ခေါင်ခေါင်

နာမည်ကြီး တံဆိပ်

Published by ခေါင်ခေါင် under on Tuesday, July 22, 2008
လူတစ်ယောက်အတွက် ဘယ်အရာက အသုံးလှပြီး အကြည့်ခံတဲ့ နာမည်ကြီး တံဆိပ်လဲတဲ့.....
နာမည်ကြီး Chanel ရဲ့အင်္ကျီလား၊ Pierre Cardin ရဲ့ဘောင်းဘီလား၊ Gucci ရဲ့ဝီစကုတ်လား၊ Hermes ရဲ့ မာဖလာလား၊ Fendi ရဲ့ ဖိနပ်လား.....

ဒီပုံပြင်ကို လူတိုင်းကြားဖူးမှာပါ... တစ်ခါက အမေရိကန်သမတ္တ လင်ကွန်းဟာ သူ့ဆီမှာ တာဝန်လာထမ်း ဆောင်မယ့် လူတစ်ဦးကို အင်တာဗျူးခဲ့တယ်။ အင်တာဗျူးပြီး အလုပ် မခန့်ခဲ့ပါဘူး။ လက်အောက် တစ်ယောက်က အလုပ်မခန့်တဲ့ အကြောင်းရင်းကို မေးတော့ လင်ကွန်းက “သူ့ရုပ်ကို ငါမကြိုက်လို့” လို့ ပြန်ဖြေခဲ့တယ်။ မေးတဲ့လူက “ မွေးရာပါ ရုပ်မလှတာ သူ့အမှားလား” လို့ ပြန်မေးခဲ့တယ်။ လင်ကွန်းက “ အနှစ်(၄၀) မတိုင်ခင် လူတစ်ယောက်ရဲ့ ရုပ်ရည်ဟာ မိဘတွေကပေးခဲ့တာ... အနှစ်(၄၀)နောက်ပိုင်းရဲ့ ရုပ်ရည်ဟာ ကိုယ့်ကိုယ်တိုင်က ပေးတာ... လူတစ်ယောက်ဟာ အနှစ်(၄၀) နောက်ပိုင်းမှာ ကိုယ့်ရုပ်ရှည်ကိုကိုယ်တာဝန်ယူနိုင်ရမယ်”


လူအများစုက အချိန်ကုန်ခံပြီး ဈေးဝယ်ထွက်ကြတယ်။ ငွေကြေးတွေ အကုန်အကျခံပြီး နာမည်ကြီးတံဆိပ် အ၀တ်အစားတွေကို ၀ယ်ပြီး ကိုယ်ပေါ်မှာ တန်ဆာဆင်ကြတယ်။ ဒါပေမယ့် တစ်ခါတလေမှာ အကျင့်စရိုက်နဲ့ စိတ်ဓာတ်တွေကို တန်ဆာဆင်ဖို့ မေ့နေတတ်ကြတယ်။ တစ်နည်းပြောရရင် လူတစ်ယောက်ရဲ့ ပြည့်ဝတဲ့ စိတ်နေ သဘောထားနဲ့ ကောင်းမြတ်တဲ့ အကျင့်စရိုက်ဟာ အကြည့်ခံတဲ့ အကောင်းဆုံး နာမည်ကြီး တံဆိပ်ဖြစ်တယ်။

စိတ်သဘောထား ပြည့်ဝတဲ့လူဟာ Chanel, Pierre Cardin, Gucci...တွေထက် ပိုလှ၊ ပိုအကြည့်ခံပါတယ်။ စိတ်သဘောထားပြည့်ဝအောင် လုပ်ဖို့ရာ ငွေကုန်ကြေးကျ ခံနေစရာ မလိုပါဘူး။ ကိုယ့်ရဲ့ ဒေါသကို ထိန်းမယ်။ မကောင်းတဲ့ အကျင့်တွေကို ပြုပြင်မယ်။ သန့်ရှင်းတဲ့ အတွေးတွေ တွေးမယ်။ တကယ်တော့ လူအများရဲ့ ကြည်ညိုလေးစားမှုကို အဖိုးတန် အ၀တ်အစား ၀တ်ထားမှ ရတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အပြုအမူနဲ့ စိတ်နေ သဘောထားပဲဖြစ်တယ်။

အရှင်းဆုံးဥပမာတစ်ခုပေးရရင်တော့....................................
စိန်တွေ ပြိုးပြိုးပြက်ပြက် ၀တ်ထားတိုင်း လူတွေရဲ့ အချီးကျူးနဲ့ လေးစားမှုကို မခံရပါဘူး။

share from my fri,,,,,,,

0 comments:

Post a Comment

 

Lipsum

Followers