ခေါင်ခေါင်

အလွမ်း.........

Published by ခေါင်ခေါင် under on Thursday, July 31, 2008
စိတ်ထဲမှာ ရေးထားတဲ့ မင်းနာမည်
စိတ်ထဲမှာ မွှေးပျံ့နေတဲ့ မင်းရနံ့
စိတ်ထဲမှာ ပဲ့တင်ထပ်နေတဲ့ မင်းရယ်သံ
စိတ်ထဲမှာ ထပ်တူကျနေတဲ့ မင်းမျက်နှာ
ချစ်လွန်းလို့ .... မင်းကိုငါ မေ့ထားတယ်

ငါမရေးဖြစ်တဲ့ စာသားတွေလို မင်းစကားသံတွေ
ငါမအိပ်ဖြစ်တဲ့ ညတွေလို မင်းမနက်ခင်းတွေ
ငါမနမ်းရှိုက်ဖူးတဲ့ ပန်းပွင့်တွေလို မင်းပါးပြင်တွေ

ငါမသိခဲ့တဲ့ အပြောင်းအလဲတွေလို မင်းလျှိ့ဝှက်ချက်တွေ
ငါလွမ်းဆွတ်လွန်းတဲ့ နူးညံ့မှုတစ်ခုလို မင်းမေတ္တာတရားတွေ
တစ်ချိန်ချိန် ...... ငါမေ့လျောသွားမှာကိုပဲ စိုးရိမ်မိတယ်...

မင်းမျက်နှာလေး မမြင်ရတော့ကတည်းက
ငါ့မျက်လုံးကွယ် သလိုခံစားခဲ့ရတာ
မင်းစကားသံလေး မကြားရတော့ကတည်းက
ငါ့နားကန်းသွားသလိုခံစားခဲ့ရတာ
နောက်ဆုံးမှာ........
အချိန်အခါမဟုတ် ဘယ်ရွာလို့ရွာရမှန်းမသိတဲ့
မိုးတိမ်တွေ.. ပွေ့ပိုက်ထားတဲ့ ကောင်းကင်တစ်ခုပဲ
ငါ့အိမ်မက်ထဲမှာ....... ကျန်ခဲ့တယ်

လမင်းနှင့် ညှိနှိုင်းခြင်း....

Published by ခေါင်ခေါင် under on Tuesday, July 29, 2008
မင်းရဲ့အလင်းတန်းတစ်ချို့အဖြစ်
ပါဝင်ခွင့်ပြုပါ.......
လမင်းကြီး ရေ........
ငါချစ်တဲ့ (သူ) ငွေရောင်အလင်းတန်းမှာ
အေးမြပျော်ရွှင်စေဖို့
ငါဟာအပြာရောင်မီးတောက်
မဟုတ်မှန်း (သူ) သိစေဖို့
(သူ) နဲ့ ....
(သူ့)ပတ်ဝန်းကျင်အမှောင်ထုကို
ဖြိုခွင်းနိုင်ဖို့...မင်းရဲ့အလင်းတန်းတစ်ချို့အဖြစ်
ပါဝင်ခွင့်ပြုပါ...လမင်းကြီး..
မင်းဟာ..
တစ်ချို့ရက်တွေမှာ..
တစ်ခြားဘက်ကို..ထွက်သွားခဲ့တယ်
မျှတတဲ့စိတ်နဲ့.
အရာအားလုံးကို..
ထွန်းလင်းစေခဲ့တယ်..

ငါတို့ရဲ့ရပ်ကွက်လေးပေါ်
အပါယ်ခံရေပုတ်မြောင်းလေးပေါ်
တောတောင်ထဲကရေကြည်ချောင်းလေးပေါ်
သဲကန္တာရနဲ့မြက်ခင်းစိမ်းစိမ်းတွေပေါ်
မင်းကိုဂရုမစိုက်တတ်တဲ့မြို့ပြရဲ့ညအပေါ်မှာပါ
ရောင်စဉ်တွေဖြာလင်းခဲ့တယ်..

ခွဲခြားစိတ်မရှိတဲ့ လမင်းကြီးရေ...
အတ္တစိတ်ရှိတဲ့ ငါကတော့...
အလင်းတန်းအားလုံးကို
သူ့အပေါ်ပဲ..ထွန်းလင်းတောက်ပစွာ
စေလွှတ်ခဲ့တယ်....

တိမ်ကွယ်ခဲ့ရင်မင်းခဏပျောက်ကွယ်ပေမယ့်
ငါ့ရဲ့မြတ်နိုးမှုအလင်းတန်းကတော့..
အရာအားလုံးကို..ဖောက်ထွင်းသွားနိုင်ခဲ့တယ်
နေမင်းအတွက်..မင်းနေရာပေးရပေမယ့်...
ငါကတော့ သူ့နှလုံးသားကမ္ဘာမှာ
တစ်စင်းတည်းသော....လမင်းဖြစ်ချင်တယ်.....

မင်းကမ္ဘာကြီးအပေါ်သစ္စာရှိခဲ့တာကြာပြီလား...
ဆက်ပြီးသစ္စာရှိနေမယ်လို့ယုံကြည်ပါတယ်...
မင်းချစ်တဲ့ကမ္ဘာကြီးနဲ့..
ငါချစ်တဲ့(သူ)....
အမြဲတောက်ပပျော်ရွှင်စေဖို့
မင်းတည်ရှိနေသမျှ....ငါလည်း...
မင်းရဲ့အလင်းတန်းတစ်ချို့အဖြစ်..
ပါဝင်ခွင့်ပြုပါ....လမင်းကြီး................

အိန်ဂျယ်.....သို့

Published by ခေါင်ခေါင် under on Sunday, July 27, 2008
အဝေးတိမ်မှာ......မင်းငိုနေတာ ငါကြားတယ်။ ဘာကြောင့်လာမချော့တာလဲလို့မေးလာမယ့် မေးခွန်းကို ငါမဖြေပါရစေနဲ့။ နန်းတော်ရဲ့ တံခါးဝမှာ

ဒဏ်ရာတွေ ဗရပွနဲ့ ငါဝင်မလာရဲဘူးလေ။ မာသာထရီစာလို ခမ်းနားတဲ့မေတ္တာရိပ်အောက်မှာ ငါဆိုတာ သေမိန့်ကျနေတဲ့ အကျဉ်းသားပဲ

ဖြစ်သင့်ပါတယ်။ မင်းရေးထိုးခဲ့မယ့်ကမ္ဗည်းအတွက် "ငါပေးဆပ်ခဲ့တယ်ဆိုတဲ့ " သမိုင်းစာတစ်ကြောင်းမှမရှိလေတော့ အရိပ်တွေ မဲ့နေတဲ့ သစ်တစ်ပင်

လို ငါ့ကိုယ်ငါ ထုဆစ်မိတယ်။တိမ်တွေကို ကြည့်ရင်း မွန်းကျပ်လာတယ်။ မကြာခင် ပြိုတော့မယ့် မိုးသားတွေထဲမှာ အနာဂတ် တစ်ခုခုများ လွင့်ပါသွားဦးမှာလား ။ တစ်ကယ်တော့

ကောင်းကင်ဟာ ကောင်းကင်ပဲဆိုတာ သိတော့သိနေခဲ့ပါတယ်။ငှက်တစ်ကောင် စွန်တစ်စွန်ရဲ့ဘ၀ တစ်ခါတစ်လေတော့ ငါရခဲ့ချင်ရဲ့။

အိုင်စတိုင်းတော့ မဖြစ်နိုင်တော့ဘူး။ ငိုသံတွေ ခေါ်ဆောင်လာမယ့် အိန်ဂျယ်ရဲ့ မျက်ရည်တွေသာ ငါနေ့စဉ်ရက်ဆက် မက်နေတဲ့

အိမ်မက်တွေဖြစ်နေတော့တယ်။

သေချာတယ်လို့ထင်ရတဲ့ အနာဂတ်တွေ အတွက် ကန္တာရ နှလုံးသားရဲ့မြတ်နိုးချင်စရာ ဆောင်းဥတု သေးသေးလေး အတွက် .. ငါ ရူးမိတယ်

အိန်ဂျယ်.....ငါရူးမိပါတယ်။ ငါဟာ အမှောင်ထဲမှာ ရှင်သန်ခဲ့သူဖြစ်လို့ အလင်းတွေကို မင်းနားလည်ပေးလိုက်ပါ ..။အိန်ဂျယ်ရေ...... ဒါတွေတစ်ကယ်

ပြီးဆုံးခဲ့ပြီလား..။အခြေအနေအားလုံးအတွက် မျှော်လင့်ခြင်းပန်းတိုင် ၊ ဒါမှမဟုတ် .. အလံများစွာကိုင်ဆောင်ထားမယ့် မင်းရဲ့လက်တွေဟာ

အရမ်းခမ်းနားနေလိမ့်မယ်ဆိုတာ... ချွင်းချက်မရှိပါဘူး..။မင်းရဲ့လက်တစ်ဘက်မှာ အသွားထက်ထက် ဓါးတစ်လက် ကိုင်စွဲထားပါ။

ကျန်တဲ့လက်တစ်ဘက်စာ အတွက်တော့ ငါပျိုးထောင်ခဲ့တဲ့ဥယျာဉ်ထဲက နှင်းဆီတစ်ပွင့်ပေးလိုက်ပါရစေ။

အိန်ဂျယ်ရေ......ညများစွာရဲ့ အရှင်သခင်အဖြစ် မင်းကို လောကကြီးက ကောင်းချီးပေးကြမှာပါ ။ ငါတိတ်တဆိတ် ပြုံးဖြစ်ခဲ့သေးတယ်...

(ကျေနပ်စွာနဲ့ပါ )

ဆက်သွယ်ချက်များ

Published by ခေါင်ခေါင် under on Sunday, July 27, 2008
ပင်လယ်လိုဟန်ဆောင်ထားတဲ့မိုးတိမ်တွေ..။တစ်ဝုန်ဝုန်း ရိုက်ခတ် ပဲ့တင်ထပ်ဝေစည် (အသံတော့မမြည်ဘူးပေါ့)။ မကြာမီရွာချမည်ဆိုတာတော့ သိနေခဲ့ ။ မစို့မပို့ အလှပြင်ထားတဲ့ အလင်းနှစ်ကောင်းကင် ။ချင်ခြင်းတပ် အိမ်မက်တွေနဲ့လွမ်း ...။
လွမ်းချင်ဦး............လွမ်းချင်ဦး ။ ရေရွတ်သံမူးမူး ။ အမှောင်လမ်းကို ရွေးလျှေက်ချင်ခဲ့ရဲ့ ။ အခါလည်သား လမင်းလည်း လမ်း မလျှောက်တတ်ခဲ့ ။ ကြယ်တွေကိုလည်း အဖေါ်အဖြစ်ခေါ် မအိပ်တတ်ခဲ့ ။သူချည်းသက်သက် အထီးကျန်ပြီးနေတဲ့ညဟာ သူချထားတဲ့ အမှောင်ထဲမှာပဲ ဘာသာပြန်ပျောက်နေပြန်ရော..။ တစ်ရှပ်ရှပ် သစ်ရွက်ကြွေသံ....။ အဝေးက နာရီသံချောင်းခေါက်သံ...။ခပ်ဝေးဝေးက ခွေးဟောင်သံ...။


သန်းခေါင်ယံ ရထား က ဥသြသံရှည်ဆွဲ ။ ရောက်ချင်သေးတယ်.....မျှော်လင့်ချင်သေးတယ် ။အလင်းရှိမယ့် မနက်ဖန်...။ အလင်းရှိမယ့်အာရုဏ်ဟာ ဘူတာစဉ် တစ်ခုလို ရပ်စောင့်နေ...။မ၀ံ့မရဲစိတ်ရဲ့ ထောင့်စွန်းခပ်ကျကျ..။ ဝေ့၀ဲမှုန်ရီ..။ မျှော်လင့်ရာ လမ်းကလေး မရောက်ခင်..... မရောက်ခင်...။ လက်မပြနဲ့ဦး..။ နှုတ်မဆက်နဲ့ဦး..။ ငါတို့ဆီက ကြယ်ရောင်လ၀န်း အလင်းတန်းတွေ သိမ်းနှုတ်မခံနဲ့ဦး..။ မရောက်တတ်သေးတဲ့ ဥယျာဉ်စိမ်းထဲက လေသေတွေ ၀ဲလည်ပြိုစင်း ကျမလာစေနဲဦး....။ရင်လွင့်တောင်ပံတွေ မကျိုးပဲ့စေနဲ့ဦး..။အမှန်တရားကို မျိုချပြီး အငိုက်မိမခံနဲ့ဦး...။သဘာဝမကျတဲ့ ဖြစ်ရိုးဖြစ်စဉ်တွေကို ခေါက်ရိုးချိုးထားလိုက်ဦး..။ တစ်စုံတစ်ရာ မြတ်နိုးခြင်းကို သိုဝှက်..။ အဲဒီသိုဝှက်ခြင်း ကိုပဲမြတ်နိုးနေလိုက်ဦး...။
ပြီးရင်....... ဘယ်ဘက်ရင်အုံအစွန်းမှာ..... အနီရဲရဲ နှင်းဆီတစ်ပွင့်ကို ထိုးစိုက် ..။ နောက်ထပ် မေ့ချင်ယောင်ဆောင်လို့မရတဲ့ သတိတရတွေနဲ့ အကျီ ခပ်ပါးပါးလေးတစ်ထည်ကို အတ္တကြီးကြီးနဲ့ ငါတို့ သီချုပ်ကြစို့ (ဒဏ်ရာတစ်ချို့ အနည်းအကျဉ်းတော့ ပါကောင်းပါမယ်)။ ရေရွတ်သံမူးမူး ။ လွမ်းချင်ဦး.......လွမ်းချင်ဦး.။ .... ချင်ခြင်းတပ်အိမ်မက်တွေနဲ့လွမ်း.....။အလင်းနှစ်ကောင်းကင် အလှပြင်ထားဆဲ...။မကြာမီ ရွာချမယ်ဆို တာတော့သိနေခဲ့...(အသံတော့ မမည်ခဲ့..)။ ဖြေးညှင်းရိုက်ခတ် ပဲ့တင်ဝေစည်..။ ပင်လယ်လိုငြိမ်ချက်သားကောင်းနေတဲ့ မိုးတိမ်တွေ...........။



who dare to talk

Published by ခေါင်ခေါင် under on Saturday, July 26, 2008
ယောက်ျားကြီးတစ်ယောက် လမ်းလျှောက်လာသည်။ လမ်းကိုဖြတ်ကူးသည်။လမ်းလယ်ခေါင်တွင် 'ချယ်ကိုရီဂျစ်ကားတစ်စီး တံခါးများ ပွင့်လျှက်ရပ်ထားသည်ကို တွေ့ရသည်။ ကားအနားတွင် အတိုက်ခံရသော လမ်းဖြတ်ကူးသူ၏ အလောင်းရှိနေသည်။ မနီးမဝေးတွင်ရဲကားနှင့် ရဲတစ်ဦးရပ်နေသည်။ ဗိုလ်မှူးအဆင့်ရှိသူက ယောက်ျားကြီးကို လက်ယက်လှမ်းခေါ်လိုက်ပြီး ပြောသည်။
"ကျွန်တော့်နာမည် ဗိုလ်မှူးဒိုကိုနားယက်ပါ။ မိတ်ဆွေရဲ့မှတ်ပုံတင်ကတ်ပြားကိုကြည့်ပါရစေ။"
ယောက်ျားကြီး အိတ်ထဲက မှတ်ပုံတင်ကတ်ပြားကိုထုတ်ပြသည်။
"ဟုတ်ပြီး မစ္စတာအီဗန်နော့၊ စစ်ချက်ယူဖို့ အတွက်မေးတာကိုဖြေပါ။ ရဲကြပ်ပီထရော့ကရေးပါလိမ့်မယ်၊ လမ်းဖြတ်ကူးသူကို ခင်ဗျား ဘာဖြစ်လို့  ကားနဲ့တိုက်ရတာလဲ"
"ကျွန်တော်ဘယ်သူ့ကိုမှမတိုက်ဘူး၊ ဒါကျွန်တော့်ကား မဟုတ်ဘူး။"


"ပီထရော့ ရေးစမ်း၊ အပြစ်ကိုဝန်မခံ၊ ကားကခိုးလာတဲ့ကားလို့ "
"မဟုတ်တာပဲ ကျွန်တော်ကားမမောင်းတတ်ဘူး၊ ကားလိုင်စင်ဲလဲမရှိဘူး"
" ပီထရော့ဆက်ရေး၊ ကားမမောင်းတတ်ဘဲ၊ ကားမောင်းလိုင်စင်မရှိဘဲ၊ မောင်းလာတယ်လို့ ရေး၊ ဒါနဲ့ ခင်ဗျားပါးစပ်က အရက်နံ့ရသလိုဘဲ"
"မဖြစ်နိုင်တာ မပြောစမ်းပါနဲ့ဗျာ၊ ကျုပ်ဘီယာပဲသောက်လာတာ"
"ပီထရော့ဆက်ရေး၊ အရက်မူးပြီး ကားမောင်းလာတယ်လို့"
"ဘာလဲ ခင်ဗျားတို့နှစ်ယောက် ခေါင်းမှကောင်းကြရဲ့လား၊ ကျွန်တော့မှာ အလီဘိုင်ရှိတယ်ဗျ၊ အခင်းဖြစ်ပွားတဲ့အချိန်မှာ ကျွန်တော်မယားငယ်ဆီ ရောက်နေတယ်ဗျ"
"ပီထရော့ဆက်ရေး၊လင်ရှိမိန်းမကို မတရားကျင့်ခဲ့ကြောင်း ၀န်ခံတယ်လို့ ။"
"ဟေ့လူတွေ၊ခင်ဗျားတို့လိုအရူးတွေနဲ့ ကျုပ်ဘာမှစကားဆက်ပြောစရာမရှိဘူး။ ဒါပဲ၊ သွားမယ်။"
ယောက်ျားကြီး လှည့်ထွက်ချိန်မရလိုက်ချေ။ နံပါတ်တုတ်နှင့်အရိုက်ခံလိုက်ရသဖြင့် နေရာတွင်ပင် ခွေခွေလေးလဲကျသွားသည်။
ရဲမှူးက ဌင်းကို လက်ထိတ်ခပ်လိုက်ပြီးရဲကြပ်ကိုပြောသည်။

"ဆုံးအောင်ဆက်ရေးစမ်း ပီထရော့။ အသာတကြည်အဖမ်းမခံပဲ ပြန်လည်ရန်မူသဖြင့် အင်အားသုံးဖမ်းဆီးခဲ့ရသည်လို့။
အေး. . . . ဒါနဲ့ဒီနေ့ ပဲ မင်းရဲချုပ်ကိုသွားပြီး ရုံးအဖွဲ့ဆီမှာ နာမည်ကြီးလူဆိုးတစ်ယောက်ကို ဖမ်းမိကြောင်း မှတ်တမ်းတင်စာရင်း သွင်းလိုက်၊ ကြားလား၊ အခု ရာဇ၀တ်မှုကြီးတွေကို တစ်ခုမှ ရဲကမဖေါ်ထုတ်နိုင်ဘူးလို့ ပြောရဲတဲ့ အကောင်ပြောကြည့်စမ်းပစေ၊ ဟင်း"



နာမည်ကြီး တံဆိပ်

Published by ခေါင်ခေါင် under on Tuesday, July 22, 2008
လူတစ်ယောက်အတွက် ဘယ်အရာက အသုံးလှပြီး အကြည့်ခံတဲ့ နာမည်ကြီး တံဆိပ်လဲတဲ့.....
နာမည်ကြီး Chanel ရဲ့အင်္ကျီလား၊ Pierre Cardin ရဲ့ဘောင်းဘီလား၊ Gucci ရဲ့ဝီစကုတ်လား၊ Hermes ရဲ့ မာဖလာလား၊ Fendi ရဲ့ ဖိနပ်လား.....

ဒီပုံပြင်ကို လူတိုင်းကြားဖူးမှာပါ... တစ်ခါက အမေရိကန်သမတ္တ လင်ကွန်းဟာ သူ့ဆီမှာ တာဝန်လာထမ်း ဆောင်မယ့် လူတစ်ဦးကို အင်တာဗျူးခဲ့တယ်။ အင်တာဗျူးပြီး အလုပ် မခန့်ခဲ့ပါဘူး။ လက်အောက် တစ်ယောက်က အလုပ်မခန့်တဲ့ အကြောင်းရင်းကို မေးတော့ လင်ကွန်းက “သူ့ရုပ်ကို ငါမကြိုက်လို့” လို့ ပြန်ဖြေခဲ့တယ်။ မေးတဲ့လူက “ မွေးရာပါ ရုပ်မလှတာ သူ့အမှားလား” လို့ ပြန်မေးခဲ့တယ်။ လင်ကွန်းက “ အနှစ်(၄၀) မတိုင်ခင် လူတစ်ယောက်ရဲ့ ရုပ်ရည်ဟာ မိဘတွေကပေးခဲ့တာ... အနှစ်(၄၀)နောက်ပိုင်းရဲ့ ရုပ်ရည်ဟာ ကိုယ့်ကိုယ်တိုင်က ပေးတာ... လူတစ်ယောက်ဟာ အနှစ်(၄၀) နောက်ပိုင်းမှာ ကိုယ့်ရုပ်ရှည်ကိုကိုယ်တာဝန်ယူနိုင်ရမယ်”


လူအများစုက အချိန်ကုန်ခံပြီး ဈေးဝယ်ထွက်ကြတယ်။ ငွေကြေးတွေ အကုန်အကျခံပြီး နာမည်ကြီးတံဆိပ် အ၀တ်အစားတွေကို ၀ယ်ပြီး ကိုယ်ပေါ်မှာ တန်ဆာဆင်ကြတယ်။ ဒါပေမယ့် တစ်ခါတလေမှာ အကျင့်စရိုက်နဲ့ စိတ်ဓာတ်တွေကို တန်ဆာဆင်ဖို့ မေ့နေတတ်ကြတယ်။ တစ်နည်းပြောရရင် လူတစ်ယောက်ရဲ့ ပြည့်ဝတဲ့ စိတ်နေ သဘောထားနဲ့ ကောင်းမြတ်တဲ့ အကျင့်စရိုက်ဟာ အကြည့်ခံတဲ့ အကောင်းဆုံး နာမည်ကြီး တံဆိပ်ဖြစ်တယ်။

စိတ်သဘောထား ပြည့်ဝတဲ့လူဟာ Chanel, Pierre Cardin, Gucci...တွေထက် ပိုလှ၊ ပိုအကြည့်ခံပါတယ်။ စိတ်သဘောထားပြည့်ဝအောင် လုပ်ဖို့ရာ ငွေကုန်ကြေးကျ ခံနေစရာ မလိုပါဘူး။ ကိုယ့်ရဲ့ ဒေါသကို ထိန်းမယ်။ မကောင်းတဲ့ အကျင့်တွေကို ပြုပြင်မယ်။ သန့်ရှင်းတဲ့ အတွေးတွေ တွေးမယ်။ တကယ်တော့ လူအများရဲ့ ကြည်ညိုလေးစားမှုကို အဖိုးတန် အ၀တ်အစား ၀တ်ထားမှ ရတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အပြုအမူနဲ့ စိတ်နေ သဘောထားပဲဖြစ်တယ်။

အရှင်းဆုံးဥပမာတစ်ခုပေးရရင်တော့....................................
စိန်တွေ ပြိုးပြိုးပြက်ပြက် ၀တ်ထားတိုင်း လူတွေရဲ့ အချီးကျူးနဲ့ လေးစားမှုကို မခံရပါဘူး။

share from my fri,,,,,,,

Confident Tricks

Published by ခေါင်ခေါင် under on Monday, July 21, 2008
Body image is a very important part of gaining confident becausse it's the first thing confidence because that people notice when they meet you. Here are a few basic,but very important starting hints.

Do smile-if you look friendly,people will feel much more inclined to come up and talk to you.If you look timid,they're more likely to leave you to yourself.
Do stand up straight-this makes you look a lot more confident.People are much more interested in and attracted to confident types.
Don't sit with your arms crossed unconsciously,people interpret crossed arms as a sing to keep away and so are more as a sign to keep away and so are more likely to steer clear of you.


Do make eye contact with people-if you're a party ,for example ,and you stare at your feet all night, no one will feel they have an invitation to come and say Hello!
It's worth remembering that even the most fearless of your friends feel self-conscious among a crowd of strangers.If you ask them you'll probably be surprised to hear that they get through it by making themselves appear confident.That means talking a deep breath,smiling and looking approachable.
The first step is always the hardest , and if you get through the initial stage of meeting people you'll definitely survive the rest.They key is to appear confident even if you feel like you're dying of embarrassment inside.Helpful tips include concentrating on what the person is taking about rather than how nervous you are and not fidgeting when you talk to someone.

from Teacher Maw( Y.E.S), for my dearest sis,,YP, who scare to make presentation,,,,:)

အောင်ဆန်းပေးတဲ့ မြန်မာပြည်။

Published by ခေါင်ခေါင် under on Monday, July 21, 2008
အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။


ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။

လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
- ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။

ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို
ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိတရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ် -
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလိုအောင်ဆန်း
သူ့ သွေးသားအရိုးအချဉ်တွေအားလုံး
လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ - ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ - ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
- ငါတို့ စွန့်ပါရစေ - ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။

တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။

ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။

ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့

ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်...။

- မမေ့နဲ့
မင်းတို့
ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ

ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့ သားကျရင်လဲ သူ့ အဘေးနဲ့
ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။

(ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ။ ရေးသားသူ - icy)။


Losing the "US"

Published by ခေါင်ခေါင် under on Monday, July 21, 2008
When an emotional injury takes place,
the body begins a process
as naltural as the healing
of a physical wound.

Let the process happen.
Trust that nature
will do the healing.

Know that the pain will pass,
and, when it passes,
you will be stronger,
happier,more sensitive and aware..

ON RELATIONSHIPS.............

Published by ခေါင်ခေါင် under on Monday, July 21, 2008
Relationships_of all kinds _are like sand held in your hand.Held loosely , with an open hand, the sand remains where it is.The minute you close your hand and squeeze tightly to hold on,the sand trickles through your fingers. You may hold on to some of it, but most will be spilled.A relationship is like that.Held loosely,with respect and freedom for the other, it is likely to remain intact. But hold too tightly,too possessively and the relationship slips away and is lost.

AFTER A WHILE,,,,,,,,,,,,,,,,,,,,

Published by ခေါင်ခေါင် under on Monday, July 21, 2008
After a while you learn the subtle differeence between
holding a hand and chaining a soul,
And you learn that love doesn't mean leaning and
company doesn't mean security
And you begin to learn that kisses aren't contracts
and presents aren't promises,
And you begin to accept your defeats with your head
up and your eyes open, with the grace of an adult,
not the grief of a child ,
And you learn to build all your roads on today
because tomorrow's ground is too uncertain for plans
After a while you learn that even sunshine burns if
you get too much.
So plant your own garden and decorate your own soul,
instand of waiting for someone to bring you flowers.
And you learn that you really can endure,,,,,,,,,,
that you really are strong,,,,,,
and you really do have worth,,,,,
And you learn and you learn,,,,,,,,,
with every good-bye you learn,,,,,,,

မင်းနဲ့အနာဂတ်

Published by ခေါင်ခေါင် under on Sunday, July 20, 2008
ငါမှာ ချစ်ခြင်းပြတိုက် တစ်ခုရှိတယ်
မင်းမှာ ရင်တွင်းနန်းတော်တစ်ခု ရှိဖို့လိုတယ်
အနာဂါတ်မှာ
နေဆယ်စင်းကို ကောင်းကင်မှာ ချိတ်ဆွဲထားပါစေ
စမ်းရေအေးလဲ တစ်ထောင်းထောင်း ထပွက်နေပါစေ
ခြောက်သွေ့ရှုံ့တွနေတဲ့ နေလောင် တစ်သီးတစ်ချို့နဲ့
ပေါင်မုန့်ခြောက် အနည်းငယ်ပဲ ရှိပါစေ
ပါးလျတဲ့ လေထုကြောင့် ၀င်သက်ထွက်သက်
မညီမျှခြင်းများ ဖြစ်နေပါစေ
မင်းနဲ့ အတူတူဆိုတဲ့ အနာဂတ်ကို အရင်းတည်ပြီး
မွန်မြတ်သန့်ရှင်းတဲ့ အချစ်ရဲ့ တိုက်စားခြင်းကို ခံချင်တယ်
(သံသရာရဲ့ အဆုံးမရှိ မျဉ်းကွေးပေါ်မှာ
မင်းလက်ကိုတွဲ မတ်မတ်ရပ်ရင်းနဲ့ပေါ့……..)

Epiphyllum

Published by ခေါင်ခေါင် under on Sunday, July 20, 2008
Epiphyllum ပန်းက တစ်သက်မှာ တစ်ခါပဲပွင့်ပြီး ပန်းပွင့်ချိန် ၄. ၅ နာရီသာ ကြာမြင့်တဲ့ ပန်းမျိုးဖြစ်တယ်။ တစ်သက်မှာတစ်ခါ ဖူးပွင့်ရတဲ့ တိုတောင်းချိန်ကို သူဂရုမစိုက်ခဲ့ဘူး။ ဖူးပွင့်ရဲတဲ့ အစွမ်းသတ္တိကိုပဲ သူထုတ်ပြခဲ့တယ်။

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။


ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။

ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။

ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။

ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။

ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။

ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။



သူငယ်ချင်း ဒီပါ ပေးထားတာလေးကို မျှဝေခံစားတာပါ ...


လေပြေ ...

Published by ခေါင်ခေါင် under on Sunday, July 20, 2008
လေပြေဆိုတာ
ခရေတွေကို ဝေစေသလို
ကြယ်တွေကိုလည်း
ကြွေစေတာပဲ

ငါ့လိုအပေအတေတစ်ယောက်က
မင်းကိုမြတ်နိုးမိတာ
ငါ့အိပ်မက်တွေ
သက်ဆိုးရှည်ကုန်ပြီ

အခြေအနေတွေခြားနားပြီး
ရေမြေတွေတားထားပေမယ့်
အချိန်တန်ရင်တော့
မင်းရဲ့ဘေးမှာ
လေပြေလိုသွားနားချင်တယ်...

ငါ့ဝဋ်ကြွေးတွေ
ကျေစေမယ့်နေ့ကို
သယ်ယူလာပါတော့
လေပြေရယ်....

အလွမ်းညနေ

Published by ခေါင်ခေါင် under on Sunday, July 20, 2008
ခါတိုင်းလိုဘဲ
အလွမ်းတွေ အပြည့်နဲ့ပြန်လာခဲ့တယ်
မြို့ပြရဲ့ညနေမှာအလွမ်းတွေပြန်သန်းသွားဖို့
ထွက်ပေါက်မရှိခဲ့ဘူး
ဘာဘဲဖြစ်ဖြစ်
မြူတွေပျောက်သွားခဲ့ရင်တော့
ကောင်းကင်ပြာတွေ့ရမယ်ဆိုတဲ့
မျှော်လင့်ချက်နဲ့ အသက်ရှင်နေတဲ့သူ
လက်တစ်ခုပ်စာ အိမ်မက်လေးနဲ့
ရွှေရောင်အနာဂတ်ကိုမှ မျှော်လင့်နေတဲ့သူ
အနီရင့်ရင့်နှလုံးသားထဲမှာ
အပြာရောင်နေဲ့ များစွာရှင်သန်နေတဲ့သူ
အဆုံးမဲ့ ချစ်ခြင်းတွေအတွက်
နောင်တလုံးဝမရတဲ့သူ
သစ္စာနယ်မြေကထွက်ပြေးဖို့
ဘယ်တော့မှ မကြံစည်တတ်သူ
အဲဒီ....ငါ့ရဲ့....ရင်ဘတ်ထဲက
မင်းထင်တာထက် အဆများစွာပိုတဲ့
အချစ်တွေကို
မင်းနားလည်အောင်ပြောပြချင်ပေမယ့်
ဒီနေ့လည်း......
အလွမ်းတွေ အပြည့်နဲ့ပြန်လာခဲ့တယ်.....

တေမိမိုး

Published by ခေါင်ခေါင် under on Sunday, July 20, 2008
ိငိုလို့မရတော့တဲ့ လူတစ်ယောက်ရဲ့ ရင်ထဲမှာ
ဝမ်းနဲစရာတွေ ကုန်ခမ်းသွားပြီလို့
မင်းထင်ရက်သလား
ငါသာကောင်းကင်ကြီးဖြစ်ခဲ့ရင်
မိုးရေစက်တွေလို ရွာချလိုက်ချင်ရဲ့

ကြည့်စမ်းပါ......
မင်းကိုဆုံးရှုံးတော့မယ်ဆိုတဲ့ အသိက
ရင်မချိအောင် ခံစားရပုံများ
ဘာစကားမှပြော မထွက်တော့ဘူး....

သစ်ရွက်တစ်ရွက်ဖြစ်ခဲ့ရင်ကြွေပြလိုက်ချင်ပါတယ်
အိပ်မက်ထဲမှာတွေဖို့ မပြောနဲ့
အိပ်ပျော်ဖို့တောင် မနဲကြိုးစားနေရတဲ့
ငါ့ရဲ့ညတွေက...
မင်းအတွက်တော့ အမြဲတမ်း နိုးထနေခဲ့ပါတယ်..

မင်းကိုနှုတ်ဆက်ဖ်ု့ ငါ့လက်တွေ ထုံကျင်နေသလို
မင်းကျောပြင်ကို ငေးကြည့်ကျန်ခဲ့ဖ်ု့
ငါ့မျက်လုံးတွေေ၀၀ါးနေခဲ့တယ်....
(မျက်ရည်တွေ မဟုတ်ပါစေနဲ့)

ဘာမှမပြောပဲ ခံစားနေရသူချင်း အတူတူ
ကောင်းကင်ကြီးကမှ.....
ရွာချခွင့် ရှိပါသေးတယ်........
 

Lipsum

Followers