ခေါင်ခေါင်

မိုးပွဲ..

Published by ခေါင်ခေါင် under on Sunday, September 28, 2008
မိုးစက်လေးတွေကို ရေတွက်နေရသလိုမျိုး
ရင်ခုန်စိတ်က ကြက်သီးမြမြ..
ကိုယ့်မျှော်စင်လေးရှိရာကနေ..
မိုးစက်တွေ ကြိုးယှက်ပြီး........
နွေနဲ့ ဆောင်းကို .. တစ်ကူးတစ်ကန့်
အမှာတော် ပါးလိုက်တယ်...
မိုးရေစက် တွေထဲ အချစ်ကထိုင်ပြီး
ကိုယ့် ...ဆီလာချင်လို့တဲ့......
(လွမ်းလှပြီ..... အချစ်ရယ်....)
ငါက မင်းမရှိပဲ... ....
လူမသိ သူမသိ ဒီ တိမ်အုပ်ထဲ ငိုနေခဲ့တယ်...
ငါ့ရှိုက်သံတောင် မှမကြားစေရပါဘူး .. ကွယ်.

ဇာသားနုနုနဲ့ ပိုးသားရွရွလို
အနက်ဖျော့ဖျော့ တိမ်တိုက်တွေထဲ...
ငါ့သတိရခြင်းတွေ... လွင့်မျောစီးဆင်းစေခဲ့တယ်....
ဩော်.....အချစ်ရဲ့.....
မင်းက ဒီပွဲကို စိတ်ဝင်စားတယ် ဆိုရင်
မျက်ရည်ကျတတ်ရုံ..
ရင်ခုန်တတ်ရုံနဲ့ လုံလောက်ပါတယ်...
အဲဒီကနေ.....
မိုးရွာတဲ့ လမ်းအတိုင်းလာ လိုက်ရင်.
မင်းမျက်ရည်တွေကို...
ဘယ်သူမှ မတွေ့နိုင်တော့ဘူး...
မိုးနတ်သမီးရဲ့...ခြေကျင်းသံတွေကြားမှာပဲ
မင်းရင်ခုန်သံတွေ. ပျော်ဝင်သွားလိမ့်မယ်..
မိုးရေစက်တွေကို ရေတွက်နေရသလိုမျိုး...
ရင်ခုန်တဲ့စိတ်က...
ရှိန်းရှိန်းမြမြ.. ရှိရုံလောက်ပဲ ပိုပါတယ်....



11 comments:

မေမိုးမခ said... @ September 28, 2008 at 5:44 AM

ဇာသားနုနုနဲ့ ပိုးသားရွရွလို
အနက်ဖျော့ဖျော့ တိမ်တိုက်တွေထဲ...
ငါ့သတိရခြင်းတွေ... လွင့်မျောစီးဆင်းစေခဲ့တယ်....
ဩော်.....အချစ်ရဲ့.....
မင်းက ဒီပွဲကို စိတ်ဝင်စားတယ် ဆိုရင်
မျက်ရည်ကျတတ်ရုံ..
ရင်ခုန်တတ်ရုံနဲ့ လုံလောက်ပါတယ်..

ကောင်းလိုက်တဲ့ အဖွဲ့ အနွဲ့လေးပဲခေါင်ရေ

လင်းဒီပ said... @ September 28, 2008 at 5:51 AM

ကောင်းတယ်..ခေါင်ခေါင်ရေ...အရမ်းတွေလုပ်နေ ပါလား.....carry on ...carry on...

သံလွင် HeRo said... @ September 28, 2008 at 6:01 AM

ကြီးတော်ကမိုးရာသီမှာထူးထူးခြားခြားအမှတ်တယတွေ
ရှိခဲ့တယ်နဲ့တူတယ်...တစ်ကယ်လန်းတဲ့သီကုံးမှုပဲ
ခံစားချက်ပြင်းပြင်းနဲ့ဖွဲ.ထားလို့ပဲဖြစ်မှာ...
jia yo jia yo :P

sait phay yar said... @ September 28, 2008 at 7:35 AM

မျက်ရည်ကျတတ်ရုံ..
ရင်ခုန်တတ်ရုံနဲ့ လုံလောက်ပါတယ်..
အဲဒါလေးကိုကျေနပ်တယ်ပေါ့...ဟွန်း

Anonymous said... @ September 28, 2008 at 10:09 AM

ဂေါင် အဲ ခေါင်ခေါင်တို့ကလုပ်ချလိုက်ပြန်ပါပြီ
အရေးအသားတွေက လန်ထွက်နေတာပဲ
ဒါနဲ့ လူမသိသူမသိ တိမ်အုပ်ထဲ သွားငိုတယ်ဆိုတော့ ဘယ်လိုများသွားသလဲ ခင်ဗျ။ လေယာဉ်စီးသွားတာလား ချော့ပါနဲ့လား။ တခါငိုဖို့ ပိုက်ဆံတော်တော်ကုန်မယ်နော်
ဟိဟိဟိ စတာနော် စိတ်မဆိုးရဘူး စိတ်ဆိုးရင်ဘူတားကြီးကိုက်လိမ့်မယ်
တကယ်ကောင်းပါတယ်(အကောင်းပြောတာပါ)
လက်ဆက်ရေးသားနိုင်ပါစေ

ဇင်ယော် said... @ September 28, 2008 at 11:07 AM

အဖွဲ.အနွဲ.ကလည်းကောင်း၊ စကားလုံးတွေကလည်း လန်းလှချည်လား။ နေပါဦး မိုးနတ်သမီးရဲ့...ခြေကျင်းသံတဲ့ ။ ဘယ်လိုများပါလိမ့် .... ၀ုန်း .. ဒုန်း ... ဂျိမ်း... အောင်မလေး မိုးကြိုးပစ်တယ်ဗျ။ သားသား မပါဘူးဗျို.။

Unknown said... @ September 28, 2008 at 3:22 PM

မခေါင်ခေါင်ရေ အတွေးအရေးတွေကောင်းတယ်ဗျ မိုးအကြောင်းလေးကိုဖွဲ့နွဲ့ထားတာ သဘောကျနှစ်သက်မိတယ် အားပေးနေပါတယ်ဗျာ ကောင်းသောနေ့ပါ မခေါင်ခေါင် :)

thinzar said... @ September 29, 2008 at 12:22 AM

ခေါင်ခေါင်တို့က မိုက်ပြန်ပြီဟ
မလိမ္မာဘူး.. ဟီးဟီး

ငါက မင်းမရှိပဲ... ....
လူမသိ သူမသိ ဒီ တိမ်အုပ်ထဲ ငိုနေခဲ့တယ်...
ငါ့ရှိုက်သံတောင် မှမကြားစေရပါဘူး .. ကွယ်.

ခိုက်သွားပြီ...

ဗီလိန် said... @ September 29, 2008 at 8:01 AM

ရင်ခုန်သံ ရှိန်းမြမြ။
သိပ်ကောင်း။ :)

pethein said... @ September 30, 2008 at 1:43 AM

ကဝေလိုစိကူးကောင်းကောင်းနဲ့ စကားလုံးလှလှတွေ စီထားတဲ့ခံစားမှုရသလေးတွေက တကယ်ကိုစီးမျော သယ်ဆောင်သွားနိုင်စွမ်းပါတယ်-
အရောက်ကျဲသွားတာက လယ်ထွန်နေရလို့မဟုတ်ဘူး အတက်အကျမြန်နှုန်းမြင့်လှတဲ့ connection ကို အရှုံးပေးထားရလို့ပါ-ကဝေမလေးခေါင်ခေါင်ရေ-

Unknown said... @ October 1, 2008 at 6:06 AM

ရင်ခုန်စိတ်က ကြက်သီးမြမြ
ဇာသားနုနု ပိုးသားရွရွ
ရင်ခုန်စိတ်က
ရှိန်းရှိန်း မြမြ............
ကောင်းလိုက်တဲ့ ပါဒ ကလေး
ခေါင်ရေ မင်းအတွေးအားကောင်းလှချီလားဟဲ့ ။

Post a Comment

 

Lipsum

Followers