ခေါင်ခေါင်

...အော်ငိုလိုက်ချင်တယ်........

Published by ခေါင်ခေါင် under on Monday, September 22, 2008
မနက် မနက်တွေ ရောက်တိုင်း
နင့်ကိုပဲ အရင်ဆုံးသတိရမိတဲ့ စိတ်တွေနဲ့
ငါနိုးထနေတုန်းပဲ...
ငါ့စားပွဲပေါ်က နင့်ဓါတ်ပုံကို..နာနာကျည်းကျည်းကြည့်ပြီး
ငါအော်ငိုလိုက်ချင်တယ်.....

အဲဒိနေ့တွေတုန်းက
နင့်စီးတဲ့ ကျောင်းကားကြီးက ငါ့ရှေ့က ဖြတ်သွားတိုင်း
ငါတစ်ကယ်ငုတ်တုတ်မေ့ ခဲ့တဲ့နေ့တွေ
နင့်အခန်းရှေ့မှာ လာရပ်ပြီး အေးခဲနေမိတဲ့နေ့တွေ
နင့်တစ်ယောက်အကြောင်းကလွဲပြီး
ဘာဆိုဘာမှ မသိတော့တာတွေ......
...................................
ငါ..အော်ငိုလိုက်ချင်တယ်..

တစ်နေ့တော့ အရဲစွန့်ပြီး
ငါသိပ်ချစ်တဲ့ အကြောင်း ပြောပြလိုက်တယ်..
ငါအဲဒိနေ့ကို တစ်ကယ်မမေ့ဘူး..
နင့်သူငယ်ချင်းတွေရှေ့မှာ ငါ့ကိုအော်တယ်
လူကြားထဲမှာ ခါးလေးထောက်ပြီး နင်ငါ့ကိုရန်တွေ့တယ်
နောက်ပြီးနင်ပြောခဲ့တယ်..
"ငါတက်တဲ့ ကျောင်းက ကွန်ပျူတာ တက္ကသိုလ်.. နင့်အဆင့်နဲ့တန်လို့လား "တဲ့
ငါရှက်လွန်းလို့ ပြေးထွက်ခဲ့တယ်..
ငါအရမ်းချစ်လွန်းလို့ပါ... ကောင်မလေးရယ်..
အရမ်းရက်စက်တယ်..
ငါ..အော်ငိုလိုက်ချင်တယ်...

.....................
နှစ်ပေါင်းများစွာကြာတာတောင်
နင့်ကိုပဲလွမ်းနေတုန်းပဲ
ကွန်ပျုတာ တက္ကသိုလ်က ကောင်မလေးရယ်
................................
ငါတစ်ကယ်အော်ငိုလိုက်ချင်တယ်.....

(သူငယ်ချင်း ကျော်ဇော ရဲ့သီချင်းလေးအား ခံစားရေးဖွဲ့ပါသည် )

6 comments:

မေမိုးမခ said... @ September 22, 2008 at 3:54 AM

အဲဒီအချစ်ကို လိုချင်လိုက်တာ။ အဲဒီတစ်ယောက်နဲ့ နေရာလဲလိုက်မယ်လေး ခေါင် မိတ်ဆက်ပေးပါလား။ ဟီးဟီး။ရှိနေတဲ့တစ်ယောက်ကို
မေ့ဖို့တော့ကြိုးစားနေတယ်။

လင်းဦး(စိတ်ပညာ) said... @ September 22, 2008 at 6:50 AM

ကောင်တယ်ဗျာ.. ကျွန်တော်လည်းအခု အော်ငိုချင်နေတာ။ တိုက်ဆိုင်လိုက်တာ .။

Unknown said... @ September 22, 2008 at 10:38 AM

မလုပ်လိုက်ပါနဲ့ မယ်ခေါင်ရယ်..
ညည်းအသံဆိုးကြီးနဲ့ အော်တော့မငိုလိုက်ပါနဲ့ ဟီးဟီး

Anonymous said... @ September 22, 2008 at 1:07 PM

အော်ငိုမယ် ငိုသာငိုပစ်လိုက်

ကောင်းတယ်နော် ..အားပေးနေတယ်

မခေါင်ရေ ဆက်သာရေးဗျိုး...ကျွန်တော်

လည်း အော်ငိုပစ်လိုက်ပီ

ဇင်ယော် said... @ September 22, 2008 at 1:08 PM

အမလေး အော်တော့မငိုလိုက်ပါနဲ့  မခေါင်ခေါင်ရယ် တော်ကြာရပ်ကွက်က မီးသတ်ကားလာတယ်ထင်ပြီး မီးလန့် နေဦးမယ်ဗျ။ ဟီးဟီး ငိုနဲ့  တိတ်တိတ်။ အယ် နှပ်တွေလည်း ထွက်လို့ ပါလား။ ရော့ရော့ သုပ်လိုက်ဦး။ ဟေဟေ့ အားရပါးရ စပြီးပြေးပြီ။

Kyaw Nyo Thway said... @ October 1, 2008 at 6:59 AM

ကောင်းတယ်ကွာ။
ကဗျာလေးက ရိုးသားတယ်။
အရမ်းကြိုက်မိတယ်။

Post a Comment

 

Lipsum

Followers