ခေါင်ခေါင်

ကမ္ဘာဖျက်မိုး..........

Published by ခေါင်ခေါင် under on Friday, September 12, 2008
အိန်ဂျယ်ရေ..........
ခဏလေးပဲ ဖြစ်ဖြစ် ငါ့အိမ်မက်တွေပြန်ကြည့်စမ်းပါ

ငါ့ကမ္ဘာမှာ..
မင်းအရိပ်တွေ ကြီးပဲ မြင်ရမယ်
ငါ့ကဗျာတွေထဲ...
ငါ့ရင်ထဲက အမှန်တရားတွေ မြင်ရမယ်

ဒီဘက်ကမ်းမှာ တစ်ယောက်ထဲ
အမုန်းပေါင်းများစွာရင်ဆိုင်ရင်း
ငါတို့ဝေးခဲ့ကြတဲ့ နေ့တွေကိုပဲ
လက်ချိုးရေနေမိတယ်..........

ဘယ်တော့ပြန်လာမှာလဲ.. အိန်ဂျယ်..

ငါ့မှာ..
လွမ်းရင်းတန်းလန်း..
ကြွေကျသွားတဲ့ ကြယ်တွေလိုပဲ
အလွမ်းမိုးတွေ.. မစဲခဲ့ဘူး..

မင်းအတွက်တော့..
ငါဟာ.. အမှိုက်တစ်စပါပဲ..
ဟော့ဒိလမ်းဟောင်းထဲ..
တစ်ဖွဲဖွဲ ကြွေကျလာတဲ့ သစ်ရွက်တွေ..
လေနှင်ရာ အလွင့်မှာ..စိတ်တွေ လိုက်ပါလွင့်လူးရင်း....
ငါခဏ ခဏ သစ်ရွက်စိတ်ပေါက်သွားတယ်..

ငါ့ရင်တွေရွှဲရွှဲစိုအောင်..
ခဏခဏ တော့မရွာပါနဲ့..
ဒီတစ်ခါ ဝေးကွာခြင်းက...
အိမ်မက်မဟုတ်မှန်းတော့ သိပါတယ်....

မင်းရဲ့ထွေးပွေ့မှုနဲ့မှ.
ရှင်သန်ခွင့်ရခဲ့တဲ့ .. ငါ့ဘ၀ပါ..
မင်းကလွဲ ရင် အရာရာ ကိုငါငြင်းတယ်....
မင်းကိုပြန်မြင်ခွင့်ရမဲ့ နေ့ကိုပဲ ငါစောင့်နေတယ်..

ကျေးဇူးပြုပြီး...
ငါ့ရင်ဘတ်ပေါ်.
ကမ္ဘာဖျက်မိုး မညိုလိုက်ပါနဲ့.
ကမ္ဘာဖျက်မိုး... မသဲလိုက်ပါနဲ့...........






1 comments:

Phyo Evergreen said... @ September 13, 2008 at 8:37 AM

မိုးတိမ်တွေမစုစည်းပါနဲ့ တိမ်လွှာ..
ဟိုးအမြင့်ကြီးကိုလည်း သယ်မသွားပါနဲ့.
ရေငွေ့တွေပါတဲ့ လေနုအေးတွေနဲ့လည်းပေးမတွေ့ပါနဲ့..

မိုးတိမ်တွေလွင့်မျောနေပါစေ..
မိုးတိမ်တွေမစုဝေးကြပါစေနဲ့..
လေနုအေးတွေဝေးလွင့်ပါစေ..
ကမ္ဘာဖျက်မိုး မရွာပါစေနဲ့တိမ်လွှာ...

Post a Comment

 

Lipsum

Followers