ခေါင်ခေါင်

လမင်းနှင့် ညှိနှိုင်းခြင်း....

Published by ခေါင်ခေါင် under on Tuesday, July 29, 2008
မင်းရဲ့အလင်းတန်းတစ်ချို့အဖြစ်
ပါဝင်ခွင့်ပြုပါ.......
လမင်းကြီး ရေ........
ငါချစ်တဲ့ (သူ) ငွေရောင်အလင်းတန်းမှာ
အေးမြပျော်ရွှင်စေဖို့
ငါဟာအပြာရောင်မီးတောက်
မဟုတ်မှန်း (သူ) သိစေဖို့
(သူ) နဲ့ ....
(သူ့)ပတ်ဝန်းကျင်အမှောင်ထုကို
ဖြိုခွင်းနိုင်ဖို့...မင်းရဲ့အလင်းတန်းတစ်ချို့အဖြစ်
ပါဝင်ခွင့်ပြုပါ...လမင်းကြီး..
မင်းဟာ..
တစ်ချို့ရက်တွေမှာ..
တစ်ခြားဘက်ကို..ထွက်သွားခဲ့တယ်
မျှတတဲ့စိတ်နဲ့.
အရာအားလုံးကို..
ထွန်းလင်းစေခဲ့တယ်..

ငါတို့ရဲ့ရပ်ကွက်လေးပေါ်
အပါယ်ခံရေပုတ်မြောင်းလေးပေါ်
တောတောင်ထဲကရေကြည်ချောင်းလေးပေါ်
သဲကန္တာရနဲ့မြက်ခင်းစိမ်းစိမ်းတွေပေါ်
မင်းကိုဂရုမစိုက်တတ်တဲ့မြို့ပြရဲ့ညအပေါ်မှာပါ
ရောင်စဉ်တွေဖြာလင်းခဲ့တယ်..

ခွဲခြားစိတ်မရှိတဲ့ လမင်းကြီးရေ...
အတ္တစိတ်ရှိတဲ့ ငါကတော့...
အလင်းတန်းအားလုံးကို
သူ့အပေါ်ပဲ..ထွန်းလင်းတောက်ပစွာ
စေလွှတ်ခဲ့တယ်....

တိမ်ကွယ်ခဲ့ရင်မင်းခဏပျောက်ကွယ်ပေမယ့်
ငါ့ရဲ့မြတ်နိုးမှုအလင်းတန်းကတော့..
အရာအားလုံးကို..ဖောက်ထွင်းသွားနိုင်ခဲ့တယ်
နေမင်းအတွက်..မင်းနေရာပေးရပေမယ့်...
ငါကတော့ သူ့နှလုံးသားကမ္ဘာမှာ
တစ်စင်းတည်းသော....လမင်းဖြစ်ချင်တယ်.....

မင်းကမ္ဘာကြီးအပေါ်သစ္စာရှိခဲ့တာကြာပြီလား...
ဆက်ပြီးသစ္စာရှိနေမယ်လို့ယုံကြည်ပါတယ်...
မင်းချစ်တဲ့ကမ္ဘာကြီးနဲ့..
ငါချစ်တဲ့(သူ)....
အမြဲတောက်ပပျော်ရွှင်စေဖို့
မင်းတည်ရှိနေသမျှ....ငါလည်း...
မင်းရဲ့အလင်းတန်းတစ်ချို့အဖြစ်..
ပါဝင်ခွင့်ပြုပါ....လမင်းကြီး................

1 comments:

တင့်ထူးရွှေ said... @ September 28, 2008 at 12:43 PM

ပထမဆုံးလက်ရာ ကဗျာဆိုပေမယ့် ကောင်းလွန်းပါတယ်ဗျာ :)

Post a Comment

 

Lipsum

Followers