ခေါင်ခေါင်

Never Give Up,,,

Published by ခေါင်ခေါင် under on Sunday, August 03, 2008
မျှော်လင့်ချက်တွေ ရိတ်သိမ်းမခံရစေနဲ့
မိုးမခပင်အောက်က နွေဦးပွဲတော်အတွက်
မြင်းရိုင်းကို ဒုန်းစိုင်းလိုက်ပါတော့
ဟင်းလင်းပြင်ထဲက အနားစွန်းကိုပဲ
ယုံကြည်ချက်အပြည့်နဲ့ ဖက်တွယ်ထားပါ
ဒီလိုမှီခိုနေရင်းနဲ့..
တစ်နေ့မှာတော့ လွတ်မြောက်ကောင်းပါရဲ့
ဘယ်လိုပဲဖြစ်ဖြစ်လေ ...
ဓါးသွားတွေပြည့်နှက်နေရင်တောင်
ဒီလွင်ပြင်ကို မင်းဖြတ်ရမယ်....

မျှော်လင့်ချက်တွေ ရိတ်သိမ်းမခံရစေနဲ့
နှင်းဆီတွေရဲ့တိုက်ပွဲအတွက်
ယုံကြည်ချင်းဓါးကို ထုတ်လိုက်ပါတော့
ကောက်ရိုးတစ်မျှင်ပဲ ဖြစ်ဖြစ်
မလွတ်တမ်း ဆုပ်ကိုင်ထားပါ
ဒီလိုကူးခပ်နေရင်းနဲ့ ..
တစ်နေ့မှာလမ်းတွေ့ကောင်းပါရဲ့
ဘာတွေပဲဖြစ်ဖြစ်
မီးထဲမှာ လောင်ကျွမ်းတိုင်း....
" ဖီးနစ်" ငှက်ကို သတိရလိုက်ပါ......

0 comments:

Post a Comment

 

Lipsum

Followers