ခေါင်ခေါင်

မင်းနဲ့အနာဂတ်

Published by ခေါင်ခေါင် under on Sunday, July 20, 2008
ငါမှာ ချစ်ခြင်းပြတိုက် တစ်ခုရှိတယ်
မင်းမှာ ရင်တွင်းနန်းတော်တစ်ခု ရှိဖို့လိုတယ်
အနာဂါတ်မှာ
နေဆယ်စင်းကို ကောင်းကင်မှာ ချိတ်ဆွဲထားပါစေ
စမ်းရေအေးလဲ တစ်ထောင်းထောင်း ထပွက်နေပါစေ
ခြောက်သွေ့ရှုံ့တွနေတဲ့ နေလောင် တစ်သီးတစ်ချို့နဲ့
ပေါင်မုန့်ခြောက် အနည်းငယ်ပဲ ရှိပါစေ
ပါးလျတဲ့ လေထုကြောင့် ၀င်သက်ထွက်သက်
မညီမျှခြင်းများ ဖြစ်နေပါစေ
မင်းနဲ့ အတူတူဆိုတဲ့ အနာဂတ်ကို အရင်းတည်ပြီး
မွန်မြတ်သန့်ရှင်းတဲ့ အချစ်ရဲ့ တိုက်စားခြင်းကို ခံချင်တယ်
(သံသရာရဲ့ အဆုံးမရှိ မျဉ်းကွေးပေါ်မှာ
မင်းလက်ကိုတွဲ မတ်မတ်ရပ်ရင်းနဲ့ပေါ့……..)

0 comments:

Post a Comment

 

Lipsum

Followers