ခေါင်ခေါင်

အလွမ်း.........

Published by ခေါင်ခေါင် under on Thursday, July 31, 2008
စိတ်ထဲမှာ ရေးထားတဲ့ မင်းနာမည်
စိတ်ထဲမှာ မွှေးပျံ့နေတဲ့ မင်းရနံ့
စိတ်ထဲမှာ ပဲ့တင်ထပ်နေတဲ့ မင်းရယ်သံ
စိတ်ထဲမှာ ထပ်တူကျနေတဲ့ မင်းမျက်နှာ
ချစ်လွန်းလို့ .... မင်းကိုငါ မေ့ထားတယ်

ငါမရေးဖြစ်တဲ့ စာသားတွေလို မင်းစကားသံတွေ
ငါမအိပ်ဖြစ်တဲ့ ညတွေလို မင်းမနက်ခင်းတွေ
ငါမနမ်းရှိုက်ဖူးတဲ့ ပန်းပွင့်တွေလို မင်းပါးပြင်တွေ

ငါမသိခဲ့တဲ့ အပြောင်းအလဲတွေလို မင်းလျှိ့ဝှက်ချက်တွေ
ငါလွမ်းဆွတ်လွန်းတဲ့ နူးညံ့မှုတစ်ခုလို မင်းမေတ္တာတရားတွေ
တစ်ချိန်ချိန် ...... ငါမေ့လျောသွားမှာကိုပဲ စိုးရိမ်မိတယ်...

မင်းမျက်နှာလေး မမြင်ရတော့ကတည်းက
ငါ့မျက်လုံးကွယ် သလိုခံစားခဲ့ရတာ
မင်းစကားသံလေး မကြားရတော့ကတည်းက
ငါ့နားကန်းသွားသလိုခံစားခဲ့ရတာ
နောက်ဆုံးမှာ........
အချိန်အခါမဟုတ် ဘယ်ရွာလို့ရွာရမှန်းမသိတဲ့
မိုးတိမ်တွေ.. ပွေ့ပိုက်ထားတဲ့ ကောင်းကင်တစ်ခုပဲ
ငါ့အိမ်မက်ထဲမှာ....... ကျန်ခဲ့တယ်

2 comments:

သံလုံငယ် said... @ August 1, 2008 at 1:09 AM

ကောင်းတယ်ကွာ ... ဒီတစ်ခါပဲ ချီးကြွေး ဟုတ်ပါဘူး ချီးကျူးဘူးသေးတယ် ... ဟီဟိ တစ်ကယ် ကောင်းတယ် k မိုက်တယ် ။ မလိမ္မာဘူး .... သေမှာပဲ နားလည်းကန်း မျက်စိလည်း ကန်းနဲ့ တစ်ခုပဲ ကျန်တော့ တယ် ။ ဒုက္ခိတ ဖြစ်ဖို့ ပြောပါတယ် ... ။ :P

ဖြိုးငယ် said... @ August 2, 2008 at 7:57 AM

မိုက်တယ်ဗျို့ ..မလိမ္မာဘူး... နောက်ဆုံးအပိုဒ်လေးက အမိဆုံးပဲ

Post a Comment

 

Lipsum

Followers