ခေါင်ခေါင်

အလွမ်းညနေ

Published by ခေါင်ခေါင် under on Sunday, July 20, 2008
ခါတိုင်းလိုဘဲ
အလွမ်းတွေ အပြည့်နဲ့ပြန်လာခဲ့တယ်
မြို့ပြရဲ့ညနေမှာအလွမ်းတွေပြန်သန်းသွားဖို့
ထွက်ပေါက်မရှိခဲ့ဘူး
ဘာဘဲဖြစ်ဖြစ်
မြူတွေပျောက်သွားခဲ့ရင်တော့
ကောင်းကင်ပြာတွေ့ရမယ်ဆိုတဲ့
မျှော်လင့်ချက်နဲ့ အသက်ရှင်နေတဲ့သူ
လက်တစ်ခုပ်စာ အိမ်မက်လေးနဲ့
ရွှေရောင်အနာဂတ်ကိုမှ မျှော်လင့်နေတဲ့သူ
အနီရင့်ရင့်နှလုံးသားထဲမှာ
အပြာရောင်နေဲ့ များစွာရှင်သန်နေတဲ့သူ
အဆုံးမဲ့ ချစ်ခြင်းတွေအတွက်
နောင်တလုံးဝမရတဲ့သူ
သစ္စာနယ်မြေကထွက်ပြေးဖို့
ဘယ်တော့မှ မကြံစည်တတ်သူ
အဲဒီ....ငါ့ရဲ့....ရင်ဘတ်ထဲက
မင်းထင်တာထက် အဆများစွာပိုတဲ့
အချစ်တွေကို
မင်းနားလည်အောင်ပြောပြချင်ပေမယ့်
ဒီနေ့လည်း......
အလွမ်းတွေ အပြည့်နဲ့ပြန်လာခဲ့တယ်.....

0 comments:

Post a Comment

 

Lipsum

Followers