ခေါင်ခေါင်

ငါးတစ်ကောင်သို့.........

Published by ခေါင်ခေါင် under on Monday, September 22, 2008
(သူ့ကိုယ်သူတော့ တိုးတိတ်လွန်းတဲ့
ရင်ခုန်သံတွေနဲ့..
သွေးနွေးသတ္တ၀ါတစ်ကောင်တဲ့..)

တစ်ခါတစ်လေမှာ..
နင်ဟာဆွံအ ငြိမ်သက်နေလွန်းလို့
ဈေးထဲက ငါးအသေတစ်ကောင်နဲ့တူတယ်..

တစ်ခါတစ်လေမှာ..
ပိတ်လှောင်မွန်းကျပ်မှုတွေကိုတမင်မေ့ထားပြီး..
ပျှော်ရွှင်ရောင့်ရဲ တတ်ချင်ရောင်ဆောင်နေတတ်လို့
မှန်ပုံးထဲက အလှမွေးငါးတစ်ကောင်နဲ့တူတယ်

တစ်ခါတစ်လေမှာ..
ထိုးနှက်တိုက်ခိုက်မှုတွေ. ခါးသီးနားကျည်းမှုတွေဆီကနေ
ငြိမ်းချမ်းတိတ်ဆိတ်စွာ ထွက်ခွာသွားတတ်လို့
ငါးစာကိုကြိုမြင်တတ်တဲ့ ညာဏ်ရှိတဲ့ငါးတစ်ကောင်နဲ့တူတယ်

ငါးတစ်ကောင်နဲ့တူတဲ့ ငါးရေ..
ရေလှိုင်းတွေကိုလဲမယုံနဲ့..
ပင်လယ်ဆီသွားသွားပြီး.. အပျော်မကြူးနဲ့
ကျောက်ဆောင်တွေကြား နင်လမ်းမှားသွားမှာ
ငါစိုးရိမ်နေမိတယ်..

(ချစ်သူငယ်ချင်းငါးလေး..အတွက်အမှတ်တရ)

7 comments:

Anonymous said... @ September 23, 2008 at 1:56 AM

တတ်လဲတတ်နိုင်ပါပေတယ်ဗျာ။
မနေ့ကတော့ အော်ငိုချင်တယ်တဲ့ ဟော အခုတော့ ငါးဖြစ်သွားပြန်ပြီ။
ဘယ်ကဘယ်လို အိုင်ဒီယာတွေရလဲဟင် မျှပါဦး
ကျနော်လဲ အဲလိုရေးချင်နေတာ စဉ်းစားလို့ကိုမရတာ။
လေးစားပါတယ်။ဆက်လက်ရေးသားနိုင်ပါစေ။

ဇင်ယော် said... @ September 23, 2008 at 3:03 AM

ဟိုက်ရှားဘား....ဒီနေ့ အလှည့်ကျတဲ့ သူကတော့ ငါးဖြစ်သွားပြန်ပြီ။ အတွေးကောင်း၊ အရေးကောင်း။ အားကျတယ်ဟေ.။ ဒီမှာတော့  တစ်ပုဒ်လောက်ရေးဖို့  မနည်းဖြစ်ညှစ်ပြီး ရေးနေရတာ။ ဆက်သာဒူးဟေ.။ အားပေးနေတယ်ကွ။

မေမိုးမခ said... @ September 23, 2008 at 4:44 AM

ခဏနေ ငါးဖြစ်လိုက် ခဏနေ ပုဇွန်ဖြစ်တော့မယ် ကြည့်လဲလုပ်ဦး။
ဒါမှမဟုတ် ၃၆ ကောင်အတိတ်လာပေးတာလားမသိဘူး။ ငါးတဲ့ ထိုးကြဟေ့ ပေါက်ရင် မေမိုးကို ဖောင်ဖောင်တစ်ဝက်ပေး။ ဟီးဟီး။
ကဗျာလေးကအရမ်းကောင်းတယ်။ ခေါင်လိုမျိုး idea ရချင်လိုက်တာ။
ဒါပေမဲ့ ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်မှာ
အိုင်ဒီယာ အစ် ဒိန်ဂျာရဲစ်တဲ့ ကြောက်တယ်။ ယူတော့ဘူးနော်။

သံလုံငယ် said... @ September 23, 2008 at 4:58 AM

ချစ်သူငယ်ချင်းကြီး ဆုံးမစာ ရေးပေးလို့ ကျေးဇူးပဲ ဟီဟီ ။ ငါ့အတွက် ရေးတဲ့ကဗျာတွေတော့ဖတ်ဘူးတယ် ။ ငါ့ကို ဆုံးမတဲ့ ကဗျာ အခုမှ ဖတ်ဖူးတာဟ .. ဘာပြန်ပြောရမှန်းတောင်မသိဘူး ဟီဟီ ။ နင့်စီဗုံးမှာလည်း ငါ့ကိုကြော်စားမယ့် လူတွေကြီးပါလားဟာ :P ။ ဘာပြောရမှန်းမသိလို့ ဘာမှ မပြောတော့ဘူးနော် .. ကျောင်းမတတ်ရတော့လို့ ပျော်နေတဲ့ သူငယ်ချင်း အလုပ်ဝင်ရရင်လည်း ဆက်ပျော်ရွှင်ပါစေဟာ ............

တောင်ပေါ်သား said... @ September 23, 2008 at 5:11 AM

အော်ငိုချင်လိုက် ငါးဖြစ်လိုက်နဲ့ ခေါင်ခေါင်ရေ... ငါးလေးကဗျာကတော့ တော်တော်ကို ကောင်းပါတယ်.. ကျနော် အကယ်ကြိုက်နှစ်သက်မိပါတယ်ဗျာ..

pethein said... @ September 23, 2008 at 6:54 AM

ခေါင်ခေါင်ရေ-
အမှတ်တရ ငါးလေးအတွက် ငါးဖြစ်သွားတဲ့သူငယ်ချင်းငါးအတွက်ပါ ဒီနေ့ငါးဟင်းချက်စားတယ်

မိုးမြင့်တိမ် said... @ September 24, 2008 at 9:16 AM

ညီမရေ ငါးတစ်ကောင်သို့ ကဗျာလေးကို ခံစားသွားတယ်
အရေးအသားလေးတွေ တော်တော်ကောင်းတယ်။

Post a Comment

 

Lipsum

Followers