန်ရောက်လာမှာလဲ။

အဝေးကြီးက လမင်းရယ် ကျွန်မရင်ထဲက ဆွဲနုတ်ယူသွားတဲ့ တမ်းတခြင်းတွေကို မြင်တွေ့နိုင်မလား။ အဲဒိလိုမြင်တွေ့နိုင်ဖို့ လမင်းရဲ့ နှလုံးသားမှာ တစ်ခြားသော တွယ်ငြိမှုတွေ ကင်းလွတ်အားလပ်နေပါ့မလား။ သေချာတာကတော့ ကျွန်မကို သတိတရ ရှိဖို့တောင် သူ့နှလုံးသား အားလပ်နေမည်မဟုတ်ပါ။အဲသည့် အဖြစ်ကတော့ စိတ်ကူးနဲ့တောင် ရင်မဆိုင်ရဲသော ကျိန်စာတစ်ခုပါပဲ။ ဒါပေမယ့် ကျွန်မလက်ခံရမယ့် အမှန်တရားတစ်ခုလဲ ဖြစ်နေပြန်တယ်။

ဘာပဲဖြစ်ဖြစ် သူ့အလင်းရောင်ဟာ ကျွန်မရင်ထဲမှာ ဆန်းကြယ်စွာ ထွန်းလင်းတောက်ပခဲ့ဖူးတာ သူအသိဆုံးပါပဲ။ အဲဒိအခိုက်အတန့်တွေ တုန်းက ကျွန်မရဲ့ မှောင်နဲ့မည်းမည်း ဘ၀ထဲမှာ အဓိပ္ပယ်အရှိဆုံး၊ အလင်းလက်ဆုံး ၊အလှပဆုံး လမင်းတစ်ခု ဖြစ်ခဲ့ဖူးတာပဲလေ။ ဆွဲငင်တတ်တဲ့ အလင်းတန်းတွေ အတွက် ကျွန်မရဲ့ ငွေရောင်လမင်းကို အရူးအမူးကျေးဇူးတင်တယ်။


ဘာညာသရကာ Tag

Published by ခေါင်ခေါင် under on Friday, October 24, 2008
ဗီလိန် အတွက် ပိုစ့်ပါ.. မအားတဲ့ ကြားကရေးလိုက်ပါပြီ.. သူကတော့ ခုချိန်မှာ ဟက်ပီး ဒီပါပလီ ဆိုပြီး ကေအယ်လ် မှာ ပျော်နေမှာပေါ့။ ကောင်းပါတယ် .. ပျော်ကြပါ။ ပျော်နိုင်ကြပါစေ... ခေါင်ခေါင် ကတော့ အလုပ်တွေ တစ်ပုံကြီးနဲ့ ချာလပတ် ရမ်းနေတုန်းပါပဲ။ အစ်ကိုအမ သူငယ်ချင်း မောင်လေး ညီမလေး အားလုံး ဟက်ပီး ဒီပါပလီ ပါနော်။ ပျော်ရွင်ကြပါစေ။ အဆင်ပြေကြပါစေ။

ဗီလိန်ရေ.. ကျွန်မ မေးခွန်းတွေ ဖြေတဲ့ပုံစံမျိုးပဲရေးထားတယ်။ ကျွန်မလဲ ၁၀၀ ရအောင် ကြိုးစားပြီး ဖြေထားပါတယ်။

၁။ သူ နဲ့ ဘယ်လိုပက်သက်လဲ။
အရမ်းကောင်းတဲ့ ဘော်ဒါပါ။ ကျွန်မ နှိပ်စက်သမျှ သည်းခံတယ်။ အမြဲတမ်း ကျွန်မ ကို စနှုတ်ဆက်တယ်။
ကျွန်မတို့ နှစ်ယောက်ကြားမှ အရမ်းကောင်းတဲ့ Relation ရှိတယ်။

၂။သူ့အပေါ်ထင်မြင်ချက် (၅)ချက်
ဆရာလုပ်တယ်
သူများကို အမြဲဒုက္ခပေးဖို့စဉ်းစားတယ်
ရယ်စရာပြောတတ်တယ်
ဇီဇာကြောင်တယ်
အရမ်းစတယ်

၃။အမှတ်တရ အဖြစ်ဆုံးသူလုပ်ပေးခဲ့ဖူးတာ-
ကျွန်မ ပိုစ့်တစ်ခု တင်ရင်း ဘာတွေမှားနှိပ်မိမှန်း မသိဘူး။ အားလုံး ပျောက်ကုန်ရော.. အဲဒါ သူပြန်လုပ်ပေးတယ် အကုန်လုံး ပြန်ရအောင်။ အဲဒိ တုန်းက ကျွန်မ ကဘယ်လို မှ မရတော့လို့ အရမ်းစိတ်ညစ်နေပြီ။ သူက အခါခါ မရရအောင် ပြန်လုပ်ပေးတယ်။ ဗီလိန်... အဲဒိတုန်းက တစ်ကယ်ကျေး ဇူးပဲ။ မပြောရဘူး ဆိုလို့..ခုမှပြောတာ:P

၎။အမှတ်တရ အဖြစ်ဆုံး သူပြောခဲ့တဲ့ စကား-
ကျွန်မ ကိုမင်းသမီးလုပ်တဲ့။ သူက ၂ ကိုယ်ခွဲ မင်းသားရော ဗီလိန်ရော..လုပ်မယ်.. အဲလို ပြောဖူးတယ်။

၅။သူသာ ကျွန်မချစ်သူဖြစ်လာခဲ့ရင်-
ကျွန်မနားမှာပဲအမြဲ နေပေးပေါ့

၆။ကျွန်မချစ်သူဖြစ်လာရင် သူဘာတွေ ပြောင်းလဲရမလဲ-
ဇီဇာ မကြောင်နဲ့. ကျွန်မကို အမြဲနားလည်ပေးဖို့ ကြိုးစား. ကျွန်မက တစ်ခါတစ်လေ ကြောင်တောင်တောင်လေ..

၇။သူက ကျွန်မ ရန်သူဖြစ်နေမယ်ဆိုရင်-
ကျွန်မသူနဲ့ ဘယ်တော့မှ မတွေ့တော့ဘူး။ သူအကြောင်းဘယ်တော့မှ မစဉ်းစားတော့ဘူး။

၈။ရန်သူဖြစ်လာစရာ အကြောင်းရင်းကရော-
သူကျွန်မ အပေါ်မရိုးသားလို့.. ကျွန်မကို ညာလို့.. အဲဒါကြောင့်ပဲ ဖြစ်မှာပါ။

၉။သူ့အတွက် ဆန္ဒအရှိဆုံး လုပ်ပေးချင်တာလေး-
ကျွန်မချက်တဲ့ ဖြစ်သလို ဟင်းတွေ အတင်းစားခိုင်းမယ်.. ဟီးဟီး

၁၀။သူ့အပေါ် ခြုံပြီးသုံးသပ်ကြည့်ရင်-
ဗီလိန်ဆိုတဲ့ အတိုင်း တစ်ခုမှ ကောင်းတာ မရှိပါဘူး။ ကျွန်မ ကိုတော့ သည်းခံရှာတယ်။ :P ပြိုင်ပြီးပြောတိုင်း မနိုင်လို့တဲ့.... ။

၁၁။ကျွန်မ အပေါ်ပတ်ဝန်း ကျင်ရဲ့ထင်မြင်ချက်တွေကို ဘယ်လိုမြင်လဲ-
ဘယ်လိုမှ မမြင်ပါဘူး။ ကိုယ့်ကိုယ်ကို ပဲအမြဲ ကောင်းအောင်ကြိုးစားနေပါတယ်။

၁၂။ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ Characteraistic လေးပြောပြပါ-
Good listening, good social dealing , good interpersonal skill ,easy to make friend, try to honest all da time and so much more.... hee heee :P

၁၃။ကိုယ့်ကိုယ်ကို အမုန်းဆုံး Characteraistics..-
Absent minded, messy, cheeky, chusey, lazy.. :P

၁၄။ကိုယ်အဖြစ်ချင်ဆုံး လူစားမျိုးက -
ကိုယ့်အိမ်မက်တွေ အားလုံး တစ်ကယ်ဖြစ်လာအောင် ဖန်တီးနိုင်တဲ့သူပေါ့

၁၅။ချစ်ခင် ဂရုစိုက်တဲ့သူတွေကို ပြောချင်တာ-
ကျန်းမာရေးကို ဂရုစိုက် .. အကောင်းဘက်က တတ်နိုင်သမျှတွေးပါ.. ဘ၀ဆိုတဲ့ အချိန်က အရမ်းတိုတောင်းတယ်။ ချစ်ခင် ရတဲ့သူတွေ နဲ့ အတုရှိနေတဲ့ အချိန်တွေကို တန်ဖိုးထားပေးကြပါ။

၁၆။ ကျွန်မ ပြန်တက်ခ် ဖို့ရွေးထားတဲ့ သူငယ်ချင်း (၁၀) ယောက်ပါ။. တက်ခ် ပိုစ့်တွေ အတွက် အရမ်းအားနာပါတယ်။ အဆင်ပြေမှပဲ ရေးပေးပါ။ ရေးပြီးသားဆိုလဲ ရပါတယ်။ Enjoy!

၁)ချစ်ငါးလေး
၂)ချစ်သဉ္စာ
၃)မောင်လေး သံလွင်
၎)ကိုဗီလိန်
၅)အိမ်
၆)ချစ်ငွန်ငယ်
၇)အဘ သတိုးရာဇာ
ဂ)ချစ်ဘိုး
၉)ကိုဂစ်တာ
၁၀)ကိုမိုးသား

၁၇။ ၇ ယောက်မြောက်လူနဲ့ ဘယ်လိုပက်သက်လဲ-(သတိုးရာဇာ)
သတိုးလား .. အမြဲတမ်း Fighting play နေကြတယ်လေ။ မယုံရင် မေးကြည့် ။ ခေါင်ခေါင်ကို ကြောက်လားလို့..။

၁၈။ ၉ ယောက်မြောက်က ယောက်ျားလား ၊ မိန်းမလား။(ကိုဂစ်တာ)
ယောက်ျားပါ။ အရမ်းရစ်တတ်တဲ့ ယောက်က်ျား..။

၁၉။ ၆ နဲ့ ၉ နဲ့ အတူရှိနေရင် ကောင်းပါသလား။(ငွန်ငယ် နဲ့ ကိုဂစ်တာ)
မကောင်းဘူးထင်တယ်။ တစ်ယောက် က နိုင်ငံရေးသမား . တစ်ယောက်က ကဗျာဆရာ..

၂၀။ ၂ ယောက် မြောက်ကဘာတွေ သင်ကြားနေလဲ( သဉ္စာ)
အခု သင်နေတာ တော့ တရုတ်ပြည် က တရုတ်ကျောင်း မှာ တရုတ်စာတွေ သင်နေတယ်။ ရည်ရွက်ချက်ကတော့ ဘာလဲသိဘူး....:P

၂၁။ ၃ ယောက်မြောက်နဲ့ စကားစမြည် ပြောခဲ့တဲ့ အချိန်လေး။ (မောင်လေး သံလွင်)
မနေ့က ပဲပြောခဲ့တယ်။

၂၂။ ဂ ယောက်မြောက် ကြိုက်တဲ့ အဆိုတော်တွေ...(သက်တန့်)
မျိုးကြီး၊ အငဲ။ လေးဖြူ တဲ့ သူလဲ IC ပဲ။

၂၃။ ၁ မှာ ညီအစ်ကို မောင်နှမတွေ ရှိလား။ (ငါးလေး)
ညီတစ်ယောက် ညီမ တစ်ယောက် ရှိတယ်။

၂၄။ ၃ ရဲ့ အချစ်ကို ရယူဖို့ အစီအစဉ် ရှိလား။ (မောင်လေး သံလွင်)
နေဦး David နဲ့ တိုင်ပင်လိုက်ဦးမယ်. :P

၂၅။ ၇ ယောက်မြောက် ကိုရော... ( သတိုးရာဇာ)
ရှိတယ်။ ကြံနေတာ ကြာပြီလေ. :P

၂၆။ ၄ ယောက်မြောက် ကရော လူလွတ်ပဲလား .( ဗီလိန်)
ဟုတ်ဘူး။ ကလေး အဖေ.. သူ့ကလေး ၂ ယောက်က အမွှာပူး။

၂၇။ ၅ ယောက်မြောက် ရဲ့ နာမည် အရင်းကိုသိလား။( အိမ်)
သိဘူး။ Nick ပဲ သိတယ်။

၂၈။ ၄ ယောက်မြောက် ရဲ့ ၀ါသနာ ကဘာလဲ ( ဗီလိန်)
သူများကို ဒုက္ခ ပေးဖို့ ၊ မကောင်းကြံဖို့၊

၂၉။ ၅ နဲ့ ၆ ရဲ့ နှစ်ယောက်ကြားက အခြေအနေ ( အိမ် နဲ့ ငွန်ငယ်)
တစ်ယောက်နဲ့ တစ်ယောက် သိတောင် မသိဘူးနဲ့ တူတယ်။

၃၀။ ၁ယောက်မြောက် သူငယ်ချင်းက ဘယ်မှာ ပညာ သင်ကြားနေလဲ ( ငါးလေး)
Moscow မှာ ကွန်ပျူတာ တွေ ကို ဘယ်လို ကလိ ရမလဲ သင်နေတယ်။ ခုလောလောဆယ်တော့ သူပြင်ပေးလိုက်လို့ ကျွန်မ လက်ပတော့ ဘာသံမှ မထွက်တော့ဘူး။

၃၁။ ၆ ယောက်မြောက်သူ ငယ်ချင်း အကြောင်းလေး ပြောပြပါ (ငွန်ငယ်)
တစ်မြို့ထဲ နေခဲ့ကြဖူးတဲ့ သူငယ်ချင်းတွေလေ .. ဒီတစ်ပါတ် တနင်္ဂနွေ သူတို့ အိမ်မှာ အလှု ရှိတယ်။ သွားစားမလို့..။

၃၂။ ၈ ယောက်မြောက် အပေါ်မှာ ခံစားချက် များများ ထားခဲ့ဖူးလား။(သက်တန့်)
ထားတာပေါ့။ ဘိုးက သူ့မောင်လေး နဲ့သဘောတူတယ်တဲ့.. အတင်းကြီးပဲ.. :P

၃၃။ ၉ ယောက်မြောက် သူငယ်ချင်း ကဘယ်မှာနေတာလဲ။( ကိုဂစ်တာ)
ရန်ကုန်မှာ

၃၄။ ၃ ယောက်မြောက် သူငယ်ချင်းက ဘာအရောင်ကြိုက်လဲ။ ( မောင်လေး သံလွင်)
အပြာရောင် ထင်တာပဲ။ သူ့မွေးနေ့ မှာ ၀တ်ထားတာ အကျီက အပြာရောင်လေး..

၃၅။ ၅ နဲ့ ၆ က သူငယ်ချင်းကောင်းတွေ လား( အိမ် နဲ့ ငွန်ငယ်)
နောက်တော့ ဖြစ်လာမယ် ထင်တယ်။

၃၆။ ၁ ယောက်မြောက် မှာ အိမ်မွေးးတိရိစ္ဆာန် ရှိလား။ ( ငါးလေး)
ဒီကောင်က ကြောင်ဆို အသေချစ်လေ။ ကြောင်တစ်ကောင်တော့ ရှိပါ့။

၃၇။ ၂ က စွဲဆောင်မှုအရှိဆုံး sexiest person လား? ( သဉ္စာ)
တိုင်ကွယ်ပြီးကြည့် ရင်တော့ so sexy.. he hee :P ( သယ်ရင်း စိတ်ဆိုးနဲ့)

၃၈။ ၁၀ ယောက်မြောက်က ဘာတွေ လုပ်နေလဲ( ကိုမိုးသား)
( ဘလောဂင်း အကြောင်း သေသေချာချာ သိအောင် လုပ်နေတယ် ထင်တယ်။ ခဏ ခဏ လာမေးလို့လေ.. :P )

တက်ခ် တဲ့ သူရော.. တက်ခ် ခံ လိုက်ရတဲ့ သူငယ်ချင်း အပေါင်းတို့ရော အားလုံးကို ကျေးဇူးတင်ပါတယ်။
enjoy in my post! love you all :P :P









Funny Tag from SIM star " ThanLwinHero"

Published by ခေါင်ခေါင် under on Friday, October 24, 2008
It's about to tag me from my naughty , messy , cutie brother " ThanLwinHero".( You make me small, hah, anyway I posted for you, besides I am going damn busy.. ). ok, check it out..
Here you are.....

(1) Your relationship with him:
Dude.., we are going very well. rite?

(2)Your five impression of him:
1st - Funny
2nd - Good attitude
3rd - Outgoing
4th - Optimitics
5th - Naughty and playful ( dude, am i rite? )

(3)The most memorable thing that he had done for you:
My dude, gonna be in my ever lasting memory, cus he remember me tag ever :P then, he was my fri's fri also but he didn't tell me about it for a long time. see? how naughty!

(4)The most memorable thing that he had said to you:
He push me out in his one post, i am the 1st one gal he met in blog .I was so pleased in it.

(5)If he become your lover ,you will:
I'll never let him go by my side. :P

(6)If he become your lover, thing he have to improve:
Have to patient my chusey mind, have to love me only , even dun hav to lookin at other gals.

(7)If he become your enemy, you will:
Never try to meet him again.Never pick up his call. Just forget abt him.

(8)If he become your enemy, the reson will be:
May be , he did't honest in me, mean he tried to lie me.

(9)The most desired thing you want to do for him now is:
Want to help him, for his assignments and exams.

(10)Your overall impression of him:
He's pretty good guy, wid nice heart.

Dude, hope u feel well in it. xo much thk for sharing. pls, u read on the rest questions for Villain post, i better try to write MM to be feel free all my fris. ok? by da way, give my love to my jit fri, David.. :P.. All da best.




သင်သိပါ

Published by ခေါင်ခေါင် under on Sunday, October 19, 2008
နားမထောင်ချင်တဲ့သင့်နားအတွက်
ငါ့ရင်မှာပျားရည်လိုချိုတဲ့စကားတွေရှိတာ
သင်သိပါ......။
မကြည့်ချင်တဲ့သင့်မျက်ဝန်းအတွက်
ငါ့ရင်မှာအဖိုးမဖြတ်နိုင်တဲ့စိတ်ကူးတွေရှိတာ
သင်သိပါ......။
ငါ့ဆိုအိမ်မက်ထဲတောင်မုန်းတဲ့
ငါ့ဆိုတစေတကောင်လိုကြောက်တဲ့
ငါ့ဆိုလူပျက်တစ်ယောက်လိုထင်တဲ့
ငါ့ဆိုလူဆိုးတစ်ယောက်လိုထင်တဲ့
ငါ့ဆိုရောဂါဆိုးတစ်ခုလိုရှောင်တဲ့
သင့်အတွက်ငါ့ရင်ထဲမှာဝှက်ထားတဲ့
ိအမည်မသိရှေးစာဆိုရဲ့ကဗျာတစ်ပုဒ်ရှိတာ
သင်သိပါ.............။
သေရည်ဝနေတဲ့ ဘီလူးတစ်ကောင်ရှိတာ
သင်သိပါ.............။
ငါ့အနာဂါတ်ကို ငါမသိ
မနက်ဖန်တိုင်းလည်းငါမသိ
ဒီနေ့ ........
သင့်အတွက်ငါဘာမဆိုဖြစ်တာ
သင်သိပါ.............။

ဝေမင်း



ညာဘက်လက်အကြောင်း

Published by ခေါင်ခေါင် under on Friday, October 17, 2008
အဲဒိ....ငါ့ရဲ့ညာဘက်လက်....
လက်ရေးလှသလောက် ဘာမှ အသုံးမကျတဲ့လက်
ပိုင်ပိုင်နိုင်နိုင် ဖမ်းဆုပ်ဖို့ တစ်ခါမှ မသေချာတဲ့လက်
ဝတ်ကျေတမ်းကျေ လက်ဆွဲ နှုတ်ဆက်ရမှာတွေ ကိုမ၀ံ့ရဲတဲ့လက်
တစ်နေ့မှာ လက်ချည်းသက်သက် ပြန်လာရမှာ သေချာနေတဲ့လက်
ဘယ်နဲ့ညာနဲ့ ဘယ်တော့မှ သဟဇာတ မဖြစ်တဲ့လက်
တည်ဆောက်ဖန်တီးဖို့ထက် ချေမွဖျက်ဆီးဖို့ ပိုအားသန်တဲ့လက်

ဒီတစ်သက်မှာ ဒီလက်နဲ့
ညီမျှခြင်းဖြစ်ဖို့ ကြိုးစားရမှာ
ငါ.... တစ်ကယ်ရင်မောပါတယ်။


အချစ်ဆိုသည်မှာ

Published by ခေါင်ခေါင် under on Saturday, October 11, 2008
အချစ်ဆိုသည်မှာ...

ဒီခေါင်းစဉ်နဲ့ ကိုအောင်သာငယ်. ကိုကြယ်ဇင်သွေး နဲ့ အဘ သားထူး တို့က ကျွန်မ ကိုTag ထားပါတယ်။ကျွန်မကို မှတ်မှတ်ရရ သတိတရTag တဲ့ အတွက်လည်း ကျွန်မ အစ်ကို (၃) ယောက်ကို ကျေးဇူး အထူးတင်ပါတယ်။ ဒီပိုစ့်လေးက ကျွန်မ တစ်ယောက်ထဲနဲ့သာ သက်ဆိုင်ပြီး ကျွန်မကိုယ်တိုင် နားလည်ခံစား ခဲ့သမျှသက်သက်သာ ဖြစ်ပါတယ်။ ဖတ်ပြီး အဆင်မပြေခဲ့ဘူး ဆိုရင် နားလည်ခွင့်လွှတ်ပေးပါ။

အချစ်...


(၁) အယောင်ဆောင်ထားတဲ့ မိုးတိမ်တွေ

(၂) နေရောင်ခြည်ဖြာကျနေတဲ့ သစ်ရွက်ကြွေလမ်းကလေး

(၃)သက်တန့်တွေကို မျက်နှာချင်းဆိုင် ပြန်မြင်နေရတဲ့ ရေပြင်ကျယ်

(၄)မင်းမျက်နှာကို ဘိန်းစွဲသလို စွဲခဲ့တဲ့ ဖေဖော်ဝါရီ

(၅)ပါးလျသော သစ္စာတရားများ

(၆)ဘယ်ဘက်ပါးပြင် နာကျင်နီရဲသွားခဲ့တဲ့ အစိမ်းပုတ်ရောင်ညနေ

(၇)လွတ်မြောက်ထွက်ပြေး သွားတဲ့လိပ်ပြာ

(ဂ)အကြွေးမကျေသော နှစ် လ ရက်များ

(၉)အဝေးဆုံး နောက်ဆုံးစာမျက်နှာ

(၁၀)တိတ်ဆိတ်ငြိမ်သက် မိုးရေစက်များထဲမှာ......

လူတိုင်းမှာတော့ ကိုယ်ယုံကြည်ခံစား မျှော်လင့်ရာ ချစ်ခြင်းတစ်ခုခု တော့ရှိကြမှာပါ။ ဒီပိုစ့်ကို ဖတ်တဲ့သူတိုင်းကို ပြန်Tag ပါတယ်။ အချစ်ဆိုတဲ့ အကြောင်းလေး မျှဝေပေးခဲ့ပါ။ ကျေးဇူးပါရှင့်။



ဖြစ်သလို စားသလားတဲ့..

Published by ခေါင်ခေါင် under on Monday, October 06, 2008
စာရေးကောင်းတဲ့ သူငယ်ချင်းပန်းချီ ဆရာမ နန်းညီ တက်(Tag) ထားတာလေးပါ။ သူငယ်ချင်းကို ဖတ်စေချင်တော့လည်း မနဲကုတ်ကပ်စဉ်းစားပြီး ရေးလိုက်ပါတယ်။ အကြာကြီးနေမှ ရေးဖြစ်လို့ စိတ်မဆိုးပါနဲ့ ဆရာမရေ။ကဲ ဆရာမနန်းညီရေ... စိတ်ကြိုက်သာဖတ်တော့နော်။ နန်းညီ လိုတော့ ကျွန်မက ဗဟုသုတရအောင် ရသမြောက်အောင် မရေးတတ်ဘူး။ ကျွန်မက ပေါက်ကရတွေပဲ ရေးတတ်တာလေ။ကဲရေးပြီနော်... ။

ဖြစ်သလိုစားတတ်တဲ့ ကျွန်မ...
ကျွန်မငယ်ငယ်လေးထဲက ဖြစ်သလိုစားတတ်ပါတယ်။ ကြုံရာစားတယ်။အစားအသောက်ကို လဲသိပ်ဂျီးမများ ပါဘူး။အစားအသောက်အတွက် သိပ်ပြီးလဲအပင်ပန်းမခံဘူး။ အချိန်ကုန်မခံဘူး။ အမှန်အတိုင်းပြောရရင်တော့ ချက်ပြုတ်ရမှာကို စိတ်လဲမရှည်ဘူး။ ပျင်းတာလဲပါတယ်။တစ်ခြားအိမ်အလုပ်တွေကိုသာ ပင်ပင်ပန်းပန်းလုပ်ပစ်ချင်တယ်။ ချက်ပြုတ်ကျော်လှော်ရမှာကိုတော့ ဘာကြောင့်မှန်းမသိဘူး။ မလုပ်ချင်ဘူး။ ကျွန်မ အမေ့အိမ်ရောက်တဲ့ အချိန်တွေတိုင်း ဟင်းတွေဖွယ်ဖွယ်ရာရာ အမေကိုယ်တိုင်ချက်ကျွေးတယ်။ အမေက ဘာဟင်းစားချင်လဲ လို့မေးရင်.ကိုယ့်ဟာကိုလည်း ဘာကြိုက်မှန်းမသိလို့ ဘာပြောရမှန်းမသိဘူး။ အကုန်လုံး စားလို့ရတယ်။တရုတ်စာ ၊ကုလားစာ၊မြန်မာစာ၊ ရှမ်းစာ အကုန်ကျွန်မနဲ့အဆင်ပြေတယ်။ ကျွန်မ မကြိုက်တဲ့ ဟင်း၊ မစားဘူးဆိုတဲ့ ဟင်းလဲ မရှိသလောက်ပါပဲ။

ကျွန်မတစ်ဘ၀လုံးတစ်ယောက်ထဲ နေတာများတော့ ဖြစ်သလိုစားတဲ့အကျင့်ကလဲ အရိုးစွဲနေပါတယ်။ စားချင်စား မစားချင်မစားနဲ့ ထမင်းနပ်ပေါင်းများစွာကို ကြုံသလိုပဲ စားခဲ့လို့ ကျွန်မအစာအိမ်ကလဲ သိပ်ပုံမှန်မဟုတ်ဘူး။ မြန်မာပြည်မှာရှိတုန်းက မနက် ၇နာရီကနေ အိမ်က စထွက်လိုက်တာ သင်တန်း ၊ အလုပ်၊ စာသင်နဲ့ တစ်ခါတစ်ခါတစ်လေ. ည၁၂ နာရီလောက်မှ ပြန်ရောက်တယ်။ တစ်နေကုန်ကို ကြုံတဲ့ နေရာမှာ အဆင်ပြေသလိုစားပါတယ်။ ကျွန်မအများဆုံး စားဖြစ်တာ လှည်းတန်း ၊ ဦးထွန်းလင်းခြံလမ်းထဲက ထမင်းသုတ်ပဲ။ ကြာဇံချက်နဲ့ ထမင်းသုတ် ကျွန်မအမြဲစားတယ်။ ပြန်ပြီးတောင်စားချင်လာပြီ။ အိမ်မှာ ဖြစ်သလိုစားရင် တော့ ကြက်ဥနဲ့ ထမင်းကို ရောကြော်ပြီးစားတယ်။ တစ်ခါတစ်လေတော့ လက်ဘက်သုတ်နဲ့။ လက်ဘက်သုတ်လဲ ကျွန်မအရမ်းကြိုက်တာ။ another တစ်ခါတစ်လေမှာ တော့ဖြစ်သလို အချစ်ဆုံးတွေနဲ့ Black Canyonတို့ Eugenia တို့မှာ ပဲသွားစားလိုက်တယ်လေ။

ဒီကိုရောက်လာတော့ ဘ၀က ပိုပြီးဆိုးသွားတယ်။ကျွန်မဈေးလဲမသွားချင်ဘူး။ ချက်လဲမချက်ချင်ဘူး။ သူများအိမ်မှာ သွားကပ်စားရတာလဲ ခဏခဏဆိုတော့ မကောင်းတော့ဘူး။ အပြင်ကနေလဲ ကျွန်မ ခဏခဏ ၀ယ်မစားနိုင်ဘူး။ အဲဒိတော့ ကျာင်းကနေ မောမောနဲ့ပြန်လာတဲ့ အခါ ကျွန်မအများဆုံးစားဖြစ်တာကတော့ ခေါက်ဆွဲပြုတ်ပါပဲ။ ဗိုက်ဆာနေတော့လဲ ဘယ်လိုကုန်သွားမှန်းမသိဘူး။
နောက်တစ်မျိုးကတော့ ထမင်းပေါင်းအိုးထဲကို ထမင်းချက်ရင်းနဲ့ ငါးသေတ္တာ ဗူးကိုပါ ဖောက်ထည့်ထားလိုက်တာ။ ထမင်းလဲ ကျက် အဆင့်သင့်စားရုံပဲ။ အနီရောင် ထမင်းလို့ ကျွန်မဘာသာ ခေါ်တယ်။ ကျွန်မ ရဲ့အနီရောင် ထမင်းထဲကို ခရမ်းချဉ်သီး ဆော့တွေ အများကြီးထည့်ပြီးစားတယ်။ တစ်ကယ်ကောင်းတယ်။ မယုံရင် စမ်းချက်ပြီးစားကြည့်ပါ။

ဒီနေ့တော့ ကျွန်မ ဧည့်သည်တွေနဲ့ တူတူ BOMBAY MAGIC မှာညစာ စားခဲ့တယ်။ ကုမ္မဏီက ကျွေးတာလေ။ သူတို့တွေပျော်နေတာတွေ့တော့ ကျွန်မလဲပျော်တယ်။ ကျွန်မအတွက် ပျော်စရာ ညစာစားပွဲ တွေ ၊ သိုက်သိုက်ဝန်းဝန်း လူတွေ အများကြီးနဲ့ အရသာရှိရှိစားရတဲ့ စားပွဲတွေနဲ့ဝေးကွာနေတာ တော်တော်လေးတော့ ကြာနေပြီ။ တော်တော်လေးကြာပေမယ့်လည်း ကျွန်မက ဖြစ်သလိုစားတတ်တဲ့ သူဆိုတော့ ပြသာနာမရှိဘူးလေ။ ဒီလိုနဲ့ပဲ ခဏခဏ ကျွန်မ ဖြစ်သလိုစားနေပါတယ်။

ကျွန်မဖြစ်သလို စားတဲ့ အကြောင်းပြီးပါပြီ။

နန်းညီ တက် လို့ ကျွန်မ ရေးပြီးသွားပါပြီ။ဆိုင်လား မဆိုင်လားတော့မသိဘူး။ ရေးချင်တာတွေ ရေးချလိုက်တာပဲ။ ဆက်လက်ပြီး .. ကျွန်မ တက် လိုက်တဲ့ ကံထူးရှင်များကတော့.....

-အိမ်
-မောင်လေး ဟီးရိုး
-တာဇံ

တို့ သုံးယောက်ပါ။ မြန်မြန်လေး ရေးပေးကြပါ။ ကျေးဇူးရှင်တို့ရေ... နော်။



 

Lipsum

Followers